နာမည်ကြီး အမျိုးသမီးအဆိုရှင် လေးဦးနှင့် ကျင်းပပြုလုပ်မယ့် ”The Power Of Four ”ဂီတဖျော်ဖြေပွဲ

လာမည့် ဖေဖော်ဝါရီ (၃) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ”The Power Of Four ”ဂီ တဖျော်ဖြေပွဲတွင် လက်ရှိအချိန်ထိ အောင်မြင်မှုများရရှိနေဆဲဖြစ်သော အမျိုးသမီးတေးသံရှင် လေးဦးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းပွဲစီစဉ်သူ ကိုအီကြာကွေးက ပြောသည်။

” ဒီပွဲမှာတော့ တစ်ယောက်ကို အနည်းဆုံးတော့ ဆယ်ပုဒ်လောက်စီတော့ ဆိုဖြစ်မယ်ထင်တယ်။ ပြီးတော့ အုပ်စုလိုက်ဆိုတာလည်းပါမယ်။ သီချင်းကတော့ မတိုက်ရသေးဘူး အခုက အကြမ်းဖျင်းရွေးတာပဲရှိသေးတယ်။ အပြောင်းအလဲတော့ ရှိဦးမှာပါ။ ကိုယ်ပိုင် သီချင်းတွေကတော့ ပါကိုပါမယ်။ သျှီပရိသတ်တွေက တောင့်တနေတာဆိုရင်တော့ အရမ်းဝမ်းသာပါတယ်။ အမ ပေ့မှာတော့ ပြောကြတယ်။ ရှိုးပွဲကိုကြည့်ချင်နေကြတယ်။ ပွဲကလည်း Live လွှင့်ဖို့လည်း မရှိတော့ နယ်ကပရိသတ်တွေကိုတော့တောင်းပန်ပါတယ်။ သေချာတာတော့ ပရိသတ်မျှော်လင့်နေတဲ့သီချင်းတွေလည်း ပါမယ်။ ကိုယ့်မှာ ရှိသမျှ အစွမ်းကုန် ကြိူးစားပြီး တန်အောင်လို့ ကြိုးစားပြီးဆိုမှာပါ။ ” ဟု ယင်းပွဲတွင် ပါဝင်သီဆိုမည့် အဆိုတော်သျှီကပြောသည်။

”The Power Of Four ”ဂီ တဖျော်ဖြေပွဲတွင် နာမည်ကြီးအဆိုတော်များဖြစ်ကြသည့် ကော်နီ၊ သျှီ၊ဆုန်သင်းပါ၊ ဖြူဖြူကျော်သိန်းတို့က သီဆိုဖျော်ဖြေပေးကြမည်ဖြစ်ပြီး ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

” ဆုန်သင်းကတော့ အသစ်ထဲက သုံးပုဒ်လောက်တော့ရွေးထားတယ်။ တစ်ယောက်နဲ့တစ်ယောက် စင်ပေါ်အတက်အဆင်း အချိတ်အဆက်လေးတွေမှာလည်း ဆုန်သင်းသီချင်းကို အတူတူဆိုတာမျိုး။ ပရိသတ်သိပြီးသား ပေါက်သီချင်းတွေလိုမျိုးပေါ့နော်။ အနည်းဆုံးတော့ ဆုန်သင်းက ခုနစ်ပုဒ်လောက်တော့ ဆိုရမယ်ထင်တယ်။ ပြီးတော့ ဒီပွဲက ဆုန်သင်းရဲ့ ဒီနှစ်အတွက်နောက်ဆုံးပွဲလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ဆုန်သင်းက အခုကိုယ်ဝန်ခြောက်လထဲဝင်နေပြီး ဒီပွဲပြီးတော့နားတော့မှာ။ ပွဲစစီစဉ်တုန်းကတော့ ကိုယ်ဝန်မရှိသေးဘူးပေါ့နော်။ အခုတော့ ရှိလာပြီဒါပေမယ့်လည်း အသံနဲ့ပဲဆိုရတာဆိုပြီး ဆိုဖြစ်သွားတာပါ။ ”ဆုန်သင်းပါရ်ကပြောသည်။

Written by Hinthar Media

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်