၅။ ယခင်လို စီးပွားဖြစ် မလုပ်ကိုင်နိုင်တော့ပေမယ့် မိဘလက်ငုတ်လက်ရင်း အမွေအနှစ်လုပ်ငန်းအဖြစ်သာ လုပ်ကိုင်တော့တဲ့ မီးခြစ်လုပ်ငန်းရှင် ဦးသိန်းဝင်းကတော့ မုတ္တမဓာတ်ဆီမီးခြစ်ကို အမှတ်တရပစ္စည်းအဖြစ်နဲ့ ဈေးကွက်ဖောက်ထွင်းဖို့ ယနေ့တိုင်အောင် ကြိုးစားနေဆဲပါ။

တစ်ခေတ်တစ်ခါက သူမရှိရင် အလင်းမဲ့နေပေမယ့် ခေတ်ပေါ်နည်းပညာတွေကြောင့် ချောင်ထိုးခံရပြီးဖြစ်တဲ့ ဓာတ်ဆီမီးခြစ်တွေဟာ ဒေသထွက်ကုန် အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ ရှေးရိုးစွဲလယ်သမားကြီးတွေရဲ့ အသုံးအဆောင်အဖြစ်သာ ကျန်ရှိနေတော့ပါတယ်။ ထိုင်းနဲ့ တရုတ်လုပ် ဂက်စ်မီးခြစ်တွေက ဈေးကွက်မှာ တွင်ကျယ်စွာ အစားထိုးနေရာယူလိုက်ပြီးဖြစ်တာမို့ နှစ်ပေါင်းများစွာ စီးပွားဖြစ်ထုတ်လုပ်ခဲ့တဲ့ ပေါင်မြို့နယ် မုတ္တမကျေးရွာက ဓာတ်ဆီမီးခြစ်လုပ်ငန်းတွေဟာ တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်လာပါပြီ။

Leave a Reply