Advertisements

မော်လမြိုင်၊ နိုဝင်ဘာ ၂၀။

စိတ်ကြွှဆေးပြား ၅၀၀၀ ပြားနှင့် ဘိန်းစာရွက် ၁၅ ကျပ်သားအား ကရင်ပြည်နယ်၊ ဘုရားသုံးဆွဲ မြို့နယ်ခွဲ နေထိုင်သူ တစ်ဦး ထံမှ ဝယ်ယူ၍ လက်ဝယ် သိမ်းဆည်း ထားသည့် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကော့လှိုင် ကျေးရွာနေ ဦးကဝိနှင့် ဒေါ်ရင်အေး တို့အား မူးယစ် တပ်ဖွဲ့စု အမှတ် (၃၉) ရဲတပ်ဖွဲက နိုဝင်ဘာ (၁၉) ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်။

စိတ်ကြွ ရူးသွပ်ဆေးပြား များကို ဦးကဝိ နေထိုင်သော လယ်ကွင်း တဲအိမ်အနီးမှ ရှာဖွေ တွေ့ရှိ ခဲ့သည်။

“တရားခံ တွေကိုတော့၊ မူးယစ် အဖွဲ့က ဖမ်းပြီး ရေးမြို့မ ရဲစခန်း အချုပ်မှာ ချုပ်ထားပြီး စစ်ဆေး မှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်”ဟု ခေါဇာနယ်မြေ ရဲစခန်းမှူး ရဲအုပ်ကျော်မြင့်က ပြောသည်။

ဘုရားသုံးဆူ မြို့နေသူ အမျိုးသားတစ်ဦး ထံမှ ဆေးပြား တစ်ပြားလျှင် ၂၅၀၀ ကျပ်ဖြင့် ဆေးပြား ၅၀၀၀ ကျော်နှင့် ဘိန်းစာရွက် တို့ကို ဝယ်ယူခဲ့ကြောင်း ဦးကဝိနှင့် ဒေါ်အေးရင် တို့က ထွက်ဆိုချက် ပေးထားကြောင်း ရေးမြို့မ ရဲစခန်းမှ စစ်ဆေးသည့် ရဲအရာရှိ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြား များကို ဦးကဝိ နေထိုင်သော လယ်ကွင်း တဲအိမ်အနီးမှ ရှာဖွေ တွေ့ရှိခဲ့ပြီး ဘိန်းစာရွက် များကို ၎င်းဇနီးမောင်နှံ နှစ်ဦးတို့ အိပ်သည့် အိပ်ယာ ခေါင်းရင်းမှ ရှာဖွေ တွေ့ရှိ ခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

၎င်းတို့ နှစ်ဦးအား ခေါဇာနယ်မြေရဲစခန်းမှ တရားလို ပြု၍ မူးယစ် (ပ) ၇ / ၂၀၁၇ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတက်သော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် စစ်ဆေးဆာင်ရွက် ထားကြောင်း ရဲအုပ် ကျော်မြင့်က ဆိုသည်။

Written by – ခေတ်မင်း

Advertisements
<

Leave a Reply