နိုင်ငံတော်အတိုင်ပင်ခံ မွန်ပြည်နယ် ခရီးစဉ် လူထုတွေ့ဆုံပွဲ သို့ရောက်ရှိခဲ့စဉ်

မော်လမြိုင်၊ ဧပြီ ၃

မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်ရှိ ပြည်နယ်ခန်းမတွင် ဧပြီ ၄ ရက်နေ့၌ ပြုလုပ်ကျင်းပမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် လွတ်လပ်စွာ ပါဝင်ဆွေးနွေး ခွင့်ပြုမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ဟင်္သာသို့ ပြောကြားသည်။

“အကုန်လာခဲ့လို့ ရတယ်။ အဝင်အဝရောက်ရင်တော့ လုံခြုံရေးအရ ရှာဖွေစစ်ဆေးပြီးရင်တော့ ဝင်လို့ရပါပြီး” ဟု ၎င်းက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် လွတ်လပ်စွာ လာရောက်ဆွေးနွေးနိုင်မည်ဖြစ်ပြီး လူဦးရေ ကန့်သတ်ထားခြင်းမရှိသော်လည်း နေရာအခက်အခဲအနေအထားအရ ပြည်နယ်ခန်းအတွင်း စုစုပေါင်းလူဦးရေ ၁၀၀၀ ကျော်ခန့်သာ တက်ရောက်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

တွေ့ဆုံပွဲ ခန်းမအတွင်းသို့ ဝင်ရောက်ခွင့်မရရှိသည့် ပြည်သူများအတွက် LED ဘုတ်များဖြင့် တိုက်ရိုက်ထုက်လွှင့်ပြသပေးရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က စီစဉ်ဆောင်ရွက်ထားသည်။

ယခုတွေ့ဆုံပွဲသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် နိုင်ငံတော်အတိုင်ပင်ခံနှင့် ဒေသခံပြည်သူများ စကားဝိုင်းကို ၂၀၁၈ ဇွန် ၁၄ ရက်နေ့က မော်လမြိုင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

Leave a Reply