(ဓါတ်ပုံ အညွှန်း – ရန်ကုန်ဓါတ်ပုံပြပွဲအတွက် မော်လမြိုင်မြို့တွင် သင်တန်းပြုလုပ်နေသည်ကိုတွေ့ရစဉ် )

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ ။ ။ ဒေါ်အောင်ဆန်းစုကြည် ကြီးမှူးမည့် ရန်ကုန်ဓါတ်ပုံပြပွဲအတွက် သတင်းဓါတ်ပုံသင်တန်းကို ဘားအံမြို့ရှိ Youth Learning Center တွင် ဖေဖော်ဝါရီ ၆ ရက်မှ ၁၃ ရက်အထိ ဖွင့်လှစ်သွားဖြစ်ကြောင်း ရန်ကုန်ဓါတ်ပုံပွဲတော် (Yangon Photo Festival) မှ တာဝန်ရှိသူ ဦးပြေကျော်မြင့်က ပြောသည်။

 (ဓါတ်ပုံ အညွှန်း – ရန်ကုန်ဓါတ်ပုံပြပွဲအတွက် မော်လမြိုင်မြို့တွင် သင်တန်းပြုလုပ်နေသည်ကိုတွေ့ရစဉ် )

(ဓါတ်ပုံ အညွှန်း – ရန်ကုန်ဓါတ်ပုံပြပွဲအတွက် မော်လမြိုင်မြို့တွင် သင်တန်းပြုလုပ်နေသည်ကိုတွေ့ရစဉ် )
ဓါတ်ပုံသင်တန်းကို ပြင်သစ်ယဉ်ကျေးမှုနှင့် Youth Learning Center ကစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူများနှင့် လုပ်ကိုင်လိုချင်သူများအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သင်တန်းပုံစံမှာ သင်းတန်းတတ်ရောက်မည့် သင်းတန်းသားများက ဓါတ်ပုံဇာတ်လမ်းတစ်ခုကို ရိုက်ကူး ပေးရမည်ဖြစ်ပြီး အခမဲ့ မှတ်တမ်းတင် ဓါတ်ပုံသင်းတန်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရည်သွေးရှိတဲ့ ဓါတ်ပုံပညာရှင်တွေ ထွက်ပေါ်လာရေးအတွက် သင်းတန်တွေလိုက်ပေးတယ်၊ သင်းတန်း သားတွေ ရိုက်တဲ့ Photo Essay တွေကို ဓါတ်ပုံပြပွဲမှာ ပြိုင်ပွဲလုပ်ပေးတယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆ ခုနှစ်၊ မတ်လ ၁၉ ရက်တွင် ကျင်းပမည့် Yangon Photo Festival ဓါတ်ပုံပြပွဲတွင် သင်တန်းသားများ ရိုက်ခဲ့သည့် ဓါတ်ပုံဇာတ်လမ်းများကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဓါတ်ပုံပညာရှင်များက ရွေးချယ်၍ ဆုပေးမည်ဖြစ်ကြာင်း ၎င်းက ထပ်လောင်းပြောသည်။

အဌမအကြိမ်မြောက် ၂၀၁၆ ခုနှစ်၊ ရန်ကုန်ဓါတ်ပုံပြပွဲအတွက် သတင်းဓါတ်ပုံသင်တန်းကို လာရှိုးမြို့တွင် တစ်ကြိမ်၊ မော်လမြိုင်မြို့တွင် တစ်ကြိမ်၊ ဘားအံမြို့တွင် တစ်ကြိမ်နှင့် ရန်ကုန်မြို့တွင် တစ်ကြိမ်စီ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply