မော်လမြိုင်မြို့ဆိုင်ကယ်ဈေးကွက်အတွင်းထိုင်းနိုင်ငံမှ တင်သွင်းသောဆိုင်ကယ်များမှာဒေါ်လာဈေးကျဆင်းခြင်းနှင့်အတူဈေးနှုန်းများကျဆင်းလျက်ရှိကြောင်းမော်လမြိုင်မြို့အခြေစိုက် ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။

Motobrike

ဇွန်လဆန်းပိုင်းက Honda Wave 125 I တစ်စီးလျှင် ၂၁ သိန်း ၈ သောင်းကျပ် ရှိရာမှ ယခုအပတ်တွင် ၂၀ သိန်း ၇ သောင်းအထိဈေးကျဆင်းပြီး Honda Click ဆိုင်ကယ်များမှာလည်းတစ်စီးလျှင် ၂၀ သိန်း ၇ သောင်းကျပ်အထိဈေးကျဆင်းနေကြောင်းဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရသည်။

ထိုင်းနိုင်ငံမှ ဆိုင်ကယ်များကိုတင်သွားရာ၌ နယ်စပ်တွင် Custom Dutiesကြေးများပေးသွင်းရပြီးထိုသို့ပေးသွင်းချိန်တွင် ဒေါ်လာဈေးနှုန်းကျဆင်းသည့်အတွက် ဆိုင်ကယ်ဈေးများကျဆင်းလာခြင်းဖြစ်ကြောင်း Honda Royal Cycle’s Life ဆိုင်ကယ်ရောင်းဝယ်ရေးပိုင်ရှင် ဦးထင်ကျော်ကပြောသည်။

“နိုင်ငံခြားငွေကြေးဈေးနှုန်းတွေ ကျတော့ ဆိုင်ကယ်လည်းဈေးလိုက်ကျတယ်”ဟု ၎င်းကပြောဆိုသည်။
ထိုပြင် မိုးတွင်းရာသီကာလဖြစ်သောကြောင့် ဆိုင်ကယ်များမှာဈေးကွက်အတွင်းအဝယ်အေးနေသည့်အတွက် လည်းဆိုင်ကယ်ဈေးနှုန်းများကျဆင်းနေခြင်းဖြစ်ကြောင်းမော်လမြိုင်မြို့၊ မြိုင်ရတနာလေးထပ်ဈေးအနီးဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်သူဦးသက်ညီညီကရှင်းပြသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ ပြည်တွင်းသို့တင်သွင်းသောဆိုင်ကယ်များဈေးနှုန်းကျဆင်းလျက်ရှိပြီးမော်လမြိုင် ဈေးကွက်အတွင်းHonda Wave 125 I တစ်စီးလျှင် ၂၁ သိန်း ၈ သောင်းကျပ်၊ Honda Click 125 တစ်စီးလျှင် ၂၀ သိန်း ၇ သောင်းကျပ် နှင့် Honda CBR 2016 မော်ဒယ်လ်တစ်စီးလျှင် ၃၂ သိန်း ၈ သောင်းကျပ်ဝန်းကျင် ပေါက်ဈေးရှိသည်။

Leave a Reply