Advertisements

ရုရှားနိုင်ငံတွင် သူငယ်ချင်းနှစ်ယောက်ကြား ရယ်ရယ်မောမောငြင်းခုန်နေရာမှာ ပေါက်ကွဲဒေါသထွက်ကာ အခြားသူတစ်ဦး၏ ရင်ဘတ်ကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွားခဲ့သည်။

အခင်းမဖြစ်ပွားမီတွင် အရက်မူးနေပုံရသည့် ထိုလူနှစ်ဦး အတူထိုင်နေသည်ကို ဘူတာရုံတွင် ခရီးသည်တစ်ဦးက ဗီဒီယိုဖိုင်ရိုက်ကူးထားခဲ့ခြင်းဖြစ်သည်။

ထိုဗီဒီယိုဖိုင်ထဲတွင် အချိန်မမှန်ခြင်းအပေါ် ငြင်းခုန်မှုဖြစ်ပွားပြီးနောက် အခြားလူတစ်ဦးသည် သူ့သူငယ်ချင်းဖြစ်သူ၏ ရင်ဘတ်ကို အိမ်လုပ်ဓားဖြင့် သတ်ခဲ့သည်ကို တွေ့ရသည်။

အသတ်ခံရသည့် အမျိုးသားမှာ သူငယ်ချင်းဖြစ်သူကိုတွေ့ရန်အတွက် ရုရှားနိုင်ငံ တိုင်အူမန် အောဘ်လက် ဒေသ တိုင်အူမန်မြို့မှနေ၍ မိုင်ပေါင်း ၇၀၀ ကျော် ခရီးနှင် လာရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် မူးနေပုံရသော သူ့သူငယ်ချင်းကတော့ ကိရော့ဗ်မြို့ ရထားဘူတာရုံသို့ တစ်ရက်နောက်ကျပြီးမှ ရောက်လာသည့်အပေါ် ဒေါသထွက်နေခဲ့သည်။

ဖုန်းကင်မရာဖြင့် ရိုက်ထားသော ထိုဗီဒီယိုဖိုင်ထဲတွင် ၎င်းတို့နှစ်ဦးမှာ ပထမတွင် သာမန် စကားထိုင်ပြောနေရင်းမှ ရုတ်တရက် ယခုကဲ့သို့ သတ်ဖြတ်မှုဖြစ်ပွားခြင်းဖြစ်သည်။

အပြာရောင် အကျႌနှင့်အမျိုးသားမှာ ခေါင်းတညိမ့်ညိမ့်နှင့် တစ်စုံတစ်ခုကို ရှင်းပြနေသည်ကို တွေ့ရသည်။ အစိမ်းရောင်အကျႌဝတ်အမျိုးသားသည် တစ်ဖက်လှည့်၍ အိတ်ထဲနှိက်လိုက်ပြီးနောက် မိတ်ဆွေဖြစ်သူ၏ ရင်ဘတ်ကို အိမ်လုပ်ဓားဖြင့် နှစ်ကြိမ် ထိုးခဲ့သည်။

ပထမတစ်ချက်တွင် တစ်စုံတစ်ရာ ထိခိုက်သွားပုံမရဘဲ ဒုတိယတစ်ချက်တွင်တော့ နာကျင်စွာဖြင့် ရင်ဘတ်ကို ဖိထားသည်ကို တွေ့ရသည်။ ထို့နောက် မြေပြင်ပေါ်သို့လဲကျသွားသည်။ သူ့သူငယ်ချင်းဖြစ်သူ အစိမ်းရောင် အကျႌနှင့်လူကတော့ ထိုင်ခုံပေါ်တွင် ထိုင်ကြည့်နေသည်။

မည်သူမည်ဝါဟုတော့ မသိရသေးဘဲ အွန်းလိုင်းသုံးစွဲသူများကတော့ ၎င်းတို့နှစ်ဦးမှာ အရက်တော်တော်သောက်ထားပုံရသည်ဟု မှတ်ချက်ပေးကြသည်။

ဓားဖြင့် ထိုးသည့် အမျိုးသားကို ရုရှားရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့သော်လည်း ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။

Source: Metro

Advertisements
<

Leave a Reply