(ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသော NLDပါတီ မှ ဒေါ်တင်အိနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဟောင်းဦးကျင်ဖေတို့ လွှတ်တော်အစည်းအဝေးတွေ့ရစဉ်)

မော်လမြိုင်၊ဖေဖော်ဝါရီ၈ ။ ။ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ပြည်နယ်တွင်းနေထိုင်သော နိုင်ငံသူ၊ နိုင်ငံသားများ ၏ အသက်အိုးအိမ်စည်းစိမ်နှင့် စိတ်၏လုံခြံုမှု ကိုကာကွယ်ပေး နို်င်မည့် ဥပဒေများ ပြုရေး ဆောင်ရွက် ကြရန် တိုက်တွန်း ကြောင်း မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရသူ ဒေါ်တင်အိက ပြောကြားသည်။

ဖော်ဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ကတိသစ္စာပြု ပြီး နောက်ပြောကြားသော နှုတ်ခွန်းဆက်စကားတွင်ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

(ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသော NLDပါတီ မှ ဒေါ်တင်အိနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဟောင်းဦးကျင်ဖေတို့ လွှတ်တော်အစည်းအဝေးတွေ့ရစဉ်)
(ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ်ခန့်အပ်ခံရသော NLDပါတီ မှ ဒေါ်တင်အိနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဟောင်းဦးကျင်ဖေတို့ လွှတ်တော်အစည်းအဝေးတွေ့ရစဉ်)

“ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအကျိုးဆောင်ရွက်တဲ့ခါ နိုင်ငံသူနိုင်ငံသားတွေအသက်ရှင်သမျှ ကာလပတ်လုံး သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ် ၊စိတ်ရဲ့လုံခြံုမှုတွေကို ရှေးရှုရမှာဖြစ်တယ်။

ဥပဒေပြုတဲ့အခါမှာနိုင်ငံသူ၊ နိုင်ငံသားများအကျိုးရှေးရှုတဲ့ဥပဒေပြုဖို့လိုတယ်လို့ ကျွန်မတိုက်တွန်းချင်ပါတယ်”ဟု ဒေါ်တင်အိ ကပြာကြား သည်။

ဖေဖော်ဝါရီလ ၈ရက်နေ့တွင် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးကိုစတင်ကျင်းပခဲ့ပြီး မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မှ သံဖြူဇရပ် မဲဆန္ဒနယ်အမှတ် (၁)မှ ဒေါ်တင်အိကိုရွေးချယ် ခဲ့ပြီး ဒုတိယ ဥက္ကဋ္ဌအဖြစ် ဘီးလင်း မဲဆန္ဒနယ် အမှတ်(၂) ဦးမင်းမင်းဦးတို့ ကိုခန့်အပ်ခဲ့သည်။

Leave a Reply