နဂါးမောက်သီး၏ အကျိုးအာနိသင်များ

ဒီတစ်ပတ် အစာလည်းဆေး၊ဆေးလည်းအစာ ကဏ္ဍမှာဖော်ပြပေးချင်တာကတော့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာကို ဖန်တီးပေးနိုင်ပြီး၊တဖြည်းဖြည်း လူကြိုက်များ ထင်ရှားလာတဲ့ နဂါးမောက်သီး အကြောင်းပဲဖြစ်ပါတယ်။
အင်္ဂလိပ်လို DRAGON FRUIT လို့ခေါ်တဲ့ နဂါးမောက်သီး ရဲ့ရုက္ခဗေဒ အမည်ကတော့ Hylocerus sprecies ဖြစ်ပြီး၊သူ့ရဲ့မျိုးရင်းကတော့ CACTACEAE ပဲဖြစ်ပါတယ်။နဂါးမောက်သီးဟာ နူူးညံ့၍ချိုတဲ့အရသာရှိပြီး၊သူ့ရဲ့အရည်ကတော့ သစ်တော်သီး၊ကီဝီသီး၊သခွားမွှေးတို့နဲ့ဆင်ဆင်တူပါတယ်။အသီးရဲ့အခွံကိုခွာလိုက်ရင် အဖြူရောင်အသား ဒါမှမဟုတ် အနီရောင်အသားနဲ့အတူ စားလို့ရတဲ့ အမဲရောင်အစေ့ငယ်လေးတွေကိုတွေ့မှာဖြစ်ပါတယ်။ သူကအာဟာရဓာတ် များစွာပါဝင်ပြီး အရသာကောင်းမွန်တဲ့အတွက် ဈေးကွက်ထဲမှာ လူကြိုက်အလွန်များနေတဲ့အသီးလည်းဖြစ်ပါတယ်။
လျှားစောင်း အနွယ်ဝင်ဖြစ်တဲ့ နဂါးမောက်သီးကို ကမ္ဘာတစ်ဝှမ်း အပူပိုင်းဒေသ ရာသီဥတုရှိရာနေရာတွေမှာ စိုက်ပျိုးလို့ရပြီး၊ သူ့ရဲ့မူရင်းဒေသကတော့ အမေရိကန်တောင်ပိုင်းနဲ့ အလယ်ပိုင်းတို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်ဘက်မှာ များများစားစားစိုက်ပျိုးလာပြီးဖြစ်ပါတယ်။ နဂါးမောက်သီးမှာ Antioxidant တွေ ပါဝင်ပြီးကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်တိုးပစ္စည်းကိုလျှော့ချပေးနိုင်တဲ့အတွက် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်ရုံသာမက
အသားအရေကို တင်းရင်းလှပစေပြီး ငယ်ရွယ်နုပျိုစေမှာဖြစ်ပါတယ်။ပြီးတော့သွေးတွင်းမှာရှိတဲ့ သကြားဓာတ်ကိုလျှော့ချပေးနိုင်စွမ်းရှိပြီး၊သွေးတွင်းသကြားဓာတ် ပမာဏ ကို ထိန်းညှိပေးနိုင်တဲ့အတွက် သွေးတိုးဆီးချိုရောဂါရှိတဲ့သူတွေအတွက် အန်မတန်မှ စားသုံးသင့်တဲ့အသီးပဲဖြစ်ပါတယ်။ ဗီတာမင် C လည်း အများကြီး ပါဝင်တဲ့အတွက် အနာကျက်မြန်စေပါတယ်၊ ပြီးတော့ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်နဲ့ အသားဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းပါဝင်တဲ့ အတွက် မျက်စိအမြင်ကောင်းမွန်ပါတယ်၊ မျိုးပွားနိုင်စွမ်းကောင်းတယ်၊ ပြီးတော့ အခြားသော ဇီဝရုပ်ဖြစ်ပျက်မှု တွေကိုလည်း ကောင်းစေပါတယ်။ အမျှင်ဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက် သွေးထဲရှိ ကိုလက်စထရော (Cholesterol) ပမာဏ ကိုလည်း လျှော့ချပေးပါတယ်။အမျှင်ဓာတ်ကြောင့်ဝမ်းကိုလည်းမှန်စေပါတယ်။
အသားအရေကိုလည်း ချောမွတ်စိုပြေစေတယ်၊အစာစားချင်တဲ့ စိတ်ကိုလည်းတိုးပွားစေပါတယ်။အစာချေဖျက်ခြင်းကို အားပေးတယ်၊အဆီတွေလည်းလျော့ကျစေပြီး၊ ကယ်လ်ဆီယမ် (Calcium) ဓာတ်ပါဝင်တဲ့ အတွက် သွားနဲ့အရိုးတွေကိုလည်းခိုင်မာစေပါတယ်။မှတ်ဉာဏ်အားလည်းကောင်းစေမှာဖြစ်ပါတယ်။ ကိုယ်ခံအား (Immune System) ကို လည်းကောင်းစေပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်တဲ့ သွေးဖိအားတက်ခြင်းကိုလျော့နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးထဲက အဆိပ်အတောက်များကိုလည်းချေဖျက်ပေးပြီးတော့အစာအိမ်ရောဂါများနဲ့ဟော်မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။ နဂါးမောက်သီးမှာ ဗီတာမင် ဘီ (Vitamin B) ပါဝင်တဲ့ အတွက်ကြောင့် အာရုံကြော အားကောင်းစေပါတယ်။ ထူးခြားချက်က သူ့မှာ ပါတဲ့ အစေ့ အမည်းလေးတွေ မှာ Omega 3 နဲ့ 6 fatty acid ပါဝင်တဲ့ အတွက် Triglycerides ကို ကျစေကာ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပါတယ်။
သူ့ထဲမှာပါတဲ့ ပမာဏက ဇီဝ ရုပ် ဖြစ်ပျက်မှုကို မြှင့်တင်ပေးပါတယ်။နဂါးမောက်သီးပုံမှန်စားပေးခဲ့မယ်ဆိုရင် ရင်ကျပ်ရောဂါနဲ့ချောင်းဆိုးခြင်းကို သက်သာပျောက်ကင်း စေမှာဖြစ်ပါတယ်။ နဂါးမောက်သီးကို ကြိတ်ပြီး ရလာတဲ့အရည်ကို ဦးရေပြားမှာလိမ်းပေးရင်လည်း ဆံနွယ်များကို နူးညံ့ပျော့ပျောင်းစေမှာဖြစ်ပါတယ်။
အထူူးသဖြင့်နာတာရှည်ရောဂါခံစားနေရသူများ၊လေးဘက်နာ၊ဆီးချို၊သွေးချို၊အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာရှင်တွေ၊ကိုယ်အလေးချိန်လျှော့ချချင်သူတွေ၊ကျန်းမာ ကိုယ်နုလိုသူတွေ ၊အသက်ရှူရခက်ပြီး၊ မောပန်းနွမ်းနယ်နေသူများအနေနဲ့ အလေးထားစားသုံးသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။
ဖိုးဝဇီ

 

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.