မော်လမြိုင် မတ် ၁၇
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၈ ရက် နံနက်ပိုင်းတွင် မော်လမြိုင်လေဆိပ်မှ တဆင့် ကရင်ပြည်နယ်သို့ ထွက်ခွာမည်ဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယနေ့ မတ် ၁၈ ရက် ည၌ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် တောင်ဝိုင်းလမ်းတွင် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်တို့ လုံခြုံရေးအရ ယာဉ်များကို ရှာဖွေစစ်ဆေးမှုပြုလုပ်နေခြင်း ဖြစ်သည်။
ထိုသို့ ရဲတပ်ဖွဲ့ဝင်များ ရှာဖွေပိတ်ဆို့ စစ်ဆေးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်အချို့ကို မေးမြန်းခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်မှာ မတ် ၁၈ ရက် နံနက်ပိုင်း၌ မော်လမြိုင် ၊ တောင်ဝိုင်းလေဆိပ်သို့ လာရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ကရင်ပြည်နယ်ခရီးစဉ် ဆက်လက်ထွက်ခွာမည်ဖြစ်သည့်အတွက် လုံခြုံရေးဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်အတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တောင်ဝိုင်းလမ်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး/ တော်ကူး ဘုန်းကြီးကျောင်းရှေ့၌ ယာဉ်များ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှု ယနေ့ည ၁၀ နာရီ မိနစ် ၃၀ ထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်း – ခေတ်မင်း