သရုပ်ဆောင်ရဲတိုက် နိုဝင်ဘာလအတွင်း လွတ်ရန်ရှိသည်ဟုကြား၍ ၎င်းင်းကို စင်တင်ပေးခဲ့သည့် ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးပိုင်ရှင် ဦးမျိုးဇော်ကို ဆက်သွယ်မေးမြန်းရာ ယခုလတတိယပတ်အတွင်း ပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင်ရဲတိုက်သည် ယမန်နှစ်အတွင်းက ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုဖြင့် တောင်ငူထောင်တွင် ပြစ်ဒဏ်ကျခံနေရသောသူတစ်ဦးဖြစ်ကာ
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည်လွတ်မြောက်တော့မည်ဟု လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းများပျံ့နှံ့ခဲ့သည်။

“ရဲတိုက် ထောင်ကလွတ်ဖို့ကတော့ နီးနေပါပြီ။ နိုဝင်ဘာလ တတိယပတ်လောက်မှာ ဖြစ်လိမ့်မယ်ထင်တယ်။ နောက်ဆုံး ကံမကောင်းရင်တော့ ဒီဇင်ဘာလ တတိယပတ်လောက်မှာ ဖြစ်မှာပေါ့နော်။ လောလောဆယ်မှာတော့ သူလွတ်မယ့်ရက်ကို အတိအကျ မသိရသေးပါဘူး”ဟု ဦးမျိုးဇော် ကပြောသည်။

သရုပ်ဆောင် ရဲတိုက်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၌ ၊ ဆေးခြောက် တစ်ကျပ်သားခန့် လက်ဝယ်တွေ့ရှိမှုဖြင့် ၂၀၁၄ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ထောင်ဒဏ်ခြောက်နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ သူ လွတ်ခါနီးပြီဆိုတော့ သူ့ကို အေးအေးချမ်းချမ်းလေး၊ ကျန်းကျန်းမာမာလေးနဲ့ လွတ်လာစေချင်တယ်။ လက်ရှိအချိန်မှာ သူက မလွတ်သေးတော့ စိတ်ပူနေရတာပေါ့နော်။ ဘာပဲဖြစ်ဖြစ်တစ်ခုခု ဖြစ်မှာကို စိတ်ပူနေရတယ် ” ဟုဦးမျိုးဇော်က ထပ်မံပြောပြခဲ့သည်။

လက်ရှိတွင် သရုပ်ဆောင် ရဲတိုက်မှာတောင်ငူ ထောင်တွင် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိနေပြီး၊ ကျန်းမာရေးလည်း ကောင်းမွန်ကြောင်း၊ သရုပ်ဆောင်
ရဲတိုက်နှင့် အနုပညာအလုပ်များကို ဆက်လက် လက်တွဲလုပ်ကိုင်သွားဖို့လည်း ရှိကြောင်း သိရသည်။

Written by – ခင်ပြည့်စုံဟန်
photo credit

Leave a Reply