Photo – BBC

မော်လမြိုင် ၊ မတ် ၁၀ ။ ။ ဒုတိယ သမ္မတလောင်းများအဖြစ် ဦးထင်ကျော် နှင့် ဦးဟင်နရီ ဗန်ထီးယူ တို့ ကို မတ်လ ၁၀ရက်နေ့ တွင်ပြု လုပ်သော လွှတ်တော် အစည်းအဝေး များတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ က တင်သွင်း လိုက်သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ်များက ဦးထင်ကျော် ကို ဒုတိယ သမ္မတ လောင်းအဖြစ်တင် သွင်းခဲ့ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ က ဦးဟင်နရီ ဗန်ထီးယူ ကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ လွှတ်တော် ကိုယ်စားလှယ်များ က လည်း ပြည်သူ့ လွှတ်တော် တွင် ဒေါက်တာစိုင်းမောက်ခမ်း ကို ဒုတိယ သမ္မတ လောင်းအဖြစ်တင် သွင်းခဲ့ပြီး အမျိုးသားလွှတ်တော် တွင် မှု ဦးခင်အောင်မြင့် ကိုတင်သွင်းခဲ့သည်။

htinkyaw103အဆိုပါ ဒုတိယ သမ္မတ လောင်းများကို နိုင်ငံတော် သမ္မတအတွက် သတ်မှတ်ထားသော အရည်အချင်း ပြည့်စုံခြင်းရှိမရှိ စီစစ်နိ်ုင်ရန် စီစစ်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဘမျိုးသိန်းတို့ ကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌများက ပြောကြားသည်။

သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော ရွေးကောက်ခံ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ် များ အစုအဖွဲ့ အစည်းဝေး ဒုတိယနေ့ကို မတ်လ ၁၁ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။
ဦးထင်ကျော် သည် NLD ပါတီ အသိုင်းအဝိုင်းတွင် နိုင်ငံတော် သမ္မတ အဖြစ် တင်မြောက် ခြင်း ခံရမည် ဖြစ် ကြောင်း သတင်း ထွက် ပေါ်နေသူဖြစ် သည်။

ဦးထင်ကျော် သည် အမျိုးသားစာရေးဆရာ ကြီး မင်းသုဝဏ် ၏ သားဖြစ် ပြီး NLD ပါတီ ခေါင်းဆောင် ဦးလွင် ၏ သမီး ဒေါ်စုစုလွင်နှင့် လက်ထပ်ထားသူ ဖြစ်သည်။

Leave a Reply