Advertisements

နောင်ချို၊ အောက်တိုဘာ ၁၀ ရက်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ၂၀၁၇ ခုနှစ် ဆောင်းရာသီတွင် တရုတ်နိုင်ငံမှ တရားမဝင်ကုန် စည်များ ဝင်ရောက်နေခြင်းကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှုလျှော့နည်းလာကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

“ဒီဒေသမှာတော့ ပန်းနှမ်း၊ နေကြာ၊ ဆီမုန်လာ၊ ဆီမုန်ညင်း ဒါတွေစိုက်တာများတယ်။ အခုတော့ တရုတ်က တရားအဝင်ကုန်စည်တွေဝင်နေတာကြောင့် တဖြည်းဖြည်းပျောက်ကွယ်လာပြီ။ ဒီနှစ်တော့ စီးပွားရေးအရကို မစိုက်နိုင်တော့ဘူး။ အိမ်သုံးဖို့လောက်ဘဲ အနည်းအကျဉ်းစိုက်တယ်။”ဟု နောင်ချိုမြို့ နယ်၊ ဒိုးပင်ရွာမှ တောင်သူ စိုင်းဝင်းလတ်က ပြောသည်။

၂၀၁၆ ခုနှစ်တွင် ဒေသထွက်ပန်းနှမ်းဆယ်တင်းဝင်တစ်အိတ်လျှင်ကျပ်(၇၀၀၀၀)၊ ဆီမှုန်လာ တစ်ခွဲလျှင် ကျပ်(၃၀၀၀၀)ဝန်းကျင်၊ ဆီမှုန်ညင်းတစ်ခွဲလျှင်ကျပ်(၂၅၀၀၀)ဝန်းကျင်ဈေးရခဲ့သော်လည်း တရုတ်နိုင်ငံမှ ဈေးသက်သာသည့် ဆီများဝင်နေခြင်းကြောင့် ယခုနှစ်တွင် ဝယ်ယူသူမရှိတော့သဖြင့် ၂၀၁၆ ခုနှစ်က ဈေးနှုန်းကို မရရှိတော့ကြောင်း သိရသည်။

“၂၀၁၆ ခုနှစ်ကစပြီး တရုတ်ပြည်ကဆီတွေက သိသိသာသာအဆမတန်ဝင်လာတယ်။ တံဆိပ်မျိုးစုံ တပ်ရောင်း တယ်။ သူတို့ဆီက ဘာနဲ့လုပ်ထားသလဲမသိကြဘူး။ စားသုံးတဲ့သူတွေက ဈေးချိုတာကို ကြည့်ပြီးဝယ်ကြတယ်။ နိုင်ငံကတာဝန်ရှိသူတွေကလည်း ဒီဆီတွေနဲ့ပတ်သက်ပြီး ဘာမှမစစ်ဆေးဘူး။ ဂိတ်ကနေလွှတ်ပေးလိုက်တာ ပြည်တွင်းရောက်မှ ဖမ်းတယ်။ စစ်တယ်။ ဒီစနစ်ကိုလည်းမကြိုက်ဘူး။”ဟု မူဆယ်နှင့် မန္တလေး စားသုံးဆီ တင်သွင်းနေသူ တစ်ဦးက ပြောသည်။

တရုတ်နိုင်ငံနယ်စပ်မှ တင်သွင်းလာသော စားသုံးဆီများသည် ဈေးနှုန်းများမှာ တစ်ပိဿာဝင်ဆီတစ်ပုံးလျှင် ကျပ် (၂၀၀၀)ဝန်းကျင်ရှိပြီး ဒေသထွက်စားသုံးဆီများဖြစ်သည့် ဆီမှုန်ညင်းနှင့် ဆီမှုန်လာမှာ တစ် တစ်ပိဿ လျှင် ကျပ်(၃၅၀၀)မှ (၄၀၀၀) ဝန်းကျင်ရှိနေသဖြင့် ဈေးနှုန်းယှဉ်မရောင်းချနိုင်သဖြင့် ဆောင်းသီးနှံ စိုက်ပျိုးသူ နည်းလာကြောင်း သိရသည်။

“စိုက်ပြီးလည်းဈေးမှမရတာ။ ဒေသထွက်ဆောင်းသီးနှံတွေက အခုဆိုရင်ဈေးမရကြတော့ဘူး။ အရင်ကမန္တလေး ကုန်သည်တွေ ကားတွေနဲ့တိုက်ရိုက်လာဝယ်ကြတာ။ အခုဆိုမလာတော့ဘူး။ ပွဲရုံတွေကလည်း မဝယ်ဘူး။ ဈေးမရှိတာ့ မစိုက်တော့ဘူး။ အိမ်စားဖို့လောက်ဘဲစိုက်တော့တယ်။ ဒီကြားထဲ တရုတ်ပြည်က တရားမဝင်ဆီတွေဝင်တယ်။ အဲဒီဆီတွေက ဈေးကွက်မှာနေရာယူနေတော့ ဘယ်လိုမှမယှဉ်နိုင်ဘူး။”ဟု နောင်ချိုမြို့နယ်မှ တောင်သူ တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်တန်းများတွင် ပြောင်းရိတ်သိမ်းပြီးချိန်မှစတင်ကာ ဆောင်းသီးနှံကို စိုက်ပျိုးကြပြီး အချို့မှာ ပြောင်းခင်းများအတွင်း သီးထပ်စိုက်ပျိုးကြကာ ဆောင်းသီးနှံအများစုကို စက် တင်ဘာလ ဒုတိယအပါတ်မှစတင်၍ မုတ်သုန်အဝင်အထွက်ပေါ်မူတည်ကာ အောက်တိုဘာလ ပထမ ပါတ်နောက်ဆုံးထား စိုက်ပျိုးကြခြင်းဖြစ်သည်။

ဆောင်းသီးနှံဆိုသော်လည်း နှင်းများအဆမတန်ကျချိန် (ဒေသအခေါ်နှင်းခါးကျချိန်)ကို ရိတ်သိမ်းအမီ စိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်စွာရကြသဖြင့် နှင်းခါးဒဏ်ကို ခံနိုင်သည့် ဆီမှုန်လာနှင့် ပန်းနှမ်းကို အောက်တိုဘာလ ပြောင်းရိတ်သိမ်းပြီးချိန်တွင်စိုက်ပျိုးကြပြီး ကျန်ဆီထွက်သီးနှံများဖြစ်သည့် ဆီမှုန်ညင်း၊ နေကြာတို့ကို စက်တင်ဘာလဒုတိယပါတ်ထက်နောက်ကျဘဲ စိုက်ပျိုးကြကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply