နိုင်ငံတကာစင်မြင့်ထက် ခေတ်စားနေတဲ့ fashion trend တွေ…

Fall/Wall18 ရဲ့ fashion trends တွေကတော့ တခြားနှစ်တွေထက် အနည်းငယ်ကွဲပြားနေတာတွေ တွေ့ရပါတယ်။ ဒါပေမယ့်လည်း မနှစ်က အစပြုခဲ့တဲ့ အငွေ့အသက်တွေအတိုင်း တောက်ပပြောင်လက်တဲ့ ဒီဇိုင်းတွေ အရောင်တွေက ပိုပြီး ပေါ်လွင်လာပါတယ်။

Fall/Winter 18 ရဲ့ trend တွေထဲမှာ အပေါက်ဆုံး trend ကတော့ Animal Print တွေပါ။ ကမ္ဘာ့ထိပ်တန်း Brand တွေကအစ ခေါင်းအစ၊ ခြေအဆုံးကို animal print အမျိုးမျိုးနဲ့ ဖန်တီးထားတာ တွေ့ရပါတယ်။ ကျားသစ်ကွက်၊ မြင်းကျားအစင်း စတာတွေက အရင်နှစ်တွေက ခေတ်စားခဲ့ပြီးသား ဖြစ်တာကြောင့် ဒီနှစ်မှာတော့ မြွေရေခွံအဆင်တွေက ပိုပြီးခေတ်စားနေတာ တွေ့ရပါတယ်။

အရောင်ထဲမှာဆိုရင်တော့ အညိုရောင် tone အမျိုးမျိုးက နေရာယူထားပါတယ်။ ဒီနှစ်ဆောင်းမှာတော့ Designer brand တွေအားလုံးမှာ မြင်ရတဲ့ အရောင်ဖြစ်နေမှာပါ။ ပါတီ dressတွေမှာ ဆိုရင် mini dress တွေကိုပဲ runway လျှောက်လမ်းထက်မှာ မြင်တွေ့ရပါတယ်။ ဒီစတိုင်လ်ကတော့ ၁၉၈၉ ဝန်းကျင်က ခေတ်စားခဲ့တဲ့ ပိုးထည်၊ ကတ္ထီပါ၊ ဘရိုကိတ်၊ ဖဲ၊ ခရစ်စတယ် စတဲ့ ပြောင်ပြောင်လက်လက်တွေပဲ ဖြစ်ပါတယ်။ Fall/Winter 18 မှာတော့ အဝတ်အစားတင်မကပဲ ဖိနပ်၊ အိတ်၊ လက်ဝတ်ရတနာနဲ့ အခြား accessories တွေမှာလည်း ပြောင်ပြောင်လက်လက်တွေကိုပဲ ယှဉ်တွဲဆင်မြန်းထားပါတယ်။

ဒါ့ကြောင့် Slouchy Boots တွေ ဝတ်ဆင်ထားတဲ့ ခြေလှမ်းတွေက runway စင်ြ့မင့်မှာ လျှောက်လှမ်းနေတာကို တွေ့ရပါတယ်။ Boots တွေမှာလည်း အတိုတွေမဟုတ်ဘဲ ခြေသလုံးတစ်ဝက်အထိ အနည်းဆုံးရှည်တဲ့ boots တွေကိုပဲ ဆင်မြန်းပေးထားပါတယ်။

နေရာတိုင်းမှာ ခရစ်စတယ်တွေနဲ့ အလှဆင်ထားတာကလည်း Fall/Winter 18 ရဲ့ ထူးခြားချက်တစ်ခုပါပဲ။ ခေါင်းပေါ်က ကလစ်အစ၊ ဖိနပ်အထိကို ပြောင်ပြောင်လက်လက် ခရစ်စတယ်တွေက နေရာယူထားပါတယ်။ အပေါ်ဝတ်အင်္ကျီတွေကို ထပ်ဝတ်တဲ့အခါ မြင်နေကျပုံစံမဟုတ်ဘဲ layer ကို အမြင်ဆန်းအောင် ခွဲထားတာ တွေ့ရပါတယ်။

အနီရောင်အကွက်တွေက တစ်ခေတ်တစ်ခါကတော့ ပန့်ခ်လူငယ်တွေကြား ခေတ်စားခဲ့ရာကနေ အခု Fall/Winter 18 မှာ ပြန်လည် ပါဝင်လာပါပြီ။ အနီကွက်ကိုမှ ဒီဇိုင်းအမျိုးမျိုး pattern အမျိုးမျိုး ပုံဖော်ထားတဲ့ designer brand တွေဟာ ဒီနှစ်ရဲ့ runway လျှောက်လမ်းထက်မှာ ထင်ပေါ်နေပါတယ်။ အရောင်တောက်တောက်တွေ ခေတ်စားနေပေမယ့် ငြိမ်တဲ့အရောင်တွေထဲမှာတော့ အပြာရောင်လေးကို တွေ့ရပါတယ်။

အပြာထဲမှာမှ Pastel blue လို အရောင်ဖျော့ဖျော့ပေါ့ပေါ့လေးက Runway လျှောက်လှမ်းပေါ်မှာ ထင်ပေါ်ခဲ့ပါတယ်။ ဆောင်းရာသီမှာ ဝတ်ဆင်တဲ့ အဆင်တန်ဆာထဲမှာဆိုရင် ပုဝါတွေကလည်း မပါမဖြစ်ပါ။ ဒီနှစ်မှာတော့ ပုဝါဒီဇိုင်းတွေက ပရင့်ရိုက်ထားတဲ့ ဒီဇိုင်းတွေဖြစ်နေတာကို တွေ့ရပါတယ်။

ဒီနှစ်ရဲ့ Theme ကိုပဲ အခြေခံပြီး အရောင်တောက်တောက်ပြောင်ပြောင်တွေကိုပဲ အသုံးပြုထားပါတယ်။ Fall/Winter 18 ရဲ့ highlight အိတ်တွေကိုပြောရမယ်ဆိုရင်တော့ small size လက်ကိုင်အိတ်တွေဟာ မော်ဒယ်လ်တွေရဲ့ လက်ထဲမှာ တွဲပါလျက်ရှိနေပါတယ်။ အရောင်တွေကလည်း တခြားအဝတ်အထည်၊ အဆင်တန်ဆာတွေနဲ့ ကွဲထွက်မသွားဘဲ တောက်ပပြောင်လက်နေတဲ့ leather နဲ့ Materials တွေကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။

ဒါတွေဟာ Fall/Winter 18 ရဲ့ runway လျှောက်လှမ်းထက်မှာ တွေ့ရှိခဲ့ရတဲ့ fashion trend တွေပါ။

ဆောင်းရာသီမှာ ခရီးသွားမယ့်သူတွေနဲ့ မင်္ဂလာအခမ်းအနားတွေ တက်ရောက်ရမယ့်သူတွေအဖို့ ဒီနှစ်ရဲ့ fashion trend တွေအတိုင်း အများကြားမှာ တောက်ပနေစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Audrey Chann
6th Dec, 2018

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.