ယခင်အစိုးရ လက်ထက်မှ စတင်ကာ ဒေသအခြေပြု သတင်းမီဒီယာ များကို စတင်ထုတ်ဝေ ခွင့်ပြုလာခဲ့သည်။ ယခု အစိုးရ လက်ထက်တွင်ကား ပြည်နယ်နှင့် တိုင်းဒေသကြီးအခြေစိုက်သော ဒေသအခြေပြု မီဒီယာ များ ပိုမို များပြားလာသည်။

ထိုသို့ထုတ်ဝေ ခွင့် များ ရ ရှိလာ သော်လည်း တိုင်းရင်းသား မီဒီယာများ နှင့် ဒေသဆိုင်ရာ သတင်းမီဒီယာ များ ထုတ်ဝေ နိုင်သော်လည်း ခက်ခဲစွာ ရပ်တည်နေရ သေးသည်။

editor copy

ခက်ခဲစွာရပ်တည်နေရသည်ဟု ဆိုရခြင်း မှာ သတင်းရယူရန် အခက်အခဲ အချို့ရှိနေခြင်း ၊ သတင်း အရင်းမြစ်အချို့ မီဒီယာများ ကို လက်ခံ ဖြေကြားပေး ရန် အားနည်းနေခြင်း ၊နည်းပညာ ပိုင်းဆိုင်ရာ နှင့် ဈေးကွက်အရ ရပ်တည် ရန် ခက်ခဲ ခြင်း တို့ကို ဆို လိုခြင်း ဖြစ်သည်။

သတင်း ဂျာနယ် များ ၏ ဈေးကွက် အတွင်း တွင် ဒေသအခြေပြု မီဒီယာများမှ ထုတ် ဝေ သော အပတ်စဉ် ထုတ် သတင်းစာစောင်များသည် တစ်နိုင်ငံလုံး ဈေးကွက်ပေါက် ပြီးသား သတင်းစာ ၊ သတင်း ဂျာနယ် များ နှင့် ယှဉ်ပြိုင် ရခြင်း ကြောင့် လည်းဖြစ်သည်။

မြန်မာ နိုင်ငံ ၏ နိုင်ငံရေး စနစ် အရ ပြည်နယ် နှင့် တိုင်းဒေသကြီး အစိုးရ များ လည်း ရှိနေရာ ၊တစ်နိုင်လုံး ကို အုပ်ချုပ် ရသော အစိုးရများ ကို စောင့်ကြည့် ထိန်းကျောင်း ပေး နိုင် သည့် သတင်းမီဒီယာ များလို အပ်သလို သက်ဆိုင်ရာ ဒေသအလိုက် အစိုးရ နှင့် လွှတ်တော် ကို စောင့်ကြည့် ထိန်းကျောင်း ပြီး လူထု အသံကို တင်ပြ နိုင်မည့် ဒေသဆိုင်ရာ (Regional) သတင်း မီဒီယာ များလည်း လိုအပ်ပေသည်။

တစ်နိုင်ငံလုံး အုပ်ချုပ်ရသော အုပ်ချုပ် ရေးမဏ္ဍိုင် ၊ ဥပဒေပြုရေး မဏ္ဍိုင် ၊ တရား စီရင်ရေး မဏ္ဍိုင် တို့ ၏ လုပ်ဆောင်ချက် များကို ပြည်သူ လူထုက သိရှိသင့် သလို ဒေသတွင်း အုပ်ချုပ် ရေး၊ ဥပဒေပြုရေး၊ ၊ တရား စီရင်ရေး မဏ္ဍိုင်ကြီးသုံး ရပ်မည်သည့် လုပ်ငန်း များ လုပ်ကိုင်နေသည်ကို ဒေသတွင်း နေထိုင်သူ များ က သိရှိရန် လိုအပ်ပါသည်။

ယင်းတာဝန် ကို ဒေသ အလိုက် အခြေစိုက်သော သတင်းမီဒီယာများ က ပိုမိုလုပ်ဆောင်နိုင်ပါသည်။ ထို့ကြောင့် လက်ရှိကျင့် သုံးနေသော ဒီမိုကရေ စီ စနစ် အရ ဒေသဆိုင်ရာ မီဒီယာ များလည်းလိုအပ်ပါကြောင်း ဖော်ပြ လိုက် ရပါ သည်။

Leave a Reply