ဓာတ်အားခစျေး တည်ငြိမ်ရေးအတွက် ကုမ္ပဏီက အစိုးရထံ ဂက်စ်စျေးဆစ်နေ

ထားဝယ်၊ အောက်တိုဘာ

ထားဝယ်ခရိုင်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခွင့်ရရှိထားသည့် Global Grand Services – GGS ကုမ္ပဏီမှာ အရှုံးပေါ်နေသည့်အတွက် ဂက်စ်စျေးနှုန်းလျှော့ချပေးရန်မြန် မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) သို့ စာပေးပို့ ၍ ညှိနှိုင်းနေကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီ းဦးကြည်လှိုင်ကပြောကြားသည်။

ညှိနှိုင်းမှု အဆင်ပြေလျှင် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါခေါ်ယူမည်ဖြစ်ပြီး အဆင်မပြေလျှင် ဓာတ်အားခနှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဘယ်လိုမျိုးဖြစ်လာမယ်ဆိုတာ ပြောမနိုင်သေးဘူး။ ညှိနှိုင်းဆဲ ဖြစ်တယ်” ဟု ဝန်ကြီးဦးကြည်လှိုင်က ဆိုသည်။ ယင်းသို့ဓာတ်အားတိုးမြှင့်ကောက်ခံရန် ဓာတ်အားသုံးစွဲသူများက လက်မခံလျှင် လျှပ်စစ်ဌာန၊ သက်ဆိုင်ရာဌာနများနှင့် အစိုးရအဖွဲ့တို့ညှိနှိုင်းပြီး အခြားနည်းလမ်းဖြင့်ဆောင်ရွက်ရန် စဉ်းစားရမည်ဟု ဝန်ကြီးကဆိုသည်။

ဓာတ်အားတိုးမြှင့်ကောက်ခံလျှင် လမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်မည်ဟု ထားဝယ်မြို့မှဖေ့စ်ဘုတ်ခသုံးစွဲသူအချို့က လူမှုကွန်ရက်စာမျက်နှာထက် ဝေဖန်ပြောဆိုမှုများ လက်ရှိအချိန်တွင် ထွက်ပေါ်ပျံ့နှံ့လျက်ရှိသည်။

GGS ကုမ္ပဏီက ဓါတ်အားခတစ်ယူနစ်လျှင် ၂ဝဝကျပ်နှုန်းဖြင့် ဒေသအတွင်းကောက်ခံလျက်ရှိသည်ဟုသိရသည်။

GGS ကုမ္ပဏီအနေဖြင့် ယခုအောက်တိုဘာလတွင် ဓာတ်အားခတိုးမြှင့်ကောက်ခံရန် သဘောတူ/မတူကိုဓာတ်အားခ လာရောက်ပေးသွင်းသူ ဒေသခံများထံမှ သဘောထားစစ်တမ်းကောက်ယူလျက်ရှိကြောင်း အဆိုပါကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ကုမ္ပဏီရုံးတွင်လည်း ဓာတ်အားခယူနစ်စျေးနှုန်းတိုးမြှင့်ကောက်ခံ ခြင်းကို သဘာတူ၊ တူမိမိဆန္ဒအလျောက် လက်မှတ်ရေးထိုးဆန္ဒပြုနိုင်ကြောင်း အသိပေးထားသည်။ ယင်းသို့ လက်မှတ်
ကောက်ယူရန်အစိုးရအဖွဲ့အနေဖြင့် ညွှန်ကြားခြင်း မရှိကြောင်း ဝန်ကြီးဦးကြည်လှိုင်က ပြောသည်။

ထားဝယ်ခရိုင်အတွင်း ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို၂၀၀၅ ခုနှစ်ဝန်းကျင်မှ ၂၀၁၅ခုနှစ်အထိ PTC ကုမ္ပဏီက လုပ်ကိုင်လာခဲ့ပြီး ၂၀၁၅ ခုနှစ်ကုန်မှ ၂၀၁ရခုနှစ်၊ ဒီဇင်ဘာ လအထိ DDPC ကုမ္ပဏီတို့က တာဝန်ယူလုပ်ကိုင်လာခဲ့သည်။ ယခုနှစ်၊ ဖေဖော်ဝါရီလ၁၅ ရက်နေ့မှစ၍ သဘာဝဓာတ်ငွေဖြင့် ဓာတ်အားထုတ်လုပ်ခွင့်ရရှိသည့် GGS ကုမ္ပဏီအားဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို တိုင်းအစိုးရက ယာယီလုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထားဝယ်ဒေသအတွက် သဘာဝဓာတ်ငွေ့ဖြင့်ဓာတ်အား ထုတ်လုပ်ရန်နိုင်ငံတော်မှ တစ်နေ့လျှင် ဂက်စ် ကုဗပေ ၂ သန်း ရောင်းချပေးလျက်ရှိပြီး မည်သည့်စျေးနှုန်းဖြင့် ရောင်းချပေးနေသည်ကိုဝန်ကြီးက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.