မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၄ ။ ။ နောင်တက်လာမည့် အစိုးရသစ် အနေနှင့် နိုင်ငံပိုင်မီဒီယာများကို ဖျက်သိမ်းမည်ဆိုပါက တိုင်းရင်းသား မီဒီယာ များပါ ရေရှည်ရပ်တည်နိုင်ရေးကို ထိခိုက်နိုင်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၄ရက်နေ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြောက်ဦးဟိုတယ်တွင် ကျင်းပသော စတုထ္ထ အကြိမ် မြောက် တိုင်းရင်းသားမီဒီယာ ညီလာခံတွင် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးတင့်ဆွေက ယင်းကဲ့ သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

tint-swe“နိုင်ငံပိုင်မီဒီယာများကို အများပြည်သူဝန်ဆောင်မှု မီဒီယာပြောင်းလဲရေးဟာ လိပ်ခဲတည်းလည်း သာရှိနေ ဆဲဖြစ်ပါတယ်၊ အကယ်၍ နိုင်ငံပိုင်မီဒီ ယာများကို ပုံစံပြောင်းရပ်တည်နိုင်ခြင်းမရှိဘဲ လုံးဝဖျက်သိမ်းလိုက် မယ်ဆိုရင် စီးပွားဖြစ် မဟုတ်သော တိုင်းရင်းသားမီဒီယာ အပါအဝင် Community Media များရေရှည် တည်တံ့ ရပ်တည်နိုင်ရေးကို ထိခိိုက်လာနိုင်ပါတယ်”ဟု ဦးတင့်ဆွေကပြောသည်။

ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် နိုင်ငံပိုင်မီဒီယာများကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ်သို့ ပြောင်းလဲနိုင် ရေးနှင့် တိုင်းရင်းသား မီဒီယာအပါအဝင် Community Mediaများ ထွန်းကားစေရန် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှတ်ခြင်းဆိုင်ရာ ဥပဒေတွင် စီးပွားဖြစ် စီးပွား ဖြစ်မဟုတ်သော မီဒီယာလုပ် ငန်းလုပ်ကိုင်ခွင့်ကို ထည့်သွင်းရေးဆွဲခဲ့ကြောင်း ၎င်းကပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင် မီဒီယာများတွင် ၂၀၁၀ခုနှစ် မှ ၂၀၁၅ခုနှစ်အတွင်း တိုင်းရင်းသားဘာသာ စကားများဖြင့် ထုတ်လွှင့် သည့် အစီအစဉ်များ ရှိ နေပြီး တိုင်းရင်းသား မီဒီယာ ထွန်းကားရေး တို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်နေမှုများ ရှိကြောင်း ၎င်းကပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း တို့က တိုင်းရင်းသား မီဒီယာဖွံ့ဖြိုးတိုးတက် ရေးအတွက် ၂၀၀၉ ခုနှစ်မှစတင်ကာ တိုင်းရင်းသားရေဒီယို အစီအစဉ်များကို တိုင်းရင်းသား ဘာသာစကား(၁၇)မျိုးဖြင့်ထုတ်လွှင့် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနထံ မှသိရသည်။

Leave a Reply