မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ ။ ။ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲသည့် အခါတွင် မွန်လူထုအသံ ပါ၀င်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို မတ်လ ၆ရက်နေ့ နှင့် ရ ရက်နေ့တို့တွင် ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ဖွံ့ဖြိုးရေး မဏ္ဍိုင် အဖွဲ့ ညှိနှိုင်းရေးမှူး မင်းဝင်းဗိုလ်က ဟင်္သာ မီဒီယာသို့ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ၊ အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့က ပြည်ထောင်စုအဆင့် နိုင်ငံရေးမူဘောင် ရေးဆွဲတဲ့အခါကျရင် ၊ မွန်ဒေသဖွံ့ဖြိုးရေးအတွက်
ကို အောက်ခြေကပြည်သူလူထုအသံတွေကို ကျွန်တော်တို့က စုစည်းပြီး တာဝန်ရှိတဲ့သူတွေကိုတိုက်တွန်း သွားမှာပါ၊ ကျွန်တော်တို့အဖွဲ့တွေ ဖွဲ့မယ် ပြီးရင် ကိုယ်စားလှယ်တွေကနေတစ်ဆင့် ဒီအချက်အလက်တွေကို ပေးပို့သွားမှာပါ”ဟု ၎င်းကပြောသည်။

အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲရလဒ်များကို ပြည်နယ်အစိုးရ မှ ကိုင်တွယ် ဖြေရှင်းပေးနိုင်ရန်နှင့် ပြည်နယ် လွှတ ်တော်မှ ဥပဒေပြုပေးနိုင်ရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေးအပါအဝင် ကဏ္ဍ (၂၂)ခုကို ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply