ကယ်လီဖိုးနီးယား မေ ၁

အပူကဲလာတဲ့ နွေရာသီကာလတွေအတွက် အအေးအမယ်သစ်တွေကို စျေးကွက်မှာ ထပ်မံတိုးမြှင့်ခဲ့တယ်လို့ စတားဘတ်ကုမ္ပဏီက ဧပြီလကုန်ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကော်ဖီနဲ့ ကမ္ဘာကျော်တဲ့ စတားဘတ်ဟာ ကော်ဖီအေးအပြင် အခြား သစ်သီးဖျော်ရည်တွေကိုပါ အမယ်တိုး ရောင်းချဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီလို တိုးချဲ့ဖို့အတွက် အဖျော်ကျွမ်းကျင်သူ အသစ်တွေကိုလည်း ဦးရေ ရာနဲ့ချီပြီး ခန့်အပ်ခဲ့ပါသေးတယ်။

အအေးအမယ်သစ်တွေကို ဧပြီလ ၁ရက်နေ့က စတင် စမ်းသပ်ရောင်းချခဲ့ရာမှာ မူလကရှိတဲ့ ရောင်းအားထက် ၃ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရတယ်လို့သိရပါတယ်။ ဒီတိုးတက်မှုပမာဏဟာ ယခင်ကော်ဖီရောင်းချစဉ်က ခြောက်လတာနှုန်းခန့်ရှိတယ်လို့ ကုမ္ပဏီထုတ်ပြန်ချက်မှာ နှိုင်းယှဉ်ပြထားခဲ့ပါတယ်။

‘ကျနော်တို့ရဲ့ အအေးအသစ်တွေကို မိတ်ဆက်ပေးပြီး အဖျော်ကဏ္ဍကိုလည်း တိုးချဲ့လုပ်ဆောင်ထားပါတယ်။ နွေရာသီမှာ စတားဘတ်နဲ့တူတူ ဖြတ်သန်းလိုက်ရအောင်’လို့ စီအီးအို ကိုရော့ဘရူဇာက ပြောပါတယ်။

အချို့အအေးအမယ်တွေကို ၂၀၁၇ကတည်းကရောင်းချခဲ့ပြီး စျေးကွက်တိုးတက်မှု သိပ်မသိသာခဲ့ပေမဲ့ အအေးအမယ်သစ်အများအပြားစုစည်းပြီး တစ်ပြိုင်တည်းရောင်းချလိုက်တဲ့အခါမှာ လူစိတ်ဝင်စားမှုက မထင်မှတ်နိုင်လောက်အောင် မြင့်တက်သွားခဲ့ပါတယ်။

အထူးသဖြင့် နွေရာသီအထူးအမယ်တွေဖြစ်တဲ့ ချိစ်ဆန်းဒဝှစ်၊ ပဲအမည်းဖျော်ရည်၊ အေးခဲနေတဲ့ ဒိုးနပ်နဲ့ နဂါးမောက်သီးဖျော်ရည်တို့က အရောင်းရဆုံးဖြစ်ခဲ့ပါတယ်။

Ref: CNBC

Leave a Reply