ရန်ကုန် ၊ဇူလိုင် ၂၈ ။ ။ အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကို ဦးဆောင်လျက်ရှိသူ ဒေါ်အောင်ဆန်းစုကြည် နှင့် “ဝ”၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ မနက်ဖြန် ( ဇူလိုင်လ ၂၉) ရက်နေ့ မနက်ပိုင်းတွင် တွေ့ဆုံမည်ဖြစ်ကြောင်း နှစ်ဘက် အဖွဲ့အစည်းများ ထံမှသိရသည်။

logo-copy

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ရန်အတွက် “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA/UWSP လက်နက် ကိုင်အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ဇူလိုင်လ ၂၇ ရက်နေ့တွင် လည်းကောင်း မိုင်းလားလက် နက်ကိုင် အဖွဲ့(NDAA) ထိပ်ပိုင်း ခေါင်းဆောင်များက ယနေ့ ဇူလိုင်လ ၂၈ရက်နေ့တွင် လည်းကောင်း နေပြည် တော် ကောင်စီနယ်မြေသို့ သီးခြားစီ ရောက်ရှိလာခြင်းဖြစ်သည်။

နှစ်ဘက် တွေ့ဆုံမှုတွင် ၂၁ ရာစုပင်လုံညီလာခံ၌ NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပါဝင်ခွင့်ကို အဓိကထား ဆွေးနွေးမည်ဟုယူဆကြောင်း လက်နက်ကိုင်အဖွဲ့များ ကဆိုသည်။

အလားတူ ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စုံညီအစည်းအဝေးသို့ မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA) က လေ့လာသူအဖြစ်တက်ရောက်သော်လည်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA/UWSP ကမူ ကိုယ်စားလှယ် တက်ရောက်ခြင်းမရှိပေ။

Leave a Reply