မော်လမြိုင်၊ ဇွန် ၂၈

လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင်နိုင်ငံ၏ လိုအပ်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အောင်ပွဲခံရန် လိုအပ်နေသေးကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ကပြောကြားသည်။

လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် လုပ်ငန်းဆောင်ရွက်ချက်အားလုံးကို တာဝန် ယူမှု တာဝန်ခံ အပြည့် ရှိသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ထပ်လောင်း ပြောကြားခဲ့သည်။

ဇွန်လ ၂၆ ရက်တွင် ကျိုက်မရောမြို့ အတ္တရံခန်းမတွင် ကျင်းပသော အမျိုးသားကရေစီအဖွဲ့ဗဟိုအလုပ်ဆောင် အဖွဲ့နှင့် ကျိုက်မရောမြို့နယ်မှ ပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား တွင် ဒေါက်တာအေးဇံက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“၂၀၁၆ က စပြီးတော့ မည်သူမဆို လုပ်ထုံးလုပ်နည်း အတိုင်း စည်းမျဉ်းဥပဒေအတိုင်း မည်သူမဆို အစိုးရဌာနမှ ဝန်ထမ်းတွေအကုန် လုပ်ထုံးလုပ်နည်းအဆင့်အတိုင်း ဆောင်ရွက်ခဲ့တယ်” ဟု ၎င်း ဆိုသည်။

လုပ်ထုံးလုပ်နည်းနှင့် မဆောင်ရွက်ပါက အများပြည်သူ ပွင့်လင်းမြင်သာမှု ၊ တာဝန်ခံမှု ၊ တာဝန်ယူမှု ရှိသည့် အုပ်ချုပ်ရေး စနစ် ပျက်စီးသွားနိုင်ကြောင်းလည်း ၎င်း ကထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် NLD အစိုးရ လက်ထက်တွင် မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သော အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရားစီရင် မဏ္ဍိုင်များ အနေနနှင့် အချင်းချင်း လွမ်းမိုးရန်ကြိုးပမ်းနေခြင်း မရှိကြောင်းလည်း ဒေါက်တာအေးဇံက ထပ်လောင်းပြောကြားသည်။

ပြည်သူလူထုများအနေဖြင့် မိမိတို့ NLDပါတီကို လေးစားမှုရှိလာစေရန် ပါတီ အလုပ်မှှုဆောင်နှင့် ပါတီဝင်များအနေနှင့် မည့်သည့် အလုပ်ကိုမဆို စည်းမျဉ်းစည်းကမ်းနှင့် လုပ်ဆောင်ကြရန်လိုကြောင်း အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“အလုပ်မှုဆောင်တွေ နဲ့ ပါတီဝင်တွေက မည်သည့် အလုပ်ကိုမဆို စည်းမျဉ်းစည်းကမ်းနှင့် အညီ လုပ်ဆောင်ပြီး ပြည်သူလူထု၏ ထောက်ခံမှုကို ရယူပါ” ဟု `၎င်းကတိုက်တွန်းခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲ သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အတွင်းရေးမှူး ဦးဉာဏ်ဝင်း တက်ရောက် ရန်စီစဉ်ထားသော်လည်း ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ဦးဉာဏ်ဝင်းသည် ဇွန်လ ၂၆ရက်နေ့မနက်တွင် ချောင်းဆုံမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံပွဲကို တက်ရောက်ခဲ့သည်။

ကျိုက်မရော မြို့တွင် ကျင်းပသော NLD ပါတီဝင်များ နှင့် ဗဟို အလုပ်မှုဆောင်အဖွဲ့ တွေ့ဆုံပွဲကို အမျိုးသာဒီမို ကရေစီအဖွဲ့ချုပ် မွန်ပြည်နယ်၊ ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်လွှတ်တော်တော် ဥက္ကဋ္ဌဒေါ်တင်အိ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် နှင့်ခရိုင်အလုပ်မှုဆောင်အဖွဲ့ ဝင်များ နှင့် ကျိုက်မရောမြို့နယ်မှ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

ရန်လင်းအောင်

Leave a Reply