Advertisements

ထားဝယ် ဧပြီ ၅

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘုတ်ခ်ထက်တွင် အိတ်ဖွင့်ပေးစာ ရေးသားဖော်ပြ  စိန်ခေါ်သူ ထားဝယ်တက္ကသိုလ် ဘူမိဗေဒဌာန ကထိက ဒေါက်တာခိုင်ခိုင်သက်လွင်နှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ဒုတိယပါမောက္ခ(သင်တန်း) ဒေါက်တာချိုချိုမြင့်က ပြောကြားသည်။

“လက်ရှိလောလောဆယ်တော့ ပညာရေးဝန်ကြီးဌာနကို တွေ့ရှိချက်၊ မေးမြန်းချက်တွေ အကုန်လုံးကို သတင်းပို့ပေး ပြီးသွားပါပြီ၊ ကျန်တာတော့ လူကြီးပိုင်းက ညွန်ကြားချက် အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

Advertisements
data-language="en"

စုံစမ်းမေးမြန်းတွေ့ရှိချက်များကို ပညာရေးဝန်ကြီးဌာနသို့ သတင်းပို့သကဲ့သို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း အသိပေးထားပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

သူမမှာ ရန်ကုန်မြို့ ဗဟိုစည်ဆေးရုံမှ စိတ်ရောဂါကု ဆရာဝန်ကြီး ဒေါက်တာကိုကိုလေးထံ ကုသမှုခံယူနေသူဖြစ်သည်ဟု ကာယကံရှင်ကိုယ်တိုင်ထုတ်ဖော်ပြောဆိုချက်၊ ဆေးမှတ်တမ်းတို့အရ သိရကြောင်း၊ လက်ရှိအချိန်တွင် သူမ အခြေအနေမှာ ပုံမှန် အနေအထားမဟုတ်ဟု သုံးသပ်သိရှိရကြောင်း၎င်းက ဖြည့်စွက်ပြောသည်။

ဒေါက်တာခိုင်ခိုင်သက်လွင်က ၎င်း၏ ဖေ့စ်ဘုတ်ခ်စာမျက်နှာတွင် ဒေါ်စုကြည်တို့ အစိုးရကို ဖြုတ်ချနိုင်သောသူ ရှိမည်ဆိုပါက ဆင်းပေးမည်ဆိုသော စကားအတိုင်း နေရာမှ ဖယ်ပေးပါရန်ဟု အကြောင်းအရာဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အိတ်ဖွင့်ပေးစာဟူ၍ စာ(၄)မျက်နှာကျော် ရေးသားဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်မ၏  Ph.D ကျမ်းပြုဧရိယာဖြစ်သော မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ရှိ ကုလားမတောင်ထိပ်(ပေ၃၀၂၂)ပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်ကာ (တစ်ကမ္ဘာလုံးကိုထုတ်လွှင့်ကာ) “အမေး၊ အဖြေများ၊ပဟေဠိများ ၊ ခန္ဓာကိုယ်မှပုစ ္ဆာများကို ဖြေကြားခြင်း”တို့ကိုလုပ်၍ ယှဉ်ပြိုင်ချင်ကြောင်း၁.၄.၂၀၁၉ရက်နေ့တွင်စိန်ခေါ်လိုက်ပါသည်ဟု သူမက ရေးသားခဲ့သည်။

ဒေါက်တာခိုင်ခိုင်သက်လွင်မှာ သင်ကြားရေး တာဝန် ထမ်းဆောင်နေသူဖြစ်သည်ဟု သိရသည်။

တင့်လွင်

 

Leave a Reply