၅။ ကိုယ်တိုင်ပြုလုပ် ရောင်းချသူများအတွက် အမြတ်များပြီး တွက်ခြေကိုက်နေသော်လည်း တစ်ဆင့် ဝယ်ယူရောင်းချသော ဆိုင်များအဖို့ အမြတ်အစွန်းနည်းနိုင်ကြောင်း သံဖြူလုပ်ငန်းလုပ်ကိုင်သူ ကိုဇော်ဇော်က ပြောပါတယ်။

စွန့်ပစ်ဘူးခွံ အဟောင်းများဖြင့် ပြုလုပ်ရသည့် သံဖြူလုပ်ငန်းများမှာ လူငယ်များ စိတ်ဝင်စားမှု နည်းပါးခြင်း၊ သံဖြူလုပ်ငန်းပညာရပ်များကို လက်ခစားလုပ်ကိုင်လိုသူ မရှိတော့ခြင်း၊ လက်ဆင့်ကမ်းပညာ သင်ယူသူ မရှိတော့၍ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နိုင်ခြင်း မရှိတော့ပေ။ ကျေးလက်ဒေသများတွင် သံဖြူပစ္စည်းများကို လူသုံးများနေသေးသော်လည်း လုပ်ကိုင်မယ့်သူ နည်းပါးလာတာကြောင့် တိမ်မြုပ်လုလု အခြေအနေ ဖြစ်နေပါတယ်။

Leave a Reply