ဒေဝါသိကြား မစပါ

 

ဆရာချွန်

ကြက်ဆူတောသားများကား ရှေးဘေးလောင်းတော် ဘိုးလောင်းတော်များလက်ထက်ကပင်
တစ်ခုခုကို လုပ်ကြကိုင်ကြတော့မည်ဟေ့ဆိုလျှင် ကြီးကြီးမားမားကြုံးဝါးပြီး
ခန့်ခန့်ညားညား လုပ်တတ် ကိုင်တတ်သူများဖြစ် ချေတော့သည်။

ရှေးယခင်က ကြက်ဆူတော၏ လျော့ရဲနိမ့်ကျနေသော ယိုယွင်းလာသည့်
အားကစားလောကကို ပြန် လည်ထူမတ်ရန်အတွက်ဆောင်ပုဒ်တစ်ခုထုတ်၍ ကြုံးဝါးကာ
ဝင်ရောက်ယှဉ်ပြိုင်စေ၏။

ဟုတ်ကဲ့ ၊အားကစား လောကပြန်လည်ဖွံ့ဖြိုးမလာခဲ့ပါ။

အထူးသဖြင့် အရင်က ကိုယ်ထင်သလိုခြယ်လှယ်နိုင်ခဲ့သော ဘောလုံးအားက စား
ချီးကျူးမခံနိုင်လောက်အောင် အခြေအနေဆိုးခဲ့ပါသည်ခင်ဗျာ။

အခြားအားကစားများသည်လည်း ထူးမခြား နားပင်ဖြစ်ပါသတည်း။ ဟုတ်ကဲ့ ဆောင်ပုဒ်က
ကြက်ဆူတောအားကစား ဇမ္ဗူဒိပ်ကျွန်းကိုလွှမ်းရမည်ဟူ၏။

ထို့အတူ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတက်သော
နိုင်ငံတော်ကြီးအားတည်ဆောက်အံ့ ဟူသော ဆောင် ပုဒ်ဖြင့် ကြက်ဆူတော၏
အနာဂတ်ပိုင်ရှင်ကလေးများကို မွေးထုတ်၏။ ယေနေ့ထိကား ကြက်ဆူတောသည် လည်း
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်မှာ ဆင်းရဲမွဲတေမှုများ ၊ထူပြောလာသော
ရာဇဝတ်မှုများနှင့် နိမ့်ကျလာ သော လူတို့၏အကျင့်စာရိတ္တများဖြင့်
အာဖရိကတောသားများနောက် မိုင်အတော်ဝေးဝေးတွင်ကျန်နေရှာခဲ့ပေတော့သည်။

ထို့အတူပေါင်းများစွာဖြင့် ဆောင်ပုဒ်နှင့်လက်တွေ့ဘဝ
တစ်ထပ်တည်းမကျလေသောအခါ ကြက်ဆူ တောသားများ၏ မခိုင်မြဲသော သာသည့်ဘက်ကို
ခုန်ကူးတတ်သည့်စိတ်ဓာတ်များ ယိုင်နွဲ့လာတော့၏။ ထိုအခြေ
အနေပေါင်းများစွာကို ဖြေရှင်းရန် ကြက်ဆူတောပဏ္ဍိတတစ်စု၏
လေပြင်းမုန်တိုင်းတိုက်ခတ်ရာ Google လက် ဖက်ရည်ဆိုင်သို့
စုရုံးရောက်ရှိလာကြကာ ဆိုင်တွင်းရှိစားသောက်နေကြသူများအား
နားဆင်းရဲစေရန်အလို့ငှာ ကိုယ့်စားရိတ်ကိုယ်ခံ အလုပ်ရုံဆွေးနွေးပွဲ
ကျင်းပကြချေတော့၏။

ပထမဆုံး ကြက်ဆူတောရွာ၏ အငယ်ဆုံးပညာရှင်ကလေး စတုသစ္စ မောင်လွမ်းမိုးလေးက
စတင်၍ ဆွေးနွေးလေတော့၏။

” ကိုယ်တို့ကြက်ဆူတောလဲ ခက်ရချေသေးရဲ့ နောက်လာတဲ့မောင်ရှင်
အရင်လူထက်ဆိုး ဆိုသလိုဖြစ် နေပြီ။ အရင်ကိုယ်ကျိုးရှာတဲ့
ပွင့်လင်းမှုမရှိကြတဲ့သူတွေကို တို့တွေစိတ်ကုန်လာလို့
တို့လက်သန်းလေးတွေမင် စွန်းခံပြီး လူသစ်ကို
တို့များဆန္ဒနဲ့အညီရွေးချယ်ခဲ့ကြပေမယ့် ဗန်းမော်ဆရာတော်ရဲ့
ကြက်ကုပ်ကလေးဇာတ် လမ်းလိုကိုဖြစ်နေပြီ ဟုတ်နိုး ဟုတ်နိုးနဲ့
နောက်ဆုံးတော့ ဆင့်အမြီးတွေးမျှော်ဆိုသလိုပါပဲလားကွယ်တို့”

ထိုအခါ မောင်လွမ်းမိုးကလေး၏စကားကို မီဒီယာသမားတို့၏ ဘိုးအေအမည်ခံ
မင်းဗညားထွေးက ဤ သို့ ဆက်လက်ဆွေးနွေးလေတော့၏။

” အေးဗျာ စိတ်ပျက်ဖို့ကောင်းပါရဲ့ စတုသစ္စဂုရုကြီးရေ။ ဟိုဟာလုပ်မယ်
ဒီဟာလုပ်မယ်နဲ့ လုပ်လိုက် တိုင်းလည်းတလွဲတချော်ဆိုသလိုဖြစ်နေရဲ့ ဒီအစီစဉ်က
ဟိုအစီစဉ်ထက်ကောင်းပါတယ်ဆိုပြီး ထတော့လုပ်လိုက် တာပဲ ဒါပေမယ့်
ထပ်လုပ်တဲ့အစီစဉ်သစ်က ပိုကောင်းမလာပဲ ပိုပိုညံ့လာတော့
နဂိုရ်လုပ်နေတဲ့အစီစဉ်နဲ့ယှဉ် လိုက်ရင် အဆင့်မမီတော့လို့
ပိုပိုပြီးစိတ်ပျက်လာရပြီ”

မီဒီယာဘိုးအေလေး၏စကားကို ဆလိုင်းဂျစ်သိုးကလည်း ဆက်လက်၍ ဆွေးနွေးပြန်လေသည်။

” ဟုတ်တယ်ဗျာ အရင်လူတွေမကောင်းလို့ ပြောင်းလဲချင်စိတ်တွေနဲ့
ကိုယ့်လူတွေကိုယ်ရွေးချယ်ကြည့် ကြတယ်၊ လူကတော့ ပြောင်းသွားပါရဲ့
အရင်ကထက်ပိုဆိုးလိုက်တာလည်း လက်ဖျားခါလောက်အောင်ပါပဲ၊ ဒီ
ကြားထဲဖြစ်လိုက်တဲ့ရာဇဝတ်မှု နှစ်ဆယ်ရာစုမြေခွေးကုမ္ပဏီက တင်ဆက်နေတဲ့
နိုင်ငံခြားရုပ်ရှင်ကားကို ကြည့် နေရသလိုပဲ အသည်းတထိတ်ထိတ်
ရင်တဖိုဖိုနဲ့ပဲ နေ့စဉ် ဂါထာမန္တရား မပြတ်တမ်းသာရွတ်ဖတ်နေရပြီလေ”

လူမှုရေးဆလိုင်းဂျစ်သိုး၏စကားအဆုံးတွင် လွှတ်ကြီး၏တပည့်လူရဲက
လည်းအားကျမခံ ဝင်ရောက် ဆွေးနွေးပြန်လေသည်။

” ဟုတ်သဗျား အဂတိတွေတိုက်ဖျက်မယ်ပြောတော့ ပြောတာပဲ လုပ်တော့လည်းလုပ်တာပဲ
ခုဟာက သူခိုး တော့ဖမ်းမယ်လို့ပြောနေတာပဲ ဒါပေမယ့်ဖမ်းမယ့်ဖမ်းတော့လည်း
ဘိန်းစား ဂျပိုးသာသာ သူခိုးတွေပဲဖမ်းနေတော့ မျက်နှာကြီးသူခိုးတွေကတော့
ဇိမ်ယစ်ပြီး လုပ်မြဲ နေမြဲ မြဲခြင်းတရားတွေနဲ့
ကြီးပွားသထက်ကြီးပွားနေကြပြီး ရုံး ဌာတွေကို ကြည့်လိုက်ပြန်ရင်လည်း
ကြိုးနီစနစ်က ခုချိန်ထိ အသက်ဝင်နေတုန်းပဲ ခဏလေးနဲ့ ပြတ်ရမယ့်ကိစ္စ တစ်
လလောက်ကို အချိန်ယူနေရတာကိုက ဂိုက်မကျပေဘူး ”

ထိုအချိန်တွင် တစ်ချိန်လုံးထောင့်တထောင့်တွင် ရိုးရာဖက်ဖြူလိပ်ဖြစ်သည့်
ဒေါ်တင်နုကွမ်းသီးဖက် ဆေးလိပ်နှင့် ဇိမ်ကျနေသော ဆရာချွန်ကား
မျက်လုံးလေးစင်းကာ လက်ဖက်ရည်ကို ဖက်ဖြူလိပ်နှင့်မှိန်းနေ၏။

ဆေးလိပ်ကလေးဖွာလိုက် လက်ဖက်ရည်ကလေး တစ်ကြိုက်မော့လိုက်နှင့်
သိကြားမင်းစည်းစိမ်ကိုခံစားနေလေ ၏။ ထို့ကြောင့် အခြားပဏ္ဍိတများက
ဆရာချွန်အားဝိုင်းဝန်း အပင့်အထောင်များဖြင့် စကားဝိုင်းထဲသို့ ဝင်လာ
စေရန် တိုက်တွန်းကြလေ၏။

” ပဏ္ဍိချွန်တို့ငြိမ့်နေလိုက်ပုံများ ကြက်ဆူတောအရေးကိစ္စမှန်သမျှ
သူနဲ့လုံးဝမဆိုင်သလိုပဲ။ နောက်ပြီး ကြက်ဆူတောအရေးကိစ္စမှန်သမျှဟာ
သူခုသောက်နေတဲ့ ဒေါ်တင်နုဖက်ဖြူလိပ်တို့ လက်ဖက်ရည်တို့လောက်မှ
အရေးမပါသလိုကိုဖြစ်နေတော့တာပဲ ငြိမ့်နေလိုက်ပုံများ သိကြားမင်း
အိချောပိုနဲ့ အိမ်ထောင်ကျနေသလိုပဲ”

ထိုစကားများကြောင့် ငြိမ်နေသော ဆရာချွန်ခေါင်းထောင်လာ၏။ သောက်လက်စ
လက်ဖက်ရည်ကို အ ပြီးသတ်မော့ချလိုက်သကဲ့သို့ ဘေးတွင်ငှဲ့ထားသော
ရေနွေးကြမ်းကိုလည်း ဂွပ်ကနဲသောက်ချလိုက်သည့်နည်း တူ ဖက်ဖြူလိပ်ကိုလည်း
မီးရဲနေအောင်ဖွာလိုက်ရင်း စကားဝိုင်းအတွင်းသို့ ဝင်လာတော့၏။

” ကိုယ်က ဘာတွေဆွေးနွေးစရာလိုတော့လိုလဲ။ မောင်ရင်တို့ရဲ့
ဆွေးနွေးချက်မှာ အဖြေတွေက ပါပြီး သားပဲလေ။ ဒါပေမယ့် မောင်ရင်တို့က
ပြောဖို့သာသိနေတဲ့သဘောပဲရှိတာ။ မောင်ရင်တို့ပြောသွားဆိုသွားတဲ့အ ထဲမှာ
အဖြေပါ ပါတာတော့ သိပ်မစဉ်းစားတော့ မသိကြဘူးဆိုတဲ့အခြေအနေကိုး။
ဒီတော့ပြောရတော့မှာပေါ့ စတုသစ္စကြီးပြောတဲ့ ကြက်ကုပ်ကလေးကစကြပါစို့
ဟုတ်တယ်လေ ကြက်ကုပ်ကလေးဖြစ်မှာမှာပေါ့။ ဘုမသိ ဘမသိနဲ့
ကိုယ့်ကိုနှိပ်စက်မယ့်ချည်နှောင်မယ့်သံကြိုးကို မောင်ရင်တို့
ကိုယ်တို့သဘောဆန္ဒမပါဘဲ စနစ်တကျပြဋ္ဌာန်းခံ ရပြီးတဲ့နောက် နောက်တက်တဲ့သူကြီး
ဘာများလုပ်နိုင်ဦးမှာလဲ။ နောက်ပြီးသူ့ခမျာ အာဏာကိုခွဲဝေသုံးစွဲနေပြီး
အဓိကကျတဲ့ အာဏာမျိုးကျတော့ သူ့မှာမရှိလေတော့ သူလည်းစူပါမင်းမဟုတ်ဘူးလေ။
လုပ်တဲ့ကိုင်တဲ့နေရာ မှာတလွဲတချော်ဖြစ်တယ်။ လွဲချော်တဲ့ကိစ္စနည်းနည်းမှာ
များများကြီးလွဲချော်နေပါကြောင်းအော်တိုဆိုက်ဝါးနဲ့ ရိုက်စားဂွင်ဆင်နေတာ
မောင်ရင်တို့ မမြင်ကြလေဘူးနော်။ နောက်တစ်ခုက
ရာဇဝတ်မှုတွေကိစ္စပြန်ကြည့်လိုက် အရင်သူကြီး စိတ်ထားကောင်းကောင်း
အကွက်ကျကျဖန်တီးခဲ့တဲ့ကိစ္စ၊ လက်ရှိသူကြီးက အရေးယူဖို့တွန်း ပေး နေပေမယ့်
မသိချင်ယောင်ဆောင် နားမကြားချင်ယောင်ဆောင်ကြ။ ပြည်သူက
လူမှုကွန်ရက်တွေပေါ်တက်ဖြဲ မှ ဘာလုပ်လိုက်ပါပြီ ညာလုပ်လိုက်ပါပြီ
အကြောင်းပြန်တဲ့အခြေအနေ၊ ကဲ မခက်လား။ နောက်ပြီးရှိသေးတယ် အဲဒါက စင်ကာပူကို
ဘယ်လိုကျော်မလဲဆိုတာ။ စင်ကာပူက ကိုယ်တို့ထက်တိုင်းပြည်ငယ်တယ်။ စည်းကမ်းကို
သူ့ လူတွေအကုန်လိုက်နာတယ်။ နောက်ပြီး သဘာဝသယံဇာတအရင်းမြစ်တွေမရှိပေမယ့်
အဆင့်မြင့်ပညာတွေသင် ပေးနိုင်တဲ့အတွက်၊ အဆင့်မီတဲ့ ပညာတတ်တွေ
မွေးထုတ်ပေးနိုင်တော့ သူတို့တိုးတက်တာမဆန်းဘူးလေ။ ကိုယ်တို့ရွာသားတွေက
အသိတရားရှိဖို့ကို ဘေးချိတ်လို့ အမှိုက်မပစ်ရစာတန်းဆွဲထားတဲ့နေရာ
အမှိုက်ကို တောင်လိုပုံလို့။

ဆေးလိပ်ကွမ်းယာကင်းမဲ့ဇုန်က
သွေးချောင်းစီးသလို ကွမ်းတံတွေးထွေး၊ ဆေးလိပ်မီးခိုးမိုးမွှန် အောင်သောက်၊
ဒီလောက်စာတန်းချိတ်ထားလျက်သားနဲ့ ခုလောက်အသိမဲ့တဲ့ရွာသားတွေ၊
ပါးစပ်ပါတာကို အ ကျိုးမဲ့ဝေဖန်ဖို့နဲ့ အစာစားဖို့လောက်သာ သုံးတတ်ကြသူတွေ၊
နောက်ပြီးလူမျိုးရေးကိစ္စတွေကလည်း အရင်က တည်းက ခပ်တည်တည်နဲ့သွင်းထားပြီး
ခုသူကြီးလက်ထက်ကျမှ လူကျွံဘောဖမ်းကစားတာခံလိုက်ရတဲ့ ဘော လုံးပွဲလိုပဲ။
ခုကျမှ ဘာနဲ့စည်းရိုးထိုးမယ် ညာနဲ့စည်းရိုးထိုးမယ် တစ်လက်မမှ
အကျူးမခံဘူးထအော်။ပြီးတော့ အမှန်တရားတွက်မဟုတ်ဘဲ ငွေကြေးအတွက်ပဲဆိုတဲ့ရွာ
အသိတရားနဲ့ စာရိတ္တအဖျက်ခံထားရတဲ့ ဦးနင်းပဲ့ ထောင်ရွာကို
မိုးပေါ်ကသိကြားမင်း လူ ယောင်ဖန်ဆင်းပြီး ဦးဆောင်မှုပေးခဲ့ရင်တောင်
စိတ်ညစ်ပြီး နတ်သက် ကြွေသွားဖို့ပဲရှိတယ်။ တိုးတက်လာဖို့မရှိ ဘူး ဒီတော့
ကိုယ့်ရွာတိုးတက်စေချင်ရင် ကိုယ်တွေ အရာရာကိုတွေ့ သမျှမြင်သမျှ
ဝေဖန်တာထက် အများကြီး သင်ယူလေ့လာဖို့ လိုဦးမယ်လို့ သဘောပေါက်ကြပါ
အဲလိုမှမဟုတ် ရင် ကိုယ်တို့ရွာဟာ သိကြားငိုရွာဖြစ်သွား လိမ့်မယ်”

သူ့စကားဆုံးသည်နှင့် ဆရာချွန်သည် Google တီးဟောက်စ်မှ
စောင်းငန်းစောင်းငန်းဖြင့်ထွက်ခွာသွားလေတော့၏။

ဆရာချွန်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.