Advertisements

ပြည်၊ အောက်တိုဘာ (၁၀)ရက်။

ပဲခူတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြို့ရှိ ယဉ်ကျေးမှုက ဇာတ်ရုံတွင် အောက်တိုဘာ (၁၀)ရက်က ပြည်မြို့နယ် အပါအဝင် ပြည်ခရိုင်အတွင်းရှိ နိုင်ငံရေးအင်အားစုများနှင့် ပြည်သူတစ်ထောင်ကျော်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာမှ ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ ပြည်သူများမှ ထောက်ခံသည့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“အကြမ်းဖက်မှု လုပ်ရပ်တွေကို ရှုံ့ချတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်။ အားကိုးတယ်။ သူ့ကို ထောက်ခံပြီး ကျွန်တော်တို့ အားလုံး လက်တွဲညီညီနဲ့ ရှေ့ဆက်မယ်။”ဟု ပြည်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါက်တာ ခင်မောင်ဝင်းက ပြောသည်။

အဆိုပါ ထောက်ခံပွဲအား ရခိုင်ပြည်နယ်အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက်ပိုင်း ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ပြည်မြို့မှ ကာကွန်းဆရာများမှလည်း ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံများရေးဆွဲကာ တက်ရောက်လာသူများအား အခမဲ့ပေးဝေခြင်းများလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“အမေစုနဲ့ တစ်သွေးတည်း တစ်သားတည်းရှိတယ်။သူ့ဘက်ကပဲ ရပ်တည်တယ်။တစ်သားတည်းရှိနေတယ်ဆို တာပြသတဲ့အနေနဲ့ အခုပွဲမှာ ပါဝင်ဆင်နွှဲတာပါ”ဟု ကာတွန်းဆရာ ကာဠုက ပြောသည်။

အဆိုပါ အခမ်းအနားတွင် အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာဝင်တို့မှ သဘောထားကြေငြာချက်များကို ဖတ်ကြား ခြင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းအချို့မှ တာဝန်ရှိသူများမှ ဒေါ်အောင်ဆန်း စုကြည်အား ထောက်ခံကြောင်း အကြမ်းဖက်လုပ်ရပ်များအား လက်မခံကြောင်းစသည့် ပြောဆိုခြင်း အစီအစဉ်များလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply