Advertisements

(ယခင်တပတ်မှအဆက်….) စတုတ္ထပိုင်း

မြန်မာနိုင်ငံအတွင်း တရုတ်တို့၏ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှတ်တမ်းများနှင့်ပတ် သက်သည့် အပြင်းထန်ဆုံးသောဝေဖန်ချက်တချို့ မှာ အရပ်ဘက်အဖွဲ့အစည်းများမှ လာခြင်းဖြစ် သည်ကို သတိပြုမိသဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆက်စပ်နေသည့် စီးပွားရေး လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ တိုးတက်ထွန်းကား ရေးကိုအထူးပြုသည့် ပေကျင်းမှ NGO တစ်ခုဖြစ် သော- ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အင်စတီကျု Global Enviro-mental Institute က၊ အမြတ်အစွန်း ရရှိရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြား ဟန်ချက်ညီဖြစ်ရေးမှာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးတွင် အရေးကြီးပုံကိုမြန်မာနိုင်ငံမှသက် ဆိုင်သူများက အာရုံစိုက်လာစေရန်အတွက် အ စည်းအဝေးများစွာနှင့် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကိုလည်း ဦးစီးဦးဆောင် ကျင်းပ ပေးခဲ့သည်။

ပညာရပ်ဆိုင်ရာ နယ်ပယ်တွင်လည်း၊ မြန်မာနှင့် တရုတ်ပညာရှင်များအကြား အပြန် အလှန် လည်ပတ်ဆွေးနွေး အမြင်ဖလှယ်ခြင်းများ တိုးမြှင့်ခဲ့ကြပြီး၊ တရုတ်နိုင်ငံတကာ လေ့လာရေး အင်စတီကျု၊ ရှန်ဟဲနိုင်ငံတကာ လေ့လာရေးအင် စတီကျု၊ ခေတ်ပြိုင် နိုင်ငံတကာဆက်ဆံရေး တရုတ် အင်စတီကျုကဲ့သို့သော ဉာဏ်ကြီးရှင် အဖွဲ့များအပြင် ပေကျင်းတက္ကသိုလ်မှနိုင်ငံတကာ ဆက်ဆံရေးဌာန၊ ယူနန်တက္ကသိုလ်မှ မြန်မာလေ့ လာရေးဌာနစသည်တို့က အဓိက ပြဿနာများ အပေါ် မြန်မာမိတ်ဖက်များနှင့် ဆွေးနွေးပွဲများ ကျင်းပရန် အခွင့်အရေးများ ရရှိခဲ့ကြသည်။

၃။ တရုတ်စီးပွားရေးလုပ်ငန်းများအတွင်း လှုမှုအဖွဲ့အစည်း ဆိုင်ရာ တာဝန်ယူမှု-တာဝန်ခံမှု စိတ်ဓာတ်မြှင့်တင်ခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရှိ၊ တရုတ်နိုင်ငံပိုင် စီး ပွားရေး လုပ်ငန်းကြီးများနှင့် လုပ်ငန်းငယ်များမှာ ဒေသဆိုင်ရာ အလုပ်သမားဥပဒေများနှင့် သ ဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကို လိုက်နာမှုမရှိခြင်း သို့မဟုတ် ဒေသဆိုင်ရာ ဓလေ့ထုံးစံများကို လေးစားမှု မရှိခြင်းတို့ကြောင့် လူထုထံတွင် တရုတ်ဆန့်ကျင်ရေး ခံစားချက်များ ပေါက်ဖွားလာခဲ့ကြသည်။ မြန်မာနိုင်ငံရှိ တရုတ် စီးပွားရေးလုပ်ငန်းများမှ အငြင်းပွားအချင်းများ မှုများသည်လည်း ပေကျင်းနှင့် နေပြည်တော်၏စီး ပွားရေးဆိုင်ရာ ဆက်ဆံရေးတွင် ထင်ထင်ရှား ရှား ထွက်ပေါ်လာလေသည်။ မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းလိုက်ပြီးသည့် နောက်ပိုင်းအခြေအနေ ကို ထိန်းသိမ်းရန် ပေကျင်းက တရုတ်ကုမ္ပဏီ များလိုက်နာရန် ညွှန်ကြားချက်များကို ထုတ်ပြန် ခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ် ဇွန်လက ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန MOFC-OM က ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်ရာ၌ လိုအပ်သည့်နိုင်ငံခြား ဘာ သာစကားသင်တန်းပေးခြင်းကဲ့သို့ သက်ဆိုင်ရာ ဥပဒေများ၊ ဘာသာရေးနှင့် လူမှုရေး ဓလေ့ထုံးစံ များကို သင်တန်းပေးရန် ဆော်သြခဲ့ခြင်းမျိုး ဖြစ် သည်။

ထို့နောက်ပိုင်းတွင် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန MOFCOM နှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့က ပူးတွဲ၍ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ထိုညွှန်ကြား ချက်မှာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများတွင် တရုတ်ကုမ္ပဏီများအနေ ဖြင့် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အပေါ် လူမှုရေးတာဝန်ယူမှု၊ တာဝန်ခံမှုကို တက် တက်ကြွကြွထုတ် ဖော်ပြသပြီး၊ တရုတ်ကုမ္ပဏီများ ၏နိုင်ငံတကာပုံရိပ်ကိုတည်ဆောက်ကာ၊ အိမ်ရှင် နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုထောက် ပံ့ကူညီရန် လမ်းညွှန်ချက်များဖြစ်လေသည်။

၎င်းတို့အနေဖြင့်၊ တရုတ်ကုမ္ပဏီများသည် သူတို့၏ လုပ်ငန်းလက်တွေ့ဆောင်ရွက်ချက်များ ကို ပြန်လည်သန့်စင်ကာ သူတို့၏ဝန်ထမ်းများ အပေါ်၊ အခြေခံသဘာဝပတ်ဝန်းကျင်နှင့် လူမှု ရေးသက်ရောက်နိုင်ခြေရှိမှုများကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းကောင်းများနှင့်အညီ၊ ဒေသခံ လူ့အသိုက်အဝန်း၏ လိုအပ်ချက်ကိုထည့်သွင်း စဉ်းစားလျက် လုပ်ကိုင်ဆောင်ရွက်ကြရန် တောင်း ဆိုခဲ့ကြသည်။ ဥပမာအားဖြင့် တရုတ်-မြန်မာရေ နံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဆောင်ရွက်နေသည့် နိုင်ငံတော်ပိုင် တရုတ်အမျိုး သား ရေနံကော်ပိုရေးရှင်း CNPC အနေဖြင့် ဒေသဆိုင်ရာ လူ့မှုအသိုက်အဝန်းအတွင်း လမ်း တံတားဆောက်လုပ်ရေးလုပ်ငန်းများ၊ ကျန်းမာ ရေးကူညီစောင့်ရှောက်မှု၊ ပညာရေးနှင့် ကပ်ဘေး သင့်သူများကို ပြန်လည်ထူထောင်ရေးကိစ္စများကို အသေးစိတ်ကျကျ ကူညီဆောင်ရွက်ခြင်းဖြင့် လက်ဦးမှုရှိရှိ စတင်လုပ်ကိုင်ခဲ့လေသည်။ လက်ပံ တောင်းကြေးနီသတ္တုတွင်းကို လုပ်ကိုင်နေသည့်၊ အခြားသော တရုတ်အစိုးရပိုင် ဝမ်ပေါင်သတ္တု တွင်း ကုမ္ပဏီလီမိတက်သည်လည်း၊ ဒေသခံ ဆန့်ကျင်သူများကို အခမဲ့ကျန်းမာရေး စောင့် ရှောက်မှုပေးခြင်း၊ စာသင်ကျောင်းများကိုဆောက် လုပ်ပေးခြင်း၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရ စေရန် မဟာဓာတ်အားလိုင်းနှင့် ဆက်သွယ်ပေး ခြင်းများ ပြုလုပ်ပေးသကဲ့သို့ အရွှေ့ပြောင်းခံ ကျေးရွာသားများကို နစ်နာကြေးပေးခြင်းများ ပြု လုပ်ခဲ့သည်။

ဖြစ်ရိုးဖြစ်စဉ် လုံးဝမဟုတ်သည့် လှုပ်ရှားမှုအဖြစ်၊ စာချုပ်တွင် လက်မှတ်ရေးထိုး ထားသည့် အစုစပ်များနှင့် ရှယ်ယာခွဲဝေမှုတွင် သူ၏ အကျိုးအမြတ်ဝေစုကို လျှော့ချနှိုင်ရန် စာ ချုပ်ကို ပြန်လည်ချုပ်ဆိုပေးခဲ့သည်။ တရုတ်ကုမ္ပ ဏီများ၏ မြန်မာမဟာဗျူဟာ ပြန်လည်ပြင်ဆင် ရေးသည် မြန်မာလူထုတစ်စိတ်တစ်ပိုင်း၏ တစ်စုံ တစ်ရာ ထောက်ခံမှုများရနေဟန်ရှိချိန်တွင်၊ ထို သို့သော လူမှုရေးအရ နှစ်လိုဖွယ်ကောင်းသည့်လုပ် ရပ်မျိုးကို တရုတ်ပြည်ပြင်ပတွင် သွားရောက် ရင်း နှီးမြှုပ်နှံသည့် ကော်ပိုရေးရှင်းများအပေါ် ပိုမိုတင်း ကြပ်သည့်လမ်းညွှန်မှုများ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများဖြင့် အတင်းအကြပ် လိုက်နာစေခြင်း ကို ပေကျင်းက ဆက်လက်လုပ်ဆောင်ရန် စွမ်း ရည်နှင့်ဆန္ဒ ရှိ-မရှိမှာကား မသေချာလှပေ။

၄။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ကြားဝင်စေ့စပ်ပေးရန်

ဗမာလူမျိုးမှ ဆင်းသက်လာသူ အများစု နှင့် အခြားမတူကွဲပြားသော တိုင်းရင်းသားလူ မျိုးစု များစွာပါဝင်သည့် လူမျိုးပေါင်းစုံနေထိုင် သော မြန်မာနိုင်ငံသည် အမျိုးသားရင်ကြားစေ့ ရေး ပြည်တွင်းစိန်ခေါ်မှုနှင့် လည်းရင်ဆိုင်နေရ လေသည်။ လူနည်းစု တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များမှ၊ တချို့သောအဖွဲ့များက ပင်လုံညီ လာခံကိုတက်ရောက်၍ မြန်မာအစိုးရနှင့် ဆွေး နွေးနေကြသည်။ တိုင်းရင်းသား အဖွဲ့အချို့နှင့် ဗ ဟိုအစိုးရအကြား လက်နက်ကိုင် ပဋိပက္ခအချို့ ဆက်လက် ဖြစ်ပွားနေစဉ်မှာပင်၊ လက်နက်ကိုင် လူနည်းစု တိုင်းရင်းသားအဖွဲ့ အများအပြားမှာ လည်း အပစ်အခတ်ရပ်စဲရေးအတွက် စေ့စပ် ဆွေးနွေးနေသလို အချို့အဖွဲ့များကလည်း နိုင်ငံ တော်နှင့် ယာယီ ငြိမ်းချမ်းရေးစာချုပ်လက်မှတ် ရေးထိုးလျက် ရှိနေသည်။

၂၀၀၉ ခုနှစ်က နေပြည်တော်က တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့် တပ် BGF ဖွဲ့စည်းပြီး ဗဟို၏ကွပ်ကဲမှုကိုလိုက် နာရန် တောင်းဆိုခဲ့ရာ၊ တင်းမာမှုများ ပြန်လည် ထွက်ပေါ်လာကာ၊ ညီညွတ်သော ဝပြည်နယ်တပ် မတော် UWSA ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊ အမျိုးသားဒီမိုကရေစီ မ ဟာမိတ်တပ်မတော် NDAA-ရှမ်းအရှေ့၊ အ ထူးဒေသ-၄ စသည့် အဓိကအဖွဲ့ကြီးများသည် အစိုးရတပ်များနှင့် ရင်ဆိုင်ရန် ပြင်ဆင်ခဲ့ကြလေ သည်။ မြန်မာနှင့် သူ၏နယ်စပ်တစ်လျှောက်တည် ငြိမ်ရေးကိုဆန္ဒရှိသည့် တရုတ်ပြည်သည် မြန်မာ နိုင်ငံ၏ ပြည်တွင်းတိုင်းရင်းသား အရေးတင်းမာ မှုများအပေါ်ဂရုတစိုက် တုံ့ပြန်ခဲ့သည်။ နေပြည် တော်က မြန်မာအမျိုးသား ဒီမိုကရက်တစ်မ ဟာမိတ် တပ်မတော် MNDAA- ရှမ်းမြောက်၊ အထူးဒေသ-၁ ကို တိုက်ခိုက်ခဲ့သည့် ကိုးကန့် ပဋိပက္ခနောက်ပိုင်း၊ စစ်ပြေးဒုက္ခသယ်ပြဿနာ နှင့် ရုတ်တရက်ဒုတ်ဒုတ်ထိ ရင်ဆိုင်လိုက်ရသော ပေကျင်းသည်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား နေပြည်တော်အပေါ် ဗျူဟာမြောက် ဖိအားအနေဖြင့် အသုံးချရမည့် ကြားခံဖြစ်သည် ဆိုသည့် လွဲမှားသည့် စိတ်ကူးယဉ်မှုမျိုးမထား တော့ချေ။ ဤသို့အားဖြင့် ပိုနေမြဲ ကျားနေမြဲ ခပ်မဆိတ်နေသည့် သူ၏ရပ်တည်ချက်မှ အမျိုး သား ရင်ကြားစေ့ရေးကို အားပေးမည်ဆိုသည့် ပေါ်လစီဘက်သို့ ရွေ့လျားလာခဲ့သည်။ ထိုပေါ်လ စီအရွေ့ကြောင့် မြန်မာအနေဖြင့်လည်း တရုတ် သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပြ ဿနာဖြေရှင်းရေးတွင် အတားအဆီး တစ်ခုမ ဟုတ်မှန်း စိတ်ချယုံကြည်လာစေသည်။

တရုတ်ပြည်က နေပြည်တော်နှင့် UWSA အကြား၊ ကြားဝင်ဖြန်ဖြေမှု အောင်မြင်ပြီးနောက်၊ နိုင်ငံတော်အစိုးရနှင့် KIA အကြား ပြန်လည်အ စေးကပ်ရန် ပန်ကြားမှုမှာ ၂၀၁၁ ခုနှစ် ဇွန်လ တွင်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသောအခါ တွင် လျစ်လျူရှုခြင်းကို ခံရလေသည်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းကာလ တပ်မတော်နှင့် ကချင် လွတ်လပ်ရေးအဖွဲ့ KIO တို့ လိုင်ဇာပတ်ဝန်းကျင် တဝိုက်တွင်၊ တိုက်ပွဲများ အရှိန်မြင့်လာသည့်အခါ တရုတ်ပြည်သည် အဆိုပါ ပစ်ခတ်တိုက်ခတ်မှု များကို ရပ်ဆိုင်းရန် စတင်ကြိုးပမ်းခဲ့ပြီး အပစ်အ ခတ်ရပ်စဲကြရန် နှစ်ဖက်စလုံးကို တောင်းဆိုခဲ့ သည်။ တရုတ်-မြန်မာနှစ်နိုင်ငံ အရပ်ဘက်-စစ် ဘက်အဆင့်မြင့်ခေါင်းဆောင်များ၏ တွေ့ဆုံဆွေး ပွဲများ ပြီးဆုံးပြီးမကြာမီ မြန်မာ့တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ရပ်စဲသွားခဲ့သည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည် ရွှေ လီမြို့တွင် မြန်မာအစိုးရနှင့် KIA အကြား တင်း မာမှုများ လျော့ကျစေကာ ဆွေးနွေးမှုများကို ရှေ့ဆက်နိုင်စေခဲ့သော တွေ့ဆုံဆွေးနွေးပွဲတစ်ခု ကို စီစဉ်ပေးခဲ့သည်။ ပေကျင်းအနေဖြင့် နောက် တစ်လတွင် ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ဝမ် ယိဖန်းကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား လှယ်အဖြစ် ခန့်အပ်နိုင်ခဲ့သည်။ တရုတ်ပြည်၏ ကြိုးပမ်းမှုများသည် စေတနာအရင်းခံကြောင့် ဖြစ်ပြီး ခက်ခက်ခဲခဲကိုင်တွယ်ခဲ့ရသော်လည်း၊ ဆွေးနွေးပွဲများတွင် အနည်းငယ်အောင်မြင်မှုရခဲ့ ခြင်းက ပေကျင်း၏ အပြုသဘောပါဝင်မှုကို အသိအမှတ်အပြုခံရပါသည်။

တရုတ်ပြည်၏ အမျိုးသား အကျိုးစီးပွား ဖြန့်ကျက်လာသည်နှင့်အမျှ၊ ပေကျင်းမှ နိုင်ငံ ခြားရေး ပေါ်လစီရေးဆွဲသူများသည် -ငြိမ်းချမ်း ရေး အကျိုးတော်ဆောင်များအဖြစ် အထူးတာ ဝန်ပေးခန့်အပ်ထားသော ယာယီ ကိုယ်စားလှယ် အဖွဲ့ဝင်များကို အခြေအနေနှင့် လိုက်လျောညီ ထွေစေလွှတ်ခြင်းဖြင့် – တရုတ် သံတမန်ဆက်ဆံ ရေး နည်းပရိယာယ်ကို ပြန်လည်ပြင်ဆင်ခဲ့ပုံရ ပေသည်။ တရုတ်ပြည်အနေဖြင့် ကာလရှည်ကြာ ဆုတ်ကိုင်ထားသော- အခြားနိုင်ငံများ၏ ပြည် တွင်းရေးကို ဝင်ရောက်မစွက်ဖက်သော ပေါ်လစီ မှ ဖယ်ခွာရန် သင့်ပြီဆိုသည့် အကြံပြုတင်ပြချက် မှာ “ လိုက်လျောညီထွေပါဝင်ပတ် သက်ခြင်း” creative involvement ဆိုသည့် အယူအ ဆပင် ဖြစ်သည်။ ထိုအယူအဆက ပေကျင်းအနေ ဖြင့် နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုတက် ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရန် အပြုသဘောဆောင် ချဉ်းကပ်မှုကို ဦးဆောင်ရှေ့ ရွက်ပြုနိုင်မည် ဖြစ်သည်။ တရုတ်လမ်းညွှန်ချက် များကို လက်ခံရန် မြန်မာအထက်လွှာများ Elites နှင့် ပြည်သူလူထုအပေါ် ဗြောင်ကျကျ သြဇာပေး လွှမ်းမိုးခြင်းထက်၊ မြန်မာနိုင်ငံမြောက် ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ်မှတစ်ဆင့် တရုတ်၏ အပြုသဘောဆောင ်ကြားဝင်စေ့စပ်မှု က တရုတ်၏ ပေါ်လစီကို ပြန်လည်ထိန်းညှိမှုသည် ပိုမိုသိမ်မွေ့ကြောင်း၊ ပြည့်စုံ မှန်ကန်ကြောင်းသက် သေပြလေသည်။

နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည်။

Written by – ရဲထွန်း(သီပေါ)

Advertisements
<

Leave a Reply