ဘန်ကောက်၊ မတ် ၃ ။ ။ ထိုင်း နိုင်ငံသို့ နံမည်ကြီးအမှတ်တံဆိပ်နေကာမျက်မှန် အတုများ ထုတ်လုပ်တင်သွင်းနေသော တရုတ် နိုင်ငံသား နှစ်ဦး ကို ဘန်ကောက်မြို့ တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်း စာတွင်ဖော်ပြထားသည်။

S

အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို နာမည်ကြီး မျက်မှန်တံဆိပ်အတု အလက် ၉၀ဝ၀ဝ၀ နီးပါး နှင့် မျက်မှန် ရောင်းရငွေ ဘတ် သန်းပေါင်း ၁၃၀ နှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာ တွင် ဖော်ပြပါရှိသည်။

Ray-Ban, Oakley, Louis Vuitton, Dior စသည့် နာမည်ကြီး မျက်မှန် တံဆိပ်များ ကို အတုပြု လုပ်ကာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပေါ်ရှိတရုတ်တန်းတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အထူးစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

နေကာမျက်မှန် အတု များကို ကို အသားတံဆိပ်၊ စတစ်ကာ များ အပါအဝင် အခြားထုတ်လုပ်မှု ပုံသဏ္ဍန် များကို အစစ် နှင့် ခွဲခြားမရ အောင်ပြုလုပ် ထား ပြီး ယင်းပစ္စည်း များ ၏ တန်ဖိုး မှာ ဘတ်သန်းပေါင်း ၁၃၀ ခန့် ရှိကြောင်း ထိုင်းအထူးစုံစမ်း ထောက်လှမ်းရေးအဖွဲ့ထံ မှသိရှိရသည်။

တရုတ်လူမျိုး ဟုတ်ကျီးကျူးနှင့် ထုံထင်းခြူးတို့သည် ကုန်ပစ္စည်းအတုများကို နာမည်ကြီး တံဆိပ်အစစ် များအနေနှင့် မှတ်ပုံတင်ခြင်း အတုပြုလုပ်ရောင်းချခဲ့ခြင်းကြောင့် ယင်းကဲ့ သို့ အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

တရုတ်လူမျိုးများသည် နေကာမျက်မှန်တံဆိပ်အတုများကို တရုတ်တန်းကဲ့သို့သော နေရာမျိုးနှင့် အခြားဈေးကွက်များတွင် ဖြန့်ဖြူးရောင်းချနေကြောင်းသတင်းရရှိခဲ့ပြီးနောက် ဝင်ရောက်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူမှ ပြောခဲ့သည်။

အဆိုပါဖမ်းမိသူနှစ်ဦးကို မူပိုင်ခွင့် ဥပဒေအရ ထိုင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ တရားစွဲဆိုထားကြောင်း ဘန်ကောက်ပို့စ် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

Ref . Bangkok Post

Leave a Reply