မန်စီးတီးအသင်းသည် နည်းပြ ဂွါဒီယိုလာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။

မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၉ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အသင်းကို အကောင်းဆုံးဦးဆောင်နေသည့်အတွက် မန်စီးတီးအသင်းက သက်တမ်းတိုးရန် စီစဉ်နေခြင်းလည်းဖြစ်သည်။

ဂွါဒီယိုလာသည် လက်ရှိအချိန်တွင် မန်စီးတီးအသင်း၌ တစ်နှစ်လစာ ပေါင် ၁၅ သန်းဖြင့် လစာအများဆုံးနည်းပြအဖြစ် ရပ်တည်နေပြီး သက်တမ်းတိုးခဲ့ပါက ပိုမိုမြင့်မားသည့် လစာနှုန်းထားအပြင် ထပ်ဆောင်းဆုကြေးများကိုလည်း ခံစားခွင့်ရရှိမည်ဖြစ်သည်။

ဂွါဒီယိုလာကလည်း သူ၏မိသားစုမှာ မန်ချက်စတာမြို့တွင် အဆင်ပြေနေခြင်းကြောင့် မန်စီးတီးအသင်းနှင့် ရေရှည်လက်တွဲသွားရန် ဆန္ဒရှိနေသည်။

Ref- BBC Sport

Leave a Reply