Photo - နိုင်ငံတော်အတိုင်ပင်ခံရုံး

သထုံ ဧၿပီ ၅

မွန်ပြည်နယ်သို့ ယမန်နေ့ ဧပြီ ၄ ရက်က ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့်သံဖြူဇရပ်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနားကိုလည်းကောင်း၊
သထုံမြို့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲအခမ်းအနားကိုလည်းေကာင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။ ယင်းအပြင် သထုံမြို့ သုဝဏ္ဏခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံခဲ့သည်။

(က) မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့်သံဖြူဇရပ်ဓာတ်အားခွဲရုံဖွင့်ပွဲအခမ်းအနား

၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်း ၄ဝ ဒသမ ၄၈ မိုင်နှင့် ၆၆/၃၃ ကေဗွီ၊ ၂ဝ အမ်ဗွီအေ သံဖြူဇရပ် ဓာတ်အားခွဲရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လျှပ်စစ်ဓာတ်အားသည် မိမိတို့နိုင်ငံတစ်နိုင်ငံလုံးအတွက် လိုအပ်ချက်ဖြစ်ပါ ကြောင်း၊ ယခုအချိန်အထိလိုအပ်ချက်၏ ၅ဝ ရာခိုင်နှုန်းမပြည့်သေးပါကြောင်း၊ သို့သော် မိမိတို့၏အိမ်နီးနားချင်းနိုင်ငံတော်တော်များများတွင် ၈ဝ ရာခိုင်နှုန်းကျော်၊ ၉ဝ ရာခိုင်နှုန်း ကျော်၊ ၁ဝဝ ရာနှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်နေသည်ကိုေတွ့ ရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည်ပို၍ကြိုးစားရန်လိုအပ်ပြီး မိမိတို့အတွက် လျှပ်စစ်ဓာတ်အားသည် အင်မတန်အရေးကြီးသည့်ကိစ္စရပ် တစ်ခုဖြစ်နေပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အား ရရှိမှုမှာ တစ်နိုင်ငံလုံး၏ ၅ဝ ရာခိုင်နှုန်းပင် မပြည့်သေးပါကြောင်း၊ သို့သော် ယခုနှစ် မကုန်မီ ၅ဝ ရာခိုင်နှုန်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဟု မိမိတို့မျှော်လင့်ပါကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။
ယနေ့ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းဖွင့်လှစ်ပြီးနောက် မွန်ပြည်နယ် အတွင်း လျှပ်စစ်မီးရရှိလာမည့်အိမ်ထောင်စုပေါင်း ၂၂ဝဝဝဝ ရှိ လာမည်ဖြစ်ပါကြောင်း၊ မွန်ပြည်နယ်အတွင်းတွင် လျှပ်စစ်ဓာတ်အားလုံလုံလောက်လောက် ဖြန့်ဖြူးနိုင်ရေး အတွက် ၂၃ဝ ကေဗွီ မော်လမြိုင်-ခရုံဂူ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတိုးချဲ့ ခြင်းလုပ်ငန်း၊ ၅ဝဝ ကေဗွီ ဘုရားကြီး-ကန်ပေါက်-မော်လမြိုင် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း၊ ၂၃ဝ ကေဗွီ မော်လမြိုင်-ရေး-ထားဝယ်ဓာတ်အား လိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ၊ ၂၃ဝ ကေဗွီ ထားဝယ်-မြိတ် ဓာတ် အားလိုင်း နှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း ၊ ၆၆ ကေဗွီ မြိတ်-တနင်္သာရီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည်ကို ပြည်သူများသိရှိ မည်ဆိုပါက ဝမ်းသာလိမ့်မည်ဟုမျှော်လင့်ပါေကြာင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေကို ရှင်းလင်းတင်ပြသည်။ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ပြည်နယ်အဖွဲ့ဝန်ကြီး ဦးဝဏ္ဏကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သောင်းညွန့်၊ ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်နှင့် ဒေါ်မြတ်သီတာထွန်းတို့က ၆၆ ကေဗွီ မော်လမြိုင်-သံဖြူဇရပ် ဓာတ်အားလိုင်းနှင့် ၆၆/၃၃ ကေဗွီ၊ ၂ဝ အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့သည် စက်ခလုပ်နှိပ်၍ သံဖြူဇရပ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ပေးခဲ့သည်။

(ခ)၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနား

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် သထုံမြိုသို့ ရောက်ရှိပြီး ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြော ကြားခဲ့ရာတွင်မွန်ပြည်နယ် သထုံတွင် လျှပ်စစ်ဓာတ်အား ရရှိခြင်းသည် တစ်နိုင်ငံလုံး အတွက် ဝမ်းသာစရာ ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားမရသေးသည့်နေရာများတွင် လျှပ်စစ်ဓာတ်အားရရှိရေး မျှော်လင့် ချက်များနီးလာပြီဆိုသည့် စိတ်ဓာတ်များ ဖြစ်ပွားစေမည် ဖြစ်ပါကြောင်း၊ တစ်နေရာတိုးတက်မှု ရှိခြင်းသည် တစ်တိုင်းပြည်လုံး၏ တိုးတက်မှုပင်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံစီမံကိန်း ပေါ်ပေါက် လာပုံ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ခဲ့ သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြည်နယ်အဖွဲ့ဝန်ကြီး ဦးဝဏ္ဏကျော်၊ သထုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်တို့က ၁၁၈ ဒသမ ၉ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့က သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ကမ္ဗည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး ကြပြီးနောက် စက်ရုံ တည်ဆောက်ထားမှုအား ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

(ဂ) သထုံဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲ

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာစကား ပြောကြားရာတွင် မွန်ပြည်နယ်ကိုလာရောက်ရသည့်အေကြာင်းရင်း ၂ ရပ်ရှိပါကြောင်း၊ ပထမ တစ်ခုအနေဖြင့် လျှပ်စစ်ဓာတ်အားပေးရေးနှင့်ပတ်သက်သည့်စီမံကိန်းဖွင့်ပွဲများသို့ တက်ရောက်ရန်ဖြစ်ပါကြောင်း၊ ဒုတိယအနေဖြင့် ပြည်သူလူထုနှင့် တွေ့ဆုံရန် ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးကို အလေးထားသည်ဆိုသည်မှာ ပြည်သူက အလေးထားသည့်ကိစ္စရပ်ဖြစ်၍ ဖြစ်ပါကြောင်း၊ ခရီးသွားပါက တတ်နိုင်သမျှသော ကိစ္စ များကို စုပါင်းလုပ်ဆောင်ရန် ကြိုးစားပါကြောင်း၊ ထိုသို့သောကိစ္စရပ်များကို အလေးထား သည်ဆိုသည်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့သို့ခြေလှမ်း တစ်လှမ်းလျှောက်သည်ဆိုသည့်ပုံစြံဖင့် အလေးထားခြင်းဖြစ်ပါကြောင်းပြောကြားခဲ့သည်။
ယင်းနောက် ဒေသခံပြည်သူများက စာဖြင့်ကြိုတင် တင်ပြထားသည့် ကျိုက်ထို မြို့ရှောင်လမ်း တည်ဆောက်ပြီးစီးမည့်အချိန်နှင့် သုံးစွဲမည့်ရန်ပုံငွေကို သိရှိလိုခြင်း၊ သထုံနှင့် ဘီးလင်းမြို့နယ်များတွင် နွေစပါး ပိုမိုတိုးတက် စိုက်ပျိုးနိုင်ရေးအတွက် ဆောင်ရွက်ပေးမည့်အစီအမံများကို သိရှိလိုခြင်း၊ ကျိုက်မရော၊ ချောင်းဆုံ၊ ဘီးလင်းမြို့ နယ်များတွင် Telemedicine, Teleradiology ဌာနများဖွင့်လှစ်ထားပြီး ခေတ်မီ ဒစ်ဂျစ် တယ် X-Ray ဓာတ်မှန်စက်ကြီးများဖြင့် ဆောင်ရွက်ပေးနေသည့်အတွက် အဖြေများကို လွယ်ကူလျင်မြန်စွာရရှိပြီး ကုန်ကျစရိတ်များသက်သာသဖြင့် ကျန်မြို့နယ်များတွင် လည်း ထိုဌာနများကို ဆက်လက်ဆောင်ရွက်ပေးရန် ရှိ/မရှိ သိရှိလိုခြင်း၊ သထုံခရိုင် ခုတင် ၁ဝဝ ဆံ့ ဆေးရုံကြီးအား ခုတင် ၂ဝဝ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေး ရန်နှင့် ပိန္နဲတော ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့် တင်ပေးရန်၊ သထုံမြို့နယ်တွင် ဓာတ်အားခွဲရုံကြီး မကြာမီဖွင့်လှစ်မည် ဆိုသည်ကို သိရှိရသည့်အတွက် ယနေ့အချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့် သထုံမြို့နယ်၏ အရှေ့ဘက်ခြမ်း ကျေးရွာများဖြစ်သော နောင်ကုတ် ကျေးရွာအုပ်စု၊ ဝီယော်ကျေးရွာ အုပ်စု၊ မတ်ချကျေးရွာအုပ်စု၊ ဝင်းဖုန်းကျေးရွာအုပ်စု၊ ပိန္နဲတော ကျေးရွာအုပ်စု၊ ကော့လှိုင်ကျေးရွာအုပ်စု၊ ချောင်းဇောင့်ကျေးရွာအုပ်စုတို့ကို လျှပ်စစ်မီး ရရှိရေးကူညီ ဆောင်ရွက်ပေးရန်၊ ညောင်ကုန်းကြီး-ထန်းတပင်-ချောင်ေလး-မြလေးချောင်-ရင်းငြိမ် မြောက်လမ်းသည် ၁၁ မိုင် ရှည်လျားပြီး ၇ မိုင်ကို ကတ္တရာခင်းပြီးဖြစ်သည့်အတွက် ကျန် ၄ မိုင်အား လာမည့်ဘဏ္ဍာနှစ်တွင် ကတ္တရာလမ်းအဖြစ် ဆက်လက်ဆောင်ရွက် ပေးရန်၊ ကျွဲခြံ-ကော့ကရင်-ဒေးကင်းလမ်းသည် ၄/ ၃ ဒသမ ၄၅ မိုင်မှ ၂/ဝ မိုင်ခန့် သည် ကတ္တရာလမ်း အမျိုးအစားဖြစ်ပြီး ကျန် ၂ မိုင် ၃ ဖာလုံကိုကတ္တရာလမ်းအဖြစ် လက်ဆောင်ရွက်ပေးရန်၊ ဇင်းကျိုက်-တပ်မှူးချောင်း-ဘိုင်ေလာင်းလမ်းသည် စုစုပေါင်း ၆ မိုင် ၆ ဒသမ ၅ ဖာလုံရှိသော မြေသားလမ်းဖြစ်ပြီး လာမည့်ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် စသည့်တင်ပြချက်များ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအပြင်ဘက်ရှိ ဒေသခံပြည်သူ (၃)ဦးတင်ပြသည့် ယာယီလာရောက်နေထိုင်သည့်မြေနေရာတွင် တရားဝင်နေထိုင်ခွင့်ရရှိရေး၊ သုသာန် မြေအား ရွာသူရွာသားများ၏ဆန္ဒမပါဘဲ စီမံကိန်းအကောင်အထည်ဖော်ရန် ဆောင် ရွက်နေမှုနှင့် ကျေးရွာများ လျှပ်စစ်မီးရရှိရေးဆိုင်ရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ခန်းမအတွင်းရှိ ဒေသခံပြည်သူ(၅)ဦးတင်ပြသည့် သထုံမြို့ အောက်ကျင်း ရပ်ကွက် ကန်ညီနောင် သောက်သုံးရေလုံလောက်စွာရရှိရေးအတွက် ဆောင်ရွက်ပေး ရန်၊ မီးလင်းရေးကော်မတီ အပြောင်းအလဲဖြစ်မှုနှင့် ငွေစာရှင်းတမ်းကိစ္စ၊ ရှေးဟောင်း ဘုရားစေတီပြုပြင်ခြင်းကိစ္စ၊ သိမ်ဇရပ်မြို့ ပလပ်မြေနေရာများတွင် ဆိုင်ခန်းများ၊ အဆောက်အဦများ ဝင်ရောက်တည်ဆောက်ခြင်းကိစ္စ၊ ကျေးရွာဖယ်ရှားပြောင်းရွှေ့ခံရမှု နှင့် နစ်နာကြေးမရမှုဆိုင်ရာ တင်ပြချက်များ နှင့်စပ်လျဉ်း၍ လည်းကောင်း မွန်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်ရှင်းလင်းခဲ့သည်။

ကိုးကား – နိုင်ငံတော်အတိုင်ပင်ခံရုံး

Leave a Reply