Advertisements

မော်လမြိုင်၊ ဇန်နဝါရီ 

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေပေးဝေရေးလုပ်ငန်းအတွက် လာမည့် ၂၀၁၈- ၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် သန်း ၁၇၀ ကျော် သုံးစွဲရန်လျာထားကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်၊ ရေပေးဝေရေးလုပ်ငန်းအတွက် ၈၉ ဒသမ ၅ သန်းသာ သုံးစွဲခဲ့ပြီး လာမည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရေပေဝေးရေးလုပ်ငန်း ၁၅ ခုအတွက် ၁၇၈ ဒသမ ၉ သန်းအထိ တိုးမြှင့် သုံးစွဲရန် ပြင်ဆင်လျာထားထားကြောင်း ယင်းဌာနမှ ဦးစီးအရာရှိ (နည်းပညာ )ဦးသူရလွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်က ရေးပေးရေးလုပ်ငန်းတွေ ထက်ဝက်နီးပါးလောက် စီမံကိန်းလျာထားချက်တွေကို အကောင်အထည်ဖော်သွားဖို့ ရှိနေတဲ့အတွက် မနှစ်ကထက်တော့ သုံးစွဲဖို့အတွက် ကျွန်တော်တို့က လျာထားတယ်” ဟု ၎င်းက ဆိုသည်။

ရေပေးဝေရေးလုပ်ငန်း ၁၅ ခုအနက် ကျေးရွာအုပ်စုဖြစ်သည့် ဘေးလမိုင်း၊ အာယုတောင်၊ ကျောင်းရွာ၊ ကျုံးညဲ၊ ရွာပေါင်း ၁၀ ရွာရှိ အိမ်ခြေ ၁၁၅၅ အိမ်တွင် သောက်သုံးရေ ရရှိရေးအတွက် ပိုမိုလုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးသူရလွင်က ပြောသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်၌ မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း အဝီစီတွင်းနက် ၁၄ တွင်း၊လက်တူးတွင်း တစ်တွင်း၊ စိမ့်စမ်းရေ ငါးခုနှင့် မြှင့်တင်ရေးလုပ်ငန်း ၉ခု၊ စုစုပေါင်း လုပ်ငန်း ၂၉ ခုကို ပြုလုပ်ပေးခဲ့ကြောင်း မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး (နည်းပညာ) ဦးဝင်းနိုင်က ပြောသည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးခုနှစ်မှစတင်၍ ကျေးလက်လမ်း ၊ တံတားလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး ကျေးလက်ဦးစီးဌာနက ရေပေးဝေရေးလုပ်ငန်း၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာဖ့ွံဖြိုးရေး စီမံကိန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply