မော်လမြိုင် ၊ မတ် ၂၂ ။ ။ သမ္မတ ဦးထင်ကျော် ၏ အစိုးရ အဖွဲ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ဝန်ကြီးဌာန လေးခုကိုင်တွယ်မည် ဖြစ်ပြီး မွန်အမျိုးသား ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်သက်လွင်ကိုတိုင် ရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်မည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များကပြောကြားသည်။

မတ်လ ၂၂ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတအသစ် ဦးထင် ကျော်က ပြည်ထောင်စု ဝန်ကြီးများ၏ အမည်စားရင်းကို တင်သွင်းခဲ့ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သိန်း ကပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ပညာရေးဝန်ကြီးဌာန ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊ သမ္မတရုံး နှင့် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန တို့ကို တာဝန်ယူ ဆောင်ရွက်မည် ဖြစ်ကြောင်း NLD ပါတီ ထံမှသိရှိရသည်။

အဆိုပါ ပြည်ထောင်စု ဝန်ကြီးများစားရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ အောင်သူ၊ ဦးသန့်ဇင်မောင်၊ သူရဦးအောင်ကို၊ဦးအုန်းဝင်း၊ဦးသိန်းဆွေ၊ဦးကျော်ဝင်း၊ဦးခင်မောင်ချိုး ၊ ဒေါက်တာမြင့်ထွေး၊ ဦးဝင်းခိုင်၊ ဒေါက် ဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့်၊ နိုင်သက်လွင် ၊ ဒေါက်တာဖေမြင့် ၊ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ တို့ ပါဝင်သည်။

Leave a Reply