Advertisements

အင်္ဂလန်ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ ဒါဘီကောင်တီအသင်းက ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်ကို နည်းပြအဖြစ် တရားဝင်ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သတင်းများက သိရှိရပါတယ်။

လမ်းပတ်က ဒါဘီကောင်တီအသင်းနဲ့ ၃ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ သဘောတူချုပ်ဆိုခဲ့တာဖြစ်ပြီး ဒါဘီကောင်တီရဲ့နည်းပြဂယ်ရီရိုဝေါ့နေရာမှာ လမ်းပတ်ကိုနည်းပြအဖြစ် ကိုင်တွယ်ဖို့ အစားထိုးခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လမ်းပတ်က ” ဒီအလုပ်ဟာ မလွယ်ကူမှန်း ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဘောလုံးတစ်သင်းလုံးကို စီမံခန့်ခွဲရတာဖြစ်ပြီး ရှေ့လာမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့တော့ ယုံကြည်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Advertisements
data-language="en"

အသက် ၃၉နှစ်အရွယ်ရှိ လမ်းပတ်ဟာ ချဲလ်ဆီးအသင်းမှာ ၁၃နှစ်ကြာကစားခဲ့ကာ ၂၁၁ ဂိုးသွင်းယူခဲ့ပြီး ချဲလ်ဆီးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ကစားသမားအဖြစ်နဲ့ မှတ်တမ်းဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒါဘီကောင်တီအသင်းရဲ့  ဥက္ကဋ္ဌဖြစ်သူ မဲလ်မောရစ်က အရည်အချင်းရှိတဲ့ လမ်းပတ်လို လူမျိုးကို အသင်းရဲ့ နည်းပြအဖြစ် တရားဝင်ခန့်အပ်နိုင်ခဲ့တဲ့အတွက် သူ့အနေနဲ့ အလွန်အမင်းဝမ်းသာ ဂုဏ်ယူကြောင်း ပြောဆိုလိုက်ပါတယ်။ လမ်းပတ် ကိုင်တွယ်မယ့် ဒါဘီကောင်တီအသင်းကတော့ ဒီနှစ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် ၆ နေရာမှာ ရပ်တည်ခဲ့တာကြောင့် ပရီးမီးယားလိဂ်တန်းတက်ခွင့်နဲ့ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply