Advertisements

ရန်ကုန် နိုဝင်ဘာ ၁၇

လက်ရှိအချိန်တွင် တိုင်းပြည်ကို အုပ်ချုပ်စေလိုသောသူများ အုပ်ချုပ်နေပြီဖြစ်သောကြောင့် နိုင်ငံရေးအလုပ်များတွင် ပါဝင်လုပ်ဆောင်တော့မည်မဟုတ်ကြောင်း ရုပ်ရှင်သရုပ်ဆောင်ရဲတိုက်က ပြောသည်။

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနှင့် ထောင်ဒဏ်ကျခံနေရသော သရုပ်ဆောင်ရဲတိုက်သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေးလုပ်ငန်းများ ဆောင်ရွတ်ရန်ရှိမရှိနှင့်ပက်သက်၍ သတင်းမီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

လက်ရှိ နိုင်ငံရေးအနေအထားမှာ NLD ပါတီက ဦးဆောင်နေသည့်အပြင် လူမှုရေးလုပ်ငန်းများနှင့် အနုပညာလုပ်ငန်းကို အားစိုက်လုပ်ကိုင်ချင်သည့်အတွက် ပါတီကို ဝန်းရံတော့မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။

“အဲ့လိုမျိုးလုပ်ဖို့မလိုအပ်တော့ဘူးလို့ထင်ပါတယ် အဲ့ဒီအချိန်တုန်းကလိုအပ်လို့ လုပ်ခဲ့တာပါ။ ခုတော့ လူစွမ်းကောင်းတွေအများကြီးပဲ ကျွန်တော်ထိုင်ပဲကြည့်တော့မှာ” ဟု သရုပ်ဆောင်ရဲတိုက်ကပြောသည်။

ကျောက်တံခါးမြို့နယ်တွင် ဆေးခြောက်တစ်ကျပ်သားလက်ဝယ်တွေ့ရှိမှုနှင့် ဗိုလ်တစ်ထောင်မြို့နယ် စိန်ပေါလ်ဘုရားကျောင်းပြဿနာကြောင့် သာသနာညိုးနွမ်းမှု နှစ်မှုပေါင်း ထောင်ခြောက်နှစ်ကျခံခဲ့ရသော်လည်း အယူခံရရှိခဲ့ခြင်းကြောင့် လေးနှစ်ကျော်အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

Written by ဆုမင်းကို

Photo အောင်ကျော်ထွန်း

Leave a Reply