နိုင်ငံတစ်ခုရဲ့ယဉ်ကျေးမှုဘယ်လောက် မြင့်မားသလဲဆိုတာကြည့်ချင်ရင် အဲဒီနိုင်ငံရဲ့တက္ကသိုလ် တွေကိုကြည့် ပါလို့ဆိုတယ်။ တက္ကသိုလ်တွေဟာ အမျိုးသားနိုင်ငံတွေထက် စောပြီးပေါ်ပေါက်ခဲ့တယ်။ အချို့ဆိုရင် နှစ်ပေါင်း ၁၅၀ဝ လောက်ရှိပြီ။ ဥရောပနဲ့အမေရိကကနာမည်ကျော်တက္ကသိုလ် များစွာ ဟာလွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀ ကျော်က ပေါ်ပေါက်ခဲ့တာဖြစ်တယ်။

university
ချူလာလောင်ကောင်းတက္ကသိုလ် ကို ထိုင်းပါလီမန်အစိုးရမပေါ်ခင် ၁၉၁၇မှာ တည်ထောင်တယ်။ အောက်စဖို့ တက္ကသိုလ်က ၁၄ ရာစုမှာစတင်ပေါ်ပေါက်တယ်။ ဟားဗတ်ကို ၁၆၃၆ ခုနှစ်မှာဖွင့်လှစ်ခဲ့တယ်။

နောင်မှာတော့ တက္ကသိုလ်တွေဟာ အစိုးရရဲ့အဆင့်မြင့်ပညာရေးဆိုတဲ့ အစီအမံအောက်မှာကြီးထွားလာတာမို့ နိုင်ငံများထူထောင်လာခြင်းနဲ့အပြိုင်ဖွံ့ဖြိုးလာတဲ့အရာတွေလို့ခေါ်ကြတယ်။

P. Scott (ed.), 1988 – မြန်မာနိုင်ငံတွင်လည်းအစိုးရ၏အခန်းကဏ္ဍ ကြီးထွားမှုနှင့်အပြိုင်လွန်ခဲ့သောနှစ် ၂၀တွင် တက္ကသိုလ်သစ်များစွာပေါ်ပေါက်လာခဲ့သည့်တိုင်အောင်အရည်အသွေးမှာမေးခွန်း ထုတ်စရာ အဖြစ် မှမလွတ်ကင်းနိုင်သေးပေ။မြန်မာနိုင်ငံရဲ့အစောဆုံးတက္ကသိုလ်ဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံ မှာအဦးဆုံးဖွဲ့တဲ့မြန်မာ အစိုးရထက်ပိုရှေးကျတယ်။

တက္ကသိုလ်ရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့်

တက္ကသိုလ်ရဲ့ ကိုယ်ပိုင်ရပ်တည်ခွင့် ( Autonomy of the University) နဲ့ ပညာရှင်များရဲ့လွတ်လပ်ခွင့် Academic Freedom ဟာမတူပါ။

ပညာရှင်များရဲ့လွတ်လပ်ခွင့်ဆိုတာ ဆရာတစ်ဦးဟာမိမိယုံကြည်ရာကို သင်ကြားခွင့်ရှိတာ၊ သုတေသန လုပ်ခွင့်ရှိတာ၊လူကြိုက်မများပေမယ့် မှန်တယ်ထင်ရင်ပညာရပ်ဆိုင်ရာဘောင်ထဲကအကြောင်းအရာကိုဖြစ်စေ၊ ပညာရပ်ဘောင်ပြင်ပကအကြောင်းအရာတွေကိုဖြစ်စေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်တာ၊ တစ်စုံတစ်ယောက် ကအပြစ်ပေးတားမြစ်မှာကို မကြောက်ရဘဲ မိမိရဲ့အသိဉာဏ်ဗဟုသုတ ကိုအခြေခံပြီး မိမိအယူအဆကို ဖော်ထုတ်အသုံးချနိုင်တာ။

တက္ကသိုလ်ရဲ့ Autonomy က ဟိုးရှေးရှေး တုန်းကတော့ဒီလိုလုပ်ပိုင်ခွင့်တွေကိုဆိုလိုတယ်။

• ဘယ်သူကသင်မှာလဲ (ခန့်အပ်မည့်ဆရာကိုရွေးချယ်ပိုင်ခွင့်)

• ဘယ်သူတွေကိုသင်မှာလဲ (ကျောင်းဝင်ခွင့်ရရန်အရည်အသွေးသတ်မှတ်ချက်ကိုဆုံးဖြတ်ခွင့်)

• ဘာကိုသင်ကြားကြမှာလဲ။ ( ဘာသာရပ်ရွေးချယ်ခွင့်)

• ဘယ်လိုလူတွေကိုဘွဲ့အပ်နှင်းမှာလဲ။

• ဘာတွေကို သုတေသန လုပ်မှာလဲ။ (အကြောင်းအရာ၊လုပ်ထုံးလုပ်နည်းကိုလွတ်လပ်စွာရွေးချယ်ခွင့်)

တက္ကသိုလ်များ ဘယ်လိုရပ်တည်သလဲ

ရေရည်အစိုးရရဲ့လွှမ်းမိုးမှုကင်းအောင်ရပ်တည်နိုင်ဖို့ကတော့ခုခေတ်မှာဒီ Autonomy လောက်နဲ့ မလုံလောက် တော့ဘူး။ ငွေရေးကြေးရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေပါရှိဖို့လိုအပ်လာတယ်။

• မြေနေရာ၊အဆောက်အဦစတာတွေကိုပိုင်ဆိုင်ခွင့်။ ( ဥပမာ-ချူလာလောင်ကောင်းတက္ကသိုလ်က အရောင်း စင်တာမြေနေရာ ကောင်းတွေ အများကြီးပိုင်တယ်။ ဒီကရတဲ့ငွေကို ပညာရေးမှာသုံးတယ်။)

• မြီစားရော၊ မြီရှင်ရောဖြစ်ခွင့်ရှိရမယ်။ ( ငွေလိုရင်ဘဏ်ကချေးမယ်။ ပိုရင်ဘဏ်မှာစုဆောင်းနိုင်မယ်။ ရင်းနှီးမြှုနှံနိုင်မယ်)

• ချမှတ်ထားတဲ့မဟာဗျူဟာကိုရောက်ဖို့လိုအပ်တဲ့ဘတ်ဂျက်ကိုလည်းဆွဲခွင့်ရှိရမယ်။ ဘတ်ဂျက်အတိုင်းလည်း
သုံးခွင့်ရှိရမယ်။

• သင်ရိုးတွေကိုလွတ်လပ်စွာဒီဇိုင်းဆွဲနိုင်ရမယ်။ပြဋ္ဌာန်းနိုင်ရမယ်။

• မော်ကွန်းထိန်း၊ ပါမောက္ခအစရှိတဲ့သင်ကြားရေးအုပ်ချုပ်ရေးပိုင်း ဆိုင်ရာ ဝန်ထမ်းများကိုရာထူးခန့်ထားခွင့်၊ ရာထူးနုတ်ယူခွင့် တက္ကသိုလ် တွေမှာ ရှိတယ်။

• ဆရာတွေရဲ့လစာပမာဏကိုတက္ကသိုလ်ကပဲဆုံးဖြတ်တယ်။ အစိုးရက မဆုံးဖြတ်ဘူး။

•နှစ်စဉ်ဘယ်ဘာသာရပ်အတွက်ကျောင်းသားဘယ်နှစ်ယောက်လက်ခံမယ်ဆိုတာကိုတက္ကသိုလ်ကပဲဆုံးဖြတ်တယ်။အစိုးရကမဆုံးဖြတ်ဘူး။

• ကျောင်းလခဘယ်လောက်ပေးရမယ်ဆိုတာကိုလည်းတက္ကသိုလ်ကပဲ ဆုံးဖြတ်တယ်။ အစိုးရကမ ဆုံးဖြတ်ဘူး။ဒါကို တက္ကသိုလ်များရဲ့ အချုပ်အခြာလို့ခေါ်တယ်။

Leave a Reply