မော်လမြိုင် ၊ ဇန်နဝါရီ ၁ ။ ။ နိုင်ငံတော် သမ္မတနင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်နိုင်ရန် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စား လှယ်များ အစုအဖွဲ့ အစည်းအဝေးကို မတ်လ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ရန်ပြောင်းလဲ သတ်မှတ်လိုက် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သိန်းက ပြောကြားသည်။

logo-copy

မတ်လ ၁ ရက်နေ့ ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ယင်းကဲ့သို့ ပြောင်းလဲသတ်မှတ် ခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယ သမ္မတလောင်းများ အဆိုပြုခြင်းအစည်းအဝေးကို ယခင်က
မတ်လ ၁၇ရက်နေ့အစား မတ်လ ၁၀ရက်နေ့ကို ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်”ဟု ဦးမန်းဝင်းခိုင်သိန်း
က ပြောကြားသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတလောင်းများ ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့နှင့်
တပ်မတော် သား ကိုယ်စားလှယ် အစုအဖွဲ့တို့က ဒုတိယ သမ္မတလောင်းတစ်ဦးစီ ကို ရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော် နာယကထံ အမည်စာရင်းတင်သွင်း ရမည်ဖြစ်သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတနှင့်ဒုတိယ သမ္မတလောင်းများ အရည်အချင်း စိစစ်ရေးအဖွဲ့
ဖွဲ့စည်းရန် သမ္မတစိစစ်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ
ဥက္ကဋ္ဌ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးစီ ရွေးချယ်ရမည်ဖြစ်
သည်။

Leave a Reply