Advertisements

ထားဝယ်၊ မေ ၁၇

အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်တရားစွဲဆိုခံထားရ သည့် တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီး ချုပ်ဟောင်းဒေါက်တာ လဲ့လဲ့မော် နှင့် GGSကုမ္ပဏီမှတာဝန်ရှိသူ သုံးဦးတို့၏ ရုံးချိန်းတွင် စွပ်စွဲခံရသူရှေ့နေများ က တရားလိုဖြစ်သူ ဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူးကို မေးမြန်းများ ပြုလုပ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်ထံမှ သိရသည်။

တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ကို မေလ ၁၄ ရက်နေ့ နှင့် မေလ ၁၅ ရက်နေ့ ရုံးချိန်း နှစစ်ခု တွင် ရာဇသတ်ကြီးအမှုအမှတ်(၂/၂၀၁၉) နျင့် ရာဇဝတ်ကြီးအမှုအမှတ် (၁/၂၀၁၉)(၃/၂၀၁၉)နှင့်ပတ်သတ်၍ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ရာဇသတ်ကြီးအမှုအမှတ် (၂/၂၀၁၉)မှာ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလက ထားဝယ်လေယာဉ်ကွင်း ခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းကို တင်ဒါမခေါ်ယူဘဲ့ F-22 Sunny Construction ကုမ္ပဏီကိုလုပ်ကိုင်စေခဲ့ပြီး ခြုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းတစ်ခုတည်းကို ခွင့်ပြုငွေကျပ်သိန်း ၄၀၀၀ဖြင့် ဆောင်ရွက်ခဲ့သည်နှင့်ပတ်သက်၍ ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်တရားစွဲဆို ထားသောအမှုဖြစ်သည်။

ရာဇသတ်ကြီးအမှုအမှတ် (၁/၂၀၁၉)မှာ ဝန်ကြီးချုပ်သည်ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းများ၊ ပြည်ထောင်စုအစိုး ရအဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိဘဲ လမ်းဦးစီးဌာနသို့ တစ်လုံးတစ်ခဲတည်းငွေကျပ် ၁ ဒသမ ၉ ဘီလီယံခန့် ထုတ်ယူရန်အခွင့်အရေးပေးအပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ခန့်တွင် တိုင်းဒေသကြီး လမ်းဦးစီးဌာနမှညွှန်ကြားရေးမှူးအား သူမ၏ခင်ပွန်းဦးထွန်းမင်းက ဦးမြင့်ဟို အမည်ဖြင့် ဝယ်ယူထားသာ ထားဝယ်မြို့၊ ဆေးရုံလမ်း နှင့်ဂေါ်သဇင်လမ်းထောင့်ရှိ မြေကွက်နှစ်ကွက်ကို အုတ်ခြံစည်း ရိုးကာရံပေးရန်စေခိုင်းခဲ့ရာ ငွေကျပ်သိန်း (၁၄၀)ကျော်ကုန်ကျခဲ့ပြီး သူမအားစုံစမ်း စစ်ဆေးသည့်အခါမှ ယင်းငွေကိုပြန်လည်ပေးချေကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုဆိုသည့်အမှုဖြစ်ပြီး ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ဖြင့်တရားစွဲဆို ထားသောအမှုဖြစ်သည်။

ရာဇသတ်ကြီဒအမှုအမှတ်(၃/၂၀၁၉)မှာ ထားဝယ်ခရိုင် အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ် ရောင်းချခြင်း ဆိုင်ရာသဘောတူစာချုပ်ပါ စည်းကမ်းချက်များ အတိုင်းအကောင်အထည်ဖော်ရေး ကြီးကြပ်ရန် ပျက်ကွက် သဖြင့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကိုဖောက်ဖျက်ရာရောက်ကြောင်းနှင့် သဘာဝ ဓါတ်ငွေ့ဖိုးကျပ်သန်း ၈၀၀၀ကျော်ကိုပေးချေရနတာဝန်ရှိသည့်GGSကုမ္ပဏီဖက်မှ ပေးချေ ရန်ပျက် ကွက်နေကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ စိုက်ထုတ်ကျခံခဲ့ရသဖြင့် နိုင်ငံတော်ဘဏ္ဍာ ငွေများထိခိုက်နစ်နာဆုံးရှုံးမှုရှိကြောင်းစစ်ဆေးပေါ်ပေါက်ခြင်းကြောင့် အဆိုပါလုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သည့်ဝန်ကြီးချုပ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅နှင့်GGSကုမ္ပဏီမှ ဦးသိန်းထွေးနှင့်ဦးအောင်မြတ်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃အရ တရား စွဲဆိုထားသည့် အမှုဖြစ်သည်။

လာမည့်ရုံးချိန်တွင် စစ်ဆေးမည့် ရာဇဝတ်ကြီးအမှုအမှတ်(၄/၂၀၁၉)မှာ ဝန်ကြီးချုပ်မိသားစုပိုင်သည့် သရက်ချောင်း၊ မြို့မရပ်၊ မြိတ်-ထားဝယ်ကားလမ်း၊ အိမ်အမှတ် (၆)ရှိ နှစ်ထပ်နေအိမ်နှင့်မြေကို ကာ လတန်ဖိုးကျပ် ၃၂၀သိန်း ကျော်ခန့်သာ တန်းဖိုးရှိသော်လည်းကျပ်သိန်း ၂၀၀၀ဖြင့် GGSကုမ္ပဏီသို့ရောင်း ချခဲ့ခြင်း၊ ယင်းကုမ္ပဏီအား သရက်ချောင်းငါးလေလံဈေးတည်ဆောက်ခြင်း၊ ထားဝယ်ခရိုင်လျှပ်စစ် ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ထားဝယ်မြို့ခြင်းလုံးရုံတည်ဆောက်ခြင်း၊ ပုလောမြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ထားဝယ်နှင့်မြိတ်တွင်ခြောက်ခန်းတွဲလေးထပ်တန်ဖိုးနည်းအဌားအိမ်ရာ (၄)လုံးတည်ဆောက်ခြင်း၊ နေပြည်တော်တွင် တိုင်းဧည့်ရိပ်သာနှင့်ဝန်ထမ်းအိမ်ယာဆောက်လုပ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် အခွင့်အရေးပေးခဲ့ကြောင်းနှင့် ပတ် သက်သည့် အမှုဖြစ်သည်။

ယင်းအမှုတွင် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅နှင့်GGSကုမ္ပဏီမှ ဦးသိန်းထွေးနှင့်ဦးအောင်မြတ်၊ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃အရ တရားစွဲဆိုထားသည်။

Written by တင့်လွင်

Leave a Reply