The Daily Eleven သတင်းစာပါ ဖော်ပြချက်များနှင့် ပတ်သက်ပြီး Eleven Media Group ၏ အမှုဆောင် အရာရှိ ချုပ် ဒေါက်တာသန်းထွဋ်အောင်ကို ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားသည်။

phyo-min-thain-copy-copy

နိုဝင်ဘာလ ၆ ရက်နေ့ ထုတ် The Daily Eleven သတင်းစာပါ အယ်ဒီတာအာဘော်တွင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ နှင့် ပတ်သက်သည့် အကြောင်းအရာ အချို့ကို ထည့်သွင်းရေးသားခဲ့ခြင်းကြောင့် ယနေ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ ၌ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဒေါက်တာသန်းထွဋ်အောင်ကို တာမွေမြို့နယ်ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

Photo- ဟင်္သာမီဒီယာ

Leave a Reply