Advertisements

ချောင်းဆုံ ဧပြီ

လက်မှုမှ စက်မှုလယ်ယာစနစ် အသွင်ကူးပြောင်းချိန် ကျွဲ၊ နွားများကို ခိုင်းစေရန် မွေးမြူသူ နည်းပါးခဲ့၍ ကျွဲနွား ရှားပါးလာခဲ့သော်လည်း ယခုမူ နွားဈေး ခိုင်မာနေ၍ စိတ်ဝင်တစား တစ်ပိုင်တစ်နိုင် မွေးမြူသူများ ချောင်းဆုံမြို့နယ်တွင် ရှိလာကြောင်း ကာယကံရှင်တို့ထံမှ သိရသည်။

“မျိုးနွား မကောင်းရင် တစ်ကောင်ကို သိန်း ၂၀ ထိပေးဝယ်ရတယ် ၊ နွားဈေးကလည်း အရည်အသွေးကောင်းရင် ကောင်းသလိုဈေး ကောင်းရတယ် ၊ နွားထီး နွားပေါက် ၁၀ လသားလောက်ပဲ ရှိသေးတယ် ၊ တစ်ကောင်ကို ၁၅ သိန်း ၊ သိန်း ၂၀ လောက်ထိပေးဝယ်ရတာလည်းရှိတယ်”ဟု တစ်ပိုင်တစ်နိုင်မွေးမြူသူ ဘိုးနက်ကျေးရွာလယ် ကွင်းမှ လယ်သမား ဦးအောင်မြင့်က ပြောသည်။

Advertisements
data-language="en"

ယမန်နှစ်က နွားချော ၊ နွားလှ နွားသိုးတစ်ကောင် ကျပ် သိန်းလေးဆယ်ကျော်ထိ ပေါက်ဈေး ရရှိခဲ့ကြောင်း၊ ယခုအခါ ယင်းအမျိုးအစား နွား ၆ ကောင် တစ်ပိုင်တစ်နိုင်မွေးမြူထားကြောင်း ဒေသခံ ဦးသားလေးက ဆိုသည်။

“ဒေသမှာ နွားစာတွေက ပေါတယ် ၊ ဒီအတိုင်းနေမဲ့အစားတခြားလုပ်ငန်းတွေကို လုပ်ရင်း ၊ ကိုင်ရင်းနဲ့တစ်ပိုင် တစ်နိုင်မွေးမြူလုပ်ကိုင်နေခြင်းလည်းဖြစ်တယ် ? နွားမွေးမြူခြင်းကလည်း တစ်ဖက်တစ်လမ်းကဝင်ငွေရတယ်”ဟု ၎င်းက ဆို၏။

ကညှော်ကျေးရွာတွင် ဒေသခံများအလုပ်အကိုင်ရရှိရန် ရည်ရွယ်လျက် မျိုးနွားမကောင်ရေ ၅၀ ကျော်ကို ၂ နှစ်တစ်ကြိမ်ပြန်လည်လွှဲပြောင်းမွေးမြူရေးစနစ်ဖြင့်ဖြန့်ဝေပေးထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်မှူး ဒေါက်တာနွဲ့ရီက ပြောသည်။

လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply