နိုင်ငံတော် အဆင့် ရှစ်လေးလုံးသမိုင်းပြတိုက် ကိုအစိုးရ က ဦးဆောင် တည်ဆောက်မည်ဟုယဉ်ကျေးမှုနှင့်
သာသနာရေးဝန်ကြီး သူရဦးအောင်ကိုကပြောကြားခဲ့ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီကဟင်္သာမီဒီယာသို့ပြောကြားသည်။

888

ယဉ်ကျေးမှုနှင့်သာသနာရေးဝန်ကြီး သူရဦးအောင်ကိုသည် ဇူလိုင်လ ၂၀ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် ၈၈ကျောင်းသားမျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းရုံးခန်းဘေး၌ ဖွင့်လှစ်ထားသည့် ရှစ်လေးလုံးသမိုင်းပြတိုက်
သို့ လာရောက်စဉ် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ယဉ်ကျေးမှုဝန်ကြီးနဲ့နေပြည်တော်မှာဆွေးနွေးပြီးသွားပြီ၊ သူကိုယ်တိုင် ယာယီပြတိုက်ကိုလာပြီးတော့ လေ့လာတယ်ပေါ့၊ ရှစ်လေးလုံးသမိုင်းပြတိုက်ကို နိုင်ငံတော် အဆင့်ဖြစ်ဖို့ ဝန်ကြီးကလုပ်ဆောင်သွားမယ်
လို့ပြောခဲ့တယ် ”ဟုဦးဂျင်မီကဆိုသည်။

လက်ရှိအချိန် ပြတိုက်များနှင့် ပတ်သက်သည့် ဥပဒေမရှိသေးသည့်အတွက် လာမည့်လွှတ်တော်တွင် ပြတိုက်
ဆိုင်ရာဥပဒေတစ်ခုတင်သွင်းပြဋ္ဌာန်းမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

ပြတိုက် ဥပဒေထွက်ပေါ်လာပါကရှစ်လေးလုံးသမိုင်းပြတိုက်(ယာယီ)ကိုမှတ်ပုံတင်ကာအစိုးရအသိမှတ်ပြု
သည့် ပြတိုက်ဖြစ်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အစိုးရအသိမှတ်ပြုတဲ့ ပြတိုက် ဖြစ်သွားပြီဆိုရင်တော့ ရှေ့ဆက်လုပ်သွားမယ်၊ နေရာအခင်းအကျင်းကအစ
ပြန်လည်ဆောက်လုပ်မှာပါ”ဟုဦးဂျင်မီကဆိုသည်။

နောက်မျိုဆက်သစ်များ၈၈အရေးတော်ပုံအကြောင်းသမိုင်းအမှန်သိစေရန်ရည်ရွယ်ချက်ဖြင့် ရှစ်လေးလုံးသမိုင်းပြတိုက်ကိုသင်္ကန်းကျွန်းမြို့နယ် ၈၈ကျောင်းသားမျိုးဆက် ပွင့်လင်းလူ့အဖွဲ့စည်းရုံးခန်းဘေး၌ သြဂုတ်လ၈ရက် တွင် ယာယီဖွင့်လှစ်ခဲ့သည်။

Leave a Reply