ရန်ကုန်၊ နိုဝင်ဘာ ၂၂ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ် နယ်စပ်အနီး တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့အကြား တိုက်ပွဲများကြောင့် နယ်စပ်မတည်ငြိမ်မှုများ ဖြစ်ပွားနေပြီး တရုတ်ပြည်သူ့ တပ်မတော်ကို အမြင့်ဆုံး အနေအထား တပ်လှန့်ထားကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။

u-aung-ko-copy-copy

နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်သော တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အတွင်း နှစ်နိုင်ငံ နယ်စပ် အရေးနှင့် ပတ်သက်သည့် တရုတ်နိုင်ငံ၏သဘောထားကို People’s Daily China သတင်းဌာနတွင် ဖော်ပြထားခြင်းဖြစ်သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အနေနှင့် နယ်စပ်ဒေသ မြန်မာနိုင်ငံဘက်အခြမ်းရှိ လက်နက်ကိုင် ပဋိပက္ခများကို အနီးကပ်စောင့်ကြည့်နေပြီး တရုတ်နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်ကိို ကာကွယ်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာတပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့အစည်းများ အနေနှင့်လည်း ထပ်မံတင်းမာမှုများကို ရှောင်ရှားပြီး အခြေအနေကို အမြန်ဆုံး တည်ငြိမ်စွာ ထိန်းသိမ်းနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနကဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်ကာ နှစ်နိုင်ငံ နယ်စပ်ဒေသအနီး ကုန်သွယ်ရေးမြို့တော်ဖြစ်သည့် မူဆယ် မြို့ အနီး ကချင်(KIO)၊ တအောင်း(TNLA)၊ ကိုးကန့် (MNDAA)၊ ရခိုင် (AA) လက်နက်ကိုင် ပူးပေါင်းအဖွဲ့များက တပ်မတော် နှင့် ရဲတပ်ဖွဲ့ဝင်စခန်းများကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ယင်းသို့ လက်နက်ကိုင်အဖွဲ့များက အင်အားသုံး တိုက်ခိုက်ခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးခဲ့ကာ အရပ်သားများ နေထိုင်ရာ ဒေသများတွင်လည်း တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့သည်။

ယင်းသို့ မတည်ငြိမ်မှုများကြောင့် မြန်မာနိ်ုင်ငံသားဒေသခံ အယောက် ၂၀ဝ၀ ကျော်လည်း တရုတ်နိုင်ငံ ဘက်အခြမ်းသို့ ရောက်ရှိနေပြီး ယာယီ ဒုက္ခသည်စခန်းများ ဖွင့်လှစ်ထားရကြောင်း တရုတ်သတင်းဌာန များတွင် ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲများအတွင်း နှစ်ဘက်ပစ်ခတ်မှုများကြောင့် နယ်စပ်ဒေသအနီးရှိ တရုတ်နိုင်ငံသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရမှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang ကပြောကြားသည်။

အလားတူ မြန်မာနိုင်ငံတွင် ယာယီနေထိုင်နေသော တရုတ်နိုင်ငံသားများအနေနှင့် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့ သွားရောက်ခြင်းများကို ရှောင်ရှားသင့်ကြောင့် တရုတ်နိုင်ငံခြားရေးဌာနက ကြေညာချက်ထုတ်ပြန်ထားသည်။

Leave a Reply