မော်လမြိုင်၊ မေ ၁၃

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို Mon State Parliament Page မှာ တိုက်ရိုက် (Live) လွှင့်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ Mon State Parliament Page မှာ Live လွှင့်ပေးမယ်။ Live လွှင့်တဲ့အဖွဲ့ကိုတော့ ကျွန်တော်တို့ ညှိနှိုင်းထားပြီးပြီး သူတို့ရဲ့အကူအညီ နည်းပညာနဲ့ သူတို့ တတ်နုင်သလောက်ပံ့ပိုးပေးသွားမယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မီဒီယာတွေအနေဖြင့် ပြီးခဲ့သည်လွှတ်တော်အစည်းအဝေးတွင် Open type ပေးထားခဲ့ပြီး လက်ရှိကျင်းပမည့်(၁၆)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးခန်းထဲတွင် သတင်းလာရောက်ရယူခွင့်ပြုထားသော်လည်း ဗွီဒီယိုရိုက်ခွင့်၊ ဓာတ်ပုံရိုက်ခွင့်ကို ကန့်သတ်ထားကြောင်း ၎င်းက ဆိုသည်။

“ဒါပေမယ့် live လွှင့်ပေးမယ်။ အဲဒီ live ကနေ သတင်းဌာနတိုင်းက ရယူချင်တယ်ဆိုရင်လည်း ပေးတယ်။ ဓာတ်ပုံလည်း ဒီလိုပဲ ကင်မရာနဲ့ရိုက်ထားပေးမယ်။ လိုချင်တဲ့ ဘယ်မီဒီယာမဆို ပြန် share ပေးမယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ထပ်လောင်းပြောကြားသည်။

ထို့ပြင် သတင်းမီဒီယာများအနေဖြင့် လွှတ်တော်အစည်းအဝေးကျင်းပပြီးလျှင် မိမိကြိုက်နှစ်သက်သည့် ကိုယ်စားလှယ်နှင့် ဝန်ကြီးများကို အင်တာဗျူမည်ဆိုပါက Media Conner သတ်မှတ်ပေးထားမည်ဖြစ်ပြီး အဆိုပါသတ်မှတ်ထားသောနေရာတွင် အင်တာဗျူရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဥပဒေအရ မေးခွန်း (၁၀) ခုမေးပိုင်ခွင့်ရှိသော်လည်း Covid-19 ကမ္ဘာ့ကပ်ရောဂါကာလမှာ မေးခွန်းများကို ‌‌ေလျာ့ပေးရန် မေတ္တာရပ်ခံထားသည့်အပြင် တက်ရောက်လေ့လာသူများကိုလည်း ကန့်သတ်ထားကြောင်း ၎င်းက ဆိုသည်။

လွှတ်တော် အစည်းဝေးကျင်းပရန်အတွက် COVID-19 ရောဂါကာကွယ်သည့်အနေဖြင့် လွှတ်တော်ခန်းမတွင် ခုံများကို ပိုးသတ်ဆေးသုတ်ခြင်း၊ လွှတ်တော်အစည်းဝေး ထိုင်ခုံများကို တစ်လုံးနှင့်တစ်လုံး(၆)ပေအကွာ ထားရှိခြင်းများကို ဆောင်ရွက်ထားသည်။

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိိမ်မြောက်ပုံမှန်အစည်းအဝးကို မေလ ၂၁ ရက်တွင် ကျင်းပသွားရန် စီစဉ်ထားသည်။

ရွှေရိုး

Photo Naung Aung Naing

Leave a Reply