ဒေသဖွံ့ဖြိုးရေး စီမံကိန်း ရေးဆွဲရေး ဆွေးနွေးမည်

ချောင်းဆုံ ဇန်နဝါရီ

မြို့နယ်အဆင့် ဒေသဖွံ့ဖြိုး ရေး စီမံကိန်းလုပ်ငန်းများ ရေးဆွဲရန် ချောင်းဆုံ ကျွန်းသာယာ ခန်းမတွင် ယခုလ ၁၄ နှင့် ၁၅ ရက်တို့၌ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရန်ရှိကြောင်း သိရသည်။

“ချောင်းဆုံမြို့နယ်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ UNDP က ၁၂၄၀၀၀ ဒေါ်လာ လျာထားဘတ် ဂျက်ရှိပါတယ် ။ အလုပ်ရုံဆွေးနွေးပွဲမှာတက်ရောက်ဆွေးနွေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ဌာနဆိုင်ရာ ၃၀ ဦး ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆ ဦး ၊အမျိုးသမီး ၁၀ အိမ်စုမှူး ၃၆ ဦး၊ မြို့မိမြို့ဖ ၃ ဦးကိုဖိတ်ကြားထားပြီးဖြစ်ပါ တယ်”ဟုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကျော် ကဆိုသည်။

ဆွေးနွေးပွဲတွင် ပညာရေး ၊ ကျန်းမာရေး ၊ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊ ကျေးလက် ၊ လမ်း ၊ စည်ပင် ၊ လျှပ်စစ် ဦးစီးဌာနများကကဏ္ဍအလိုက်တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

အဆိုပါဆွေးနွေးပွဲအပြင် ရှေ့လ ဖေဖေါ်ဝါရီတွင် ဒုတိယအကြိမ်၊ မတ်လတွင်တတိယအကြိမ် ဆက် လက်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မြို့နယ်အတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့မှ ကိုယ်စားလှယ်များကို အဆိုပါအခမ်းအနားသို့တက်ရောက်ရန် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် ကညှော်ကျေးရွာ လူထု အကျိုးပြုခန်းမ၌ ရွေးချယ်ခဲ့ကြောင်း OXF AM ရုံးတာဝန်ခံ ဦးနန္ဒာဝင်းက ဆိုသည်။

“မြို့နယ်ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲရာမှာ အစိုးရ ၊ ဌာနဆိုင်ရာ ၊ ကျေးရွာအဖွဲ့အစည်း နဲ့ အရပ်ဖက်လူမှုအဖွဲ့ အစည်းတွေလည်းပါဝင်မှာဖြစ်တယ်။ ပွင့်လင်းမြင်သာဖို့ ၊ ပြည်သူ့အသံပါဝင်ဖို့၊ ဒေသအတွက်အမှန်တကယ် အကျိုးရှိမဲ့လုပ်ငန်းတွေရွေးချယ်နိုင်ဖို့ အလုပ်ရုံဆွေးနွေးပွဲတွေကျင်းပရခြင်းဖြစ်တယ်”ဟု ဦးနန္ဒာဝင်းက ပြောသည်။

မြို့နယ်တွင် အရပ်ဘက်လူမှုအဖွဲ့အစည်းအနေဖြင့် မွန်စာပေ ၊ ကရင်စာပေ၊ လူငယ်အားမာန်၊ ပန်းပျိုးသောလက်၊ ဝိုင်အိုင်အိပ်ချ်အာ၊ ရွှေကျွန်းသာ၊ အမျိုးသမီးကွန်ယက်၊ နတ်မှော်လူငယ်၊ ချောင်းဆုံ စီအက်စ်အိုနက်ဝပ်၊ မသန်စွမ်းကွန်ယက် ၊ ပျိုးဥယျဉ် စုစုပေါင်း ၁၁ဖွဲ့ရှိကြောင်း ရွှေကျွန်းသာအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေကပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.