Advertisements

ဒုတိယပိုင်း

ပြန်လည်သုံးသပ်ပြောဆိုမှုများတွင် ကွဲပြား ခြားနားမှုတချို့ ရှိကြသော်လည်း၊ တရုတ် အသိ ပညာရှင်များနှင့် အစိုးရအရာရှိများ အကြား တွင်မူ၊ နေပြည်တော်၏ နိုင်ငံရေးအကူးအပြောင်း သည် တရုတ်-မြန်မာ ဆက်ဆံရေးအပေါ် ကြီးမား သော သက်ရောက်မှု ရှိခဲ့သည်ဆိုသည့် တူညီ သောယေဘုယျအမြင် တစ်ခုရှိပါသည်။ အထူး သဖြင့် ၂၀၁၁ ခုနှစ်နောက်ပိုင်း နှစ်ဝက်အတွင်း နေပြည်တော်ရှိ ဖြစ်ပေါ်တိုးတက်မှုများက၊ ပေ ကျင်းရှိပေါ်လစီမိတ်ကာများကို သတိပေးနှိုးဆော် လိုက်သည်။ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် အမေရိ ကန်-မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် လာပြီးနောက်၊ တိုက်တိုက်ဆိုင်ဆိုင်ပင် နောက် တစ်လအကြာ၊ စက်တင်ဘာတွင် မြန်မာအစိုးရ က မြစ်ဆုံဆည် ရေအားလျှပ်စစ်စက်ရုံ တည် ဆောက်ရေးစီမံကိန်းကို ရပ်ဆိုင်းပစ်ခဲ့သည်။ အကျိုးဆက်အားဖြင့် ပေကျင်း၏ နေပြည်တော် အပေါ် အရင်းနှီးဆုံး မိတ်ဖက်များထဲမှ တစ်ဦး အဖြစ် အစဉ်အဆက် ရှုမြင်ထားချက်မှာ မှုန်ဝါး သွားခဲ့ရကာ၊ တရုတ်ပြည်၏ မြန်မာဆိုင်ရာပေါ် လစီ အခြေခံအုတ်မြစ်ကို ကိုင်လှုပ်ပစ်လိုက်လေ သည်။ မဟာဗျူဟာရှုထောင့်မှ ကြည့်လျှင်၊ မြန် မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ တရုတ်ပေါ်လစီ မိတ်ကာများအကြား၊ မြန်မာ ဆိုင်ရာ မဟာဗျူဟာအခန်းကဏ္ဍကို မြှင့်တင် တိုးချဲ့ရန်ဆိုသည့် အမြင်ပေါ်ပေါက်လာပြီး၊ ၂၀၁၁ ခုနှစ်မှစ၍ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာခဲ့သည်။ တရုတ်ပြည်၏ တရားဝင် ထုတ်ဖော်ပြောဆိုချက် များတွင် နေပြည်တော်၏ နိုင်ငံရေးအပြောင်းအ လဲသည် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကို ကြီးမားစွာ အပြောင်းအလဲဖြစ်စေမည် မဟုတ်ဟု ပြောဆိုနေကြစဉ်မှာပင်၊ တချို့သော ပေါ်လစီ မိတ်ကာများအကြား တရုတ်-မြန်မာ ညီရင်းအစ် ကိုပမာ ချစ်ကြည်ရေးမှာ သမိုင်းအချိုးအကွေ့ တစ်ခုသို့ ရောက်ရှိခဲ့ပြီဆိုသည့် တူညီသောအမြင် ရှိကြလေသည်။ အထူးသဖြင့် နေပြည်တော်က ဆက်လက် လျှောက်လှမ်းနေသော နိုင်ငံရေး ပြု ပြင်ပြောင်းလဲရေးက တရုတ်-မြန်မာ ဆက်ဆံရေး အပေါ် သက်ရောက်နိုင်ပုံ အချို့ကို အောက်ပါအ တိုင်းသုံးသပ်နိုင်သည်။

ပထမဦးဆုံးအချက်အနေဖြင့်၊ ၁၉၈၈ ခုနှစ် ကတည်းက တရုတ်ပြည်အပေါ် မကျေမနပ် ဖြစ် လာနေသောလူထု၏ခံစားချက်များမှာတစ်စုံတစ်ရာ ယုတ်လျော့သွားသည့်လက္ခဏာမရှိဘဲ ပိုမို ပြင်းထန်လာသည်။ ၂၀၁၁ ခုနှစ် နောက်ပိုင်းကာ လ မြန်မာ့မီဒီယာလောကအပေါ် ကန့်သတ်ထား မှုများ ရုပ်သိမ်းလိုက်ပြီးနောက်ပိုင်း၊ ပုဂ္ဂလိကပိုင် သတင်းမီဒီယာများက တရုတ် ဆန့်ကျင်ရေး သဘောထားများကို မျက်နှာစာ တင်လာကြ သည်။ ၎င်းတို့အထဲမှ အချို့သော စွပ်စွဲချက်များ မှာ အခြေအမြစ်မရှိကြချေ။ အဓိကအားဖြင့်၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်အစိုးရကို အားပေး ထောက်ပံ့ခဲ့သူအဖြစ် တရုတ်က ပေါင်း ဖက်ခဲ့မှုအတွက် ယခင်စစ်အာဏာရှင်စနစ်ကို မုန်းတီးခဲ့မှုများက ယခုအခါ ပေကျင်းအပေါ်သို့ ဦးတည်လာခဲ့ခြင်းဖြစ်ကြောင်းမှာ သိသာရှင်း လင်းပါသည်။ ထို့အတူ မြန်မာ့သယံဇာတ ထုတ် ယူရေးလုပ်ငန်းများတွင် တရုတ်အစိုးရပိုင်ကုမ္ပဏီ ကြီးများ၊ ထင်ထင်ရှားရှား ပါဝင်ပတ်သက်နေမှုက မြန်မာ့သယံဇာတများကို တရုတ်ကအမြတ်ထုတ် နေသည်ဟု ပြည်သူလူထုက ထင်မြင်ယူဆခံလာ ရသည်။ ထို့ပြင် ပမာဏကြီးမားသော စီမံကိန်း များတွင် တရုတ်အလုပ်သမားများကို ခန့်ထား တာဝန်ပေးခြင်းက ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးစေသည်ဟုရှုမြင်ခံရကာ တင်းမာမှုများ ပိုတိုးလာသည်။ တရုတ် ကုမ္ပဏီ များသည် ဒေသဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်း များကို လိုက်နာမှုအားနည်းကြသည့်ပြင်၊ တရုတ် ခရီးသွားများကလည်း ဒေသခံတို့၏ ဘာသာရေး နှင့်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရိုသေလေးစား မှု အားနည်းကြသည့်အတွက်လည်း အငြင်းပွား အချင်းများမှုများ ဖြစ်ပေါ်လာသည်။ အထက် ဖေါ်ပြပါ သုံးသပ်ချက်များအရ၊ လူထု၏ တရုတ် ဆန့်ကျင်ရေးသဘောထားများမှာ အချိန်တိုအ တွင်း ပျောက်ကွယ်သွားရန် မဖြစ်နိုင်သေးပေ။

ဒုတိယအချက်အားဖြင့် မြန်မာ့ နိုင်ငံရေး အကူးအပြောင်း ကာလနောက်ပိုင်း မြန်မာနိုင်ငံ တွင်းရှိ တရုတ်၏အနေအထား ဆုတ်ယုတ်လာ နေစဉ်၊ မြန်မာအစိုးရနှင့် မြန်မာ့လူ့အဖွဲ့အစည်း သည် အနောက်တိုင်းသို့ သိသိသာသာတိမ်းညွတ် သွားခြင်းဖြစ်သည်။ ဥရောပနိုင်ငံများတွင် ပညာ သင်ကြားပြီး ပြန်လာကြသော ပညာတတ်များက မြန်မာ့ခေါင်းဆောင် များအတွက် အကြံပေးများ အဖြစ် တာဝန်ထမ်းဆောင်ကြသည့်နောက်၊ အနောက်တိုင်း၏ နိုင်ငံရေးစနစ်များ၊ ဒီမိုကရက် တစ်တန်ဖိုးများနှင့် မီဒီယာများသည် မြန်မာ့လူ့ အဖွဲ့အစည်းအပေါ် သြဇာလွှမ်းမိုးလာသည်။ ဇာတ်ပေါင်းချုပ်သော် (ပေကျင်း၏အမြင်အရ) တရုတ်ပြည်နှင့် အပြန်အလှန် ကောင်းမွန်သော ဆက်ဆံရေးကို ဦးစားပေး ထိန်းသိမ်းရန်ဆိုသည့် မြန်မာအစိုးရ၏ တရားဝင်ထုတ်ဖော်ပြောကြား ချက်သည် ရေတွင် စုံးစုံးမြုပ်သွားပြီ ဖြစ်သည်။ ဥပမာ ပုံမှန်အားဖြင့် တရုတ် ရင်းနှီးမြှုပ်နှံမှုများ နှင့်ပတ်သက်၍ နေပြည်တော်၏ တရားဝင် အလေးအနက်ထား ဖော်ပြချက်များသည် ယခင် ကလိုမဟုတ်ဘဲ အေးတိအေးစက် ဖြစ်လာသည်။ တရုတ် စီးပွားရေးစီမံကိန်းများကို မြန်မာနိုင်ငံ၏ အရေးကြီးအစိတ်အပိုင်းအဖြစ် ယခင်က ဖော်ပြ ခဲ့ကြသော်လည်း ယခုအခါတွင်မူ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကုမ္ပဏီများကိုသာ ကြိုဆို ကြောင်း ဖော်ပြကြတော့သည်။

တတိယ အချက်အားဖြင့် ပြင်ပကမ္ဘာသို့ တံခါးဖွင့်လိုက်သည့် မြန်မာနိုင်ငံရှိတရုတ်စီမံကိန်း များသည် ယေဘုယျအားဖြင့် နိုင်ငံရေး လှိုင်း ဂယက် ရိုက်ခတ်မှုကိုခံရလေသည်။ တချို့သော တရုတ် ဦးဆောင် ကုမ္ပဏီများသည် ပေကျင်းနှင့် နေပြည်တော်အကြား စီးပွားရေးနှင့် ကုန်သွယ် ရေးဆောင်ရွက်ချက်များ ထိုင်းမှိုင်းလာမှုကြောင့် ကြီးကြီးမားမား ဆုံးရှုံးနစ်နာကြရသည်။ ဥပမာ အားဖြင့် ရပ်ဆိုင်းထားခြင်းခံရသော မြစ်ဆုံ လျှပ် စစ်စက်ရုံ စီမံကိန်းဟု ဆိုကြပါစို့။ ထိုစီမံကိန်းနှင့် ပတ်သက်၍ ယခင်စစ်အစိုးရခေတ်က ချုပ်ဆိုခဲ့ သော စာချုပ်ကို ပြန်လည်သုံးသပ် ညှိနှိုင်းရန် မြန်မာအရပ်ဘက်အဖွဲ့အစည်း အသီးသီးတို့က တောင်းဆိုသံများ ဆူညံလာခဲ့သည်။ တကောင်း တောင် နီကယ်သတ္တုတွင်းကဲ့သို့သော စီမံကိန်း များ၊ တရုတ်-မြန်မာ ဓါတ်ငွေ့ပိုက်လိုင်းကဲ့သို့သော စီမံကိန်းများမှာ လုပ်ငန်းစတင်လည်ပတ် နေပြီ ဖြစ်သော်လည်း၊ ဒုက္ခတွေ့လာနိုင်ပေသေးသည်။ မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေး လုပ်ငန်းများအ တွက် စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းသည့် ယခုလို ချိန်ခါသည် မကြာမီကာလအတွင်း အဆုံးသတ် သွားလိမ့်မည် မဟုတ်သည်ကား သေချာသည်။ တရုတ်ပြည်အနေဖြင့် မြန်မာပြည်၏ အကြီးဆုံုး နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံသူ ဖြစ်နေသေး လင့်ကစား၊ ၂၀၁၁ ခုနှစ်မှစ၍ ကြီးမားသော စီမံကိန်းသစ်များ ထပ်မံရင်းနှီးမြှုပ်နှံမှု မရှိတော့ သလို၊ အခြားသော တရုတ်အရင်းအနှီးဖြင့် ဆောင်ရွက်သည့် ဖွံ့ဖြိုးရေးအစီအစဉ်များလည်း အလားတူ တုံ့ဆိုင်းသွားကြလေသည်။

စတုတ္ထအချက်အားဖြင့် မြန်မာနှင့်ဆက်ဆံ လိုသည့် နိုင်ငံခြားတိုင်းပြည် များပြားလာသည့် အလျောက် ပေကျင်းအနေဖြင့် နေပြည်တော်အပေါ် သြဇာလွှမ်းမိုးရန် မဟာဗျူဟာ ပြိုင်ဆိုင်မှုတစ်ရပ် ကိုရင်ဆိုင်နေရပြီ ဖြစ်သည်။ အတိတ်ကာလများ ကကဲ့သို့ တရုတ်ပြည်အနေဖြင့် မြန်မာစစ်အုပ်စု ကိုသာ ဆက်သွယ်ဆက်ဆံခဲ့ရခြင်းမျိုး မဟုတ် တော့ဘဲ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အခြားသော အ တိုက်အခံ ပါတီငယ်ကလေးများနှင့်ပါ ယခုအခါ ဆက်ဆံရလေသည်။ အခြားတစ်ဖက်တွင် အစိုး ရမဟုတ်သော NGO များ၊ ပုဂ္ဂလိကပိုင် မီဒီယာ များ၊ ဖက်ဒရေးရှင်းများ ကုန်သွယ်ရေးသမဂ္ဂများ၊ အခြားသော လူမှုအဖွဲ့အစည်းများနှင့် တိုင်းရင်း သားလူမျိုးစု အဖွဲ့အစည်းများ စသည်တို့မှာ မြန်မာ့ နိုင်ငံရေးလောကတွင် ပြောရေးဆိုခွင့် ရှိသည့် အသံများဖြစ်လာသည်။ ယခင်က ဝိုင်း ကြဉ်ထားခဲ့ကြသည့် နိုင်ငံတစ်ခုအပေါ် ဆက်ဆံ ရေးသစ်များ စတင်ရန်အလုအယက် ဖြစ်နေကြ သည့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နှင့် ဂျပန်တို့ကဲ့သို့နိုင်ငံများနှင့်ယှဉ်ရမည့် ပြိုင်ပွဲကို တရုတ်က ရင်ဆိုင်နေရသည်။ တရုတ်က မြန်မာ ပြည်၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်နေသေး သော်လည်း၊ မြန်မာပြည်တွင်း ပေကျင်း၏ ပင် လယ်ရပ်ခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစကေးမှာ ၂၀၁၂ ခုနှစ်ကစ၍ သေးကြုံ့သွားခဲ့လေသည်။ ပြောင်းပြန်အားဖြင့် ဂျပန် အပါအဝင် အနောက် တိုင်း၏စီးပွားရေးအကူအညီပေးမှုသည် ကြီး ထွားလာသည်။ အနောက်တိုင်းနိုင်ငံများ၊ အဖွဲ့အ စည်းမျိုးစုံ ပါဝင်သည့် အင်စတီကျူးရှင်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများက မြန်မာကို ထောက်ပံ့ကူညီရန် စတင်ဆောင်ရွက် နေပြီဖြစ်သည်။ ဥပမာအားဖြင့် ကမ္ဘာ့ဘဏ်အကူ အညီဖြင့် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအ တွက် ၂ ဘီလျံဒေါ်လာ ကူညီထောက်ပံံံ့ရေး ကတိကဝတ်ပေးခြင်းမျိုး ဖြစ်သည်။

ပဉ္စမအချက်အားဖြင့်၊ ပေကျင်းနှင့် နေပြည် တော်အကြား အပြန်အလှန် ပုံမှန်ဆက်သွယ်ရေး လမ်းကြောင်းသည် မရေမရာ ဖြစ်လာသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲသို့ ဦးတည်နေ သည့်အချိန်ကာလတွင် တရုတ်-မြန်မာ ဆက်ဆံ ရေးသည် ပိုမိုခက်ခဲသည့် စိန်ခေါ်မှုများကြုံတွေ့လာနိုင်သည်ဟု မျှော်လင့်ရပေသည်။ သဘော ထားပျော့ပြောင်းမှု နည်းပါးသည့် နိုင်ငံရေးသမား အချို့သည် မြန်မာနိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ် တွင် အတိတ်နှင့်ပစ္စုပ္ပန်ကာလ တရုတ်ပြည်ပါဝင် ပတ်သက်ခဲ့သည့် အခန်းကဏ္ဍအပေါ် နိုင်ငံရေး အရ အမြတ်ထုတ်ကာ၊ သူတို့ပါတီများနှင့် သူတို့ ကိုယ်တိုင် တရုတ်နှင့်ခပ်ကင်းကင်း နေထိုင်ပြီး၊ အမျိုးသားရေးဖဲချပ်ကို ထုတ်သုံးကြလိမ့်မည်ဟု မှန်းဆရပေသည်။ ထောက်ခံမဲများ ရရှိရေးအ တွက်၊ မဲဆွယ်စည်းရုံးရေးကာလအတွင်း တရုတ် ကို ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်မှုများကို ပင်ခံရနိုင်သည်ဟု ပီကင်းအနေဖြင့် မှန်းဆထား နိုင်ပေသည်။အရပ်ဖက်အဖွဲ့အစည်းသည် သူတို့နိုင်ငံ၏ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုနှင့် အာဏာခွဲဝေမှုဖြစ်စဉ် နှင့်ပတ်သက်၍ ဦးသိန်းစိန်အစိုးရနှင့် ယေဘုယျ အားဖြင့် တူညီသည့်နားလည်ချက် ရှိပုံပေါ်သည်။ သမ္မတ၊ ဒုတိယသမ္မတလောင်းများအတွက် အ ရည်အချင်းသတ်မှတ်ချက်နှင့် သက်ဆိုင်သည့် အခြေခံဥပဒေပုဒ်မ ၅၉ နှင့် ပတ်သက်၍လည်း ကောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ် သက်သည့် ပုဒ်မ ၄၃၆ နှင့်ပတ်သက်၍လည်း ကောင်း၊ အာဏာရပါတီနှင့် အတိုက်အခံပါတီ များအကြား အပြင်းအထန် ငြင်းခုံနေကြသော် လည်း ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သော NLD သည် မြန်မာပြည်၏ နောက် အစိုးရသစ်ဖြစ်လာမည့်အခွင့်အရေး တစ်ရပ်ရှိနေ သည်။ အတိုက်အခံ NLD ပါတီအနေဖြင့် အာ ဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် အာဏာခွဲဝေယူရန် ဖြစ်နိုင်ချေ ရှိ သော်လည်း အာဏာရလာမည့် NLD က တရုတ်နှင့်ပတ်သက်၍ မည်သို့သော ပေါ်လစီများ ချမှတ်လိမ့်မည်ကိုကား မှန်းဆရုံသာ တတ်နိုင်ကြ ပါသေးသည်။

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းထားလိုက် ခြင်း၏ နောက်ကွယ်က အကြောင်းအရင်းအများ အပြားနှင့် ၎င်း၏သက်ရောက်မှုသည် ၁၉၈၈ ခုနှစ် ကတည်းက ကောင်းမွန်ခဲ့သော တရုတ်-မြန်မာ ဆက်ဆံရေးတွင် အချိုးအကွေ့တစ်ခု ဖြစ် ပေါ်စေရန် လုံလောက်သော သက်ရောက်မှု ဖြစ် လာပါသည်။ မည်သို့ဆိုစေကာမူ၊ နေပြည်တော်၏ တရုတ်အပေါ် ထားရှိသော ပေါ်လစီသည် တ ဖြည်းဖြည်းခြင်း ဖြစ်ပေါ်လာသည့် အရည်အချင်း ပြောင်းလဲမှု ဖြစ်စဉ်တစ်ရပ်ဟုမဆိုနိုင်ပေ။
အခြေခံအားဖြင့် အရပ်သား အသွင်ပြောင်း မြန်မာအစိုးရနှင့် အနောက်တိုင်း (အထူးသဖြင့် ဝါရှင်တန်)တို့အကြား ဆက်ဆံရေး နွေးထွေးလာ ခြင်းကို လေ့လာသုံးသပ်ပါက ပီကင်း၏ ကြားဝင် စေ့စပ်ပေးမှု လိုအပ်သည်ကို တွေ့မြင်နိုင်သည်။ အနောက်တိုင်းနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန် စေရန် ဦးသန်းစိန်အစိုးရက တွန်းတွန်းတိုက်တိုက် လှုပ်ဆောင်ရန် ထိုးဆွခဲ့သည့်အရာမှာ၊ သူ၏ပြု ပြင်ပြောင်းလဲရေးတရားဝင်ဖြစ်မှုနှင့် ပတ်သက်၍ နိုင်ငံတကာ အသိအမှတ်ပြုမှု ခံရစေလိုသည့် ဆန္ဒဖြစ်သည်။ သို့ဖြစ်သော်လည်း အမေရိကန်နှင့် တရုတ်အကြား တစ်ခုခု ရွေးချယ်ရမည့်ကိစ္စကို ဆန့်ကျင်လျက် ပီကင်းနှင့် ဝါရှင်တန် တစ်ခုခု၏ နယ်ရုပ်အဖြစ် ရှုမြင်ခံရမည်ကို နေပြည်တော်က မလိုလားဟုဆိုလျှင် ပိုမိုယုတ္တိတန်ပေလိမ့်မည်။
မြန်မာ၏ဟန်ချက်ထိန်း လုပ်ဆောင်မှုသည်၊ ၁၉၈၈ ခုနှစ်ကတည်းက အနောက်တိုင်းနှင့်ဆက် ဆံရေးဆိုးဝါးလာချိန်မှ လက်ရှိအချိန်တိုင်အောင် တည်ဆဲဖြစ်နေသည့် တရုတ်သြဇာ လွှမ်းမိုးမှုကို၊ ပိုမိုကောင်းမွန်စေရန် ရည်ရွယ်သည့် မြန်မာ့နိုင်ငံ ရေးအသိုင်းအဝိုင်းကြားက ထွက်လာသော ဘုံ သဘောထားရလဒ် ဖြစ်ပုံရပေသည်။

အမေရိကန်၏ ကတိကဝတ်အပေါ်မေးခွန်း

အနာဂတ်ကာလ ပီကင်းနှင့် ထိပ်တိုက်ရင် ဆိုင်မှုများတွင်နေပြည်တော်အနေဖြင့် အမြဲပါဝင် ပတ်သက် နေသင့်သလား ဆိုသည့် အမေးပုစ္ဆာ ရှိနေစဉ်မှာပင်၊ (တရုတ်နှင့်ဆက်ဆံရေး အဆင် မပြေလည်း ကိစ္စမရှိ၊ အမေရိကန်က အမြဲတမ်း ကူညီနေမည်လား ဆိုသည့်မေးခွန်း- ဘာသာပြန် သူ) မြန်မာနှင့်တရုတ်တို့အကြား ရေရှည် တင်း မာမှုများက နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ရုံမျှသာဖြစ်ကြောင်း မြန်မာအရာရှိများနှင့် အထက်လွှာက သိမြင်လာ ကြသည်။

မြန်မာအရာရှိများ ပီကင်းသို့ ပုံမှန်သွား ရောက် လည်ပတ်ခြင်းနှင့် အပြန်အလှန် ဆက်ဆံ ရေးအပေါ် အတိုက်အခံပါတီ၏ ရပ်တည်ချက် –
မြန်မာအနေဖြင့် တရုတ်နှင့်ချစ်ကြည်ရင်းနှီး သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထား နိုင်သည်ဆိုသော မျှော်လင့်ချက်- စသည်တို့ အ ပေါ်မှ ကောက်ချက်ချ သုံးသပ်နိုင်ပါသည်။ အမှန် စင်စစ်အားဖြင့် အိမ်နီးချင်းနှစ်နိုင်ငံအကြားဆက် ဆံရေးလမ်းကြောင်းများနှင့် ရင်းနှီးသော သံတ မန်ဆက်ဆံရေးမှာ တခြားသော နိုင်ငံများအ ကြားရှိ ဆက်ဆံရေးနှင့်နှိုင်းစာလျှင် ကောင်းမွန် ခိုင်မာလျက်ပင် ရှိပါသေးသည်။ နေပြည်တော် အနေဖြင့် ဝါရှင်တန်နှင့် ဆက်ဆံရေး တိုးတက်ရန် ကြိုးပမ်းနေစဉ်တွင် ပီကင်းနှင့် ဆက်ဆံရေးကို ထိခိုက်ပျက်စီးမှု မဖြစ်စေရန် သတိထားလျှောက် လှမ်းပေလိမ့်မည်။

(နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည် )

Advertisements
<

Leave a Reply