ထားဝယ် ဖေဖော်ဝါရီ
တနင်္သာရီတိုင်းဒေသကြီးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆဋ္ဌမအကြိမ်မြောက် ခရီးစဉ်အဖြစ် မြိတ်မြို့သို့ မနက်ဖြန် ဖေဖော်ဝါရီ ၁၃ ရက်တွင် ရောက်ရှိလာမည်ဖြစ်သည်။
တိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ဖေဖေါ်ဝါရီ ၁၃ရက်မှ ၁၅ရက်အတွင်း ရှိနေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးမြင့်မောင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီ ၁၃ရက်တွင် မြိတ်မြို့သို့ရောက်ရှိမည်ဖြစ်ပြီး ၁၄ရက်နေ့ နံနက်ပိုင်းတွင် မြိတ်ကျွန်းစုရှိ ခရီးသွားလုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့သို့သ ွားရောက်ပြီးနောက် ကော့သောင်းမြို့ သို့သွားရောက်၍ ၁၅ရက်နေ့တွင် ကော့သောင်းမှတစ်ဆင့် ထားဝယ်မြို့သို့ရောက်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“၃ခုလုံး (လူထု)တွေ့ဆုံပွဲရှိတယ်”ဟု ဦးမြင့်မောင်က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ ယခု ၂၀၁၉ တွင် ချင်း၊ ကချင်၊ ရှမ်း ပြည်နယ်များသို့ ရောက်ရှိခဲ့ပြီးဖြစ်ကာ ယခု တနင်္သာရီတိုင်းဒေသကြီးခရီးစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် – NLDပါတီ အစိုးရဖွဲ့စည်းပြီးနောက် ပထမဦးဆုံး ခရီးစဉ်လည်း ဖြစ်သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ မဲဆွယ် ခရီးစဉ် ပြီးနောက်ပိုင်း ယခု တစ်ကြိမ် ရောက်ရှိလာသည်။
ယခုခရီးစဉ်ကြောင့် ဖေဖေါ်ဝါရီ ၁၄ရက်တွင် ကျင်းပရန် ကြေညာထားသော တိုင်းဒေသကြီးလွှတ်တော် ၁၁ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၁၈ရက်နေ့သို့ ရွှေ့ဆိုင်းထားသည်။
တင့်လွင်