ရန်ကုန်၊ ဒီဇင်ဘာ ၂၈
နိုင်ငံတော်လုံခြံုရေးအရဟုဆိုကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့ရှိ ခရီးသွားဒေသများကို ကန့်သတ်နယ် မြေများ အဖြစ် သတ်မှတ်လိုက်ပြီး ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနထံမှသိရသည်။
ယင်းကန့်သတ်နယ်မြေများတွင် ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးလာသည့် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် အပါအဝင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဒေသအချို့လည်းပါဝင်လျက်ရှိပြီး နိုင်ငံသားများသာမက နိုင်ငံခြားသားများကိုပါ သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်။

Source- Ministry oF Hotel And Tourism
            Source- Ministry oF Hotel And Tourism

“ဧည့်သည်ဝင်ရောက်လာလို့ ရရှိလာမယ့်ငွေကြေးပမာဏက ဘယ်လောက်များများရှိမှာလဲ ရရှိလာမယ့်ငွေကြေးပမာဏနဲ့ နိုင်ငံတော်ကနေပြီးတော့မှ ပြဿနာတစ်စုံတစ်ခုဖြစ်လာရင်ပေးဆပ်လိုက်ရမယ့် နိုင်ငံတော်ရဲ့ပုံရိပ်ပေါ့ အဲ့ဒီအပေါ်မှာအထူအပါးပေါ့ ဒါကိုအပြင်လူတစ်ယောက်အနေနဲ့စဉ်းစားလို့ရပါတယ်”ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းနှင့် ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးကပြောကြားသည်။

ထို့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့ရှိ နယ်မြေဒေသအချို့လည်း ပါဝင်သည်။

Leave a Reply