Advertisements

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက်။

မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်မည့် နိုင်ငံခြားအာမခံကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှု(၁၀၀) ရာခိုင်နှုန်းအပြည့် လုပ်ကိုင်ခွင့်မပြုဘဲ အကျိုးတူပူးပေါင်းရေးစနစ်ဖြင့်သာ လုပ်ကိုင်ခွင့်ပေးရန် အာမခံလုပ်ငန်း ကြီးကြပ်ရေးကော်မတီ (IBRB)သို့ တင်ပြထားကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

“နိုင်ငံခြားအာမခံကုမ္ပဏီတွေကတော့ မကြာခင် ဝင်လာဖို့ရှိပါတယ်။ ဒါကတော့ IBRB နဲ့ ဝန်ကြီးဌာနက သုံးသပ် နေပါတယ်။ သုံးသပ်ပြီးတဲ့အခါကျရင် သူတို့ကို အကျိုးတူပူးပေါင်းရေးစနစ်နဲ့သွားမလား။ (၁၀၀)ရာခိုင်နှုန်းအ ပြည့်သွားမလားဆိုတာ IBRB ရဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့တင်ပြထားတာကတော့ မြန်မာ့အာမခံ လုပ်ငန်းကရော၊ ပုဂ္ဂလိကကုမ္ပဏီအားလုံးကရော၊ နိုင်ငံခြားအာမခံကုမ္ပဏီဝင်လာရင် အကျိုးတူပူးပေါင်းဆောင် ရွက်ရေးစနစ်နဲ့ စတင်ဆောင်ရွက်သင့်တယ်လို့တင်ပြထားပါတယ်။”ဟု မြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေမန် နေဂျာ ဦးခင်မောင်ဝင်းကပြောသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် ဂျပန်အာမခံကုမ္ပဏီ(၃)ခုကို ရာနှုန်းပြည့်လုပ်ကိုင်ခွင့်ပေးထားကာ ယင်းကုမ္ပဏီ များမှာ အထူးစီးပွားရေးဇုန်အတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများကိုသာ အာမခံစနစ်ရောင်းချခွင့်ရှိ ပြီး နိုင်ငံခြားအာမခံကုမ္ပ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခွင့်ရရှိပါက မြန်မာနိုင်ငံ၏အာမခံလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် နည်းပညာကူညီထောက်ပံ့မှုများရရှိမည်ဖြစ်ကြောင်း သိရသည်။

“အာမခံလုပ်ငန်းဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ Insurance Association လုပ်ဖို့ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီး ဌာနကလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့အတွက် အနာဂတ်မှာတော့ ကောင်းလာမယ်လို့ထင်တယ်။ နောက်တစ်ခုက နိုင်ငံရဲ့စီးပွားရေးနဲ့ သက်ဆိုင်တယ်။ ဘာလို့ဆို အာမခံက နိုင်ငံရဲ စီးပွားရေးတိုးတက်မှ အာမခံ တိုးတက်တာဖြစ်တယ်။ စီးပွားရေးကျရင် အာမခံကျတယ်။ ဒါ့အပြင် နိုင်ငံခြားအာမခံကုမ္ပဏီတွေနဲ့ အကျိုးတူ လုပ်ဆောင်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့အာမခံစနစ်က ဒီထက်ပိုကောင်းလာမှာပါ။”ဟု Global World Insurance ကုမ္ပဏီလီမိတက်မှ အထွေထွေမန်နေဂျာ ဦးခင်မောင်မြင့်ကပြောသည်။

မြန်မာနိုင်ငံအတွင်း အာမခံစနစ်ထားရှိသူမှာ (၁၀)ရာခိုင်နှုန်းဝန်းကျင်သာရှိနေသေးပြီး မြန်မာ့အာမခံလုပ်ငန်းအ ပြင် ပုဂ္ဂလိကအာမခံကုမ္ပဏီ(၁၂)ခုက ပြည်သူလူထုများထံသို့ အာမခံအမျိုးအစားပေါင်း(၁၃)ခုကို ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply