Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီအားလုံး၏ ပါတီဝင် အမည်စာရင်းကို ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးထား ပေးပို့ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားထားကြောင်း မွန်အမျိုးသား ပါတီမှ အတွင်းရေးမှူး နိုင်လယီတမက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အကြောင်းကြားစာက အောက်တိုဘာ နောက်ဆုံးအပတ်က ရောက်ထားတယ်၊ အဓိကကတော့ ပါတီဝင်လူ အမည်စာရင်း ပြန်ပို့ပေးဖို့ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

Advertisements
data-language="en"

ကော်မရှင်မှ ပါတီဝင် အမည်စာရင်း ပြန်လည် တောင်းယူသည့် ကိစ္စမှာ အချိန်ကြာသည်နှင့် အမျှ လူစာရင်း အပြောင်းအလဲ ဖြစ်မှုကို ပြန်လည် ကောက်ယူသည့် သဘောသာဖြစ်နိုင်ကြောင်း နိုင်လယီတမက ပြောဆိုသည်။

မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများအားလုံး၏ ပါတီဝင် လူဦးရေစာရင်းများ ပြန်လည်တင်ပြရန် ညွှန်ကြားထားကာ သတ်မှတ်ဦးရေ မပြည့်မီသည့် ပါတီများအား စိစစ် တွေ့ရှိပါက ဥပဒေအတိုင်း အရေးယူမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက မီဒီယာများ ပြောဆိုထားသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများအရ မှတ်ပုံတင်ခွင့်ရရှိထားသော ပါတီများအနေဖြင့် ပြည်ထောင်စု အဆင့်တွင် စည်းရုံးသည့် ပါတီဖြစ်ပါက ပါတီဝင် လူဦး အနည်းဆုံး ၁၀၀၀ ရှိရမည်ဖြစ်ပြီး၊ ပြည်နယ်အဆင့် ပါတီများအနေဖြင့် ပါတီဝင် လူဦး အနည်းဆုံး ၅၀၀ ရှိရမည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံရေးပါတီများက ထုတ်ပြန်သည့် သဘောထား ကြေညာချက်များကို ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြ ရမည်ဖြစ်သည်။
သတ်မှတ်ချက်နှင့် မပြည့်မီပါက အရေးယူမည့် ကိစ္စနှင့် ပတ်သက်ပြီး နိုင်လယီတမက “စာထဲမှာတော့ သူတို့ဘာမှ မပြောထားဘူး၊ အရင်က ပါတီဝင်စာရင်းတွေက နောက်ပိုင်းမှာ အချိန်ကြာလာလို့ ပြန်ကောက်တာဖြစ်တယ်၊အရေးယူမယ့် ကိစ္စတွေကိုမပါဘူး”ဟု ၎င်းက ဆိုသည်။

နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဌာနချုပ်ပါတီများကို အမည်စာရင်း ပြန်လည် ပေးပို့ရန် ညွှန်ကြားခြင်း သာဖြစ်ပြီး၊ ယင်းကိစ္စကို ပါတီဌာနချုပ်များကသာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက်က ပြောသည်။

မွန်ပြည်နယ် အခြေစိုက်သည့် ဌာနချုပ်ပါတီများတွင် မွန်အမျိုးသား ပါတီး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသမီးပါတီ တို့ရှိသည်။
မြန်မာနိုင်ငံတွင် ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီ ၉၄ ခု ရှိသည်။

Written by – ဇော်ထိုက်

Leave a Reply