နှစ်ဆ တိုးတက်လာတဲ့ တရုတ်ပြည်ရဲ့ အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း

ပေကျင်း ဧပြီ ၁၀

တရုတ်နိုင်ငံလို လူဦးရေထူထပ်တဲ့ အာရှနိုင်ငံကြီးတစ်ခုအတွက် အစားအသောက်လုပ်ငန်းတွေ တွင်ကျယ်နေတာ မဆန်းလှပါဘူး။ အထူးသဖြင့် အစားအသောက်တွေကို အိမ်တိုင်ယာရောက် ပို့ဆောင်ပေး တဲ့ ဝန်ဆောင်မှုလုပ်ငန်းက ပိုပြီးတော့ တွင်ကျယ်လာပါတယ်။

ကိုယ်မှာယူလိုတဲ့စားသောက်ဆိုင်ကနေ အစားအသောက်တွေကို သယ်လာပေးပြီး ဝန်ဆောင်ခယူတဲ့ လုပ်ငန်းနဲ့ အဲ့ဒီစားသောက်ဆိုင်ကနေပဲ အစားအသောက်တွေကို ဝန်ထမ်းငှားပြီး ကိုယ်တိုင်ပို့ပေးတဲ့ ဝန်ဆောင်မှုဆိုပြီး နှစ်မျိုး ရှိလာပါတယ်။

အစားအသောက်မှာဖို့အတွက် ဖုန်းဆက်လို့ရပေမဲ့ အွန်လိုင်းကနေ စိတ်ကြိုက်အမယ်တွေကို မှာယူမှုနှုန်းက ပိုများပါတယ်။

တရုတ်နိုင်ငံမှာ အွန်လိုင်းအစားသောက်မှာယူတာနဲ့ ပို့ဆောင်တဲ့ဈေးကွက်ဟာ ၂၀၁၈ခုနှစ်အတွင်းမှာ တရုတ်ယွမ် ၄၄၁.၅ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၅သန်းကျော်) အထိ ရောက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်ထက်စာရင် ရောင်းအား ၁၁၂.၅ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ အစီရင်ခံစာတွေအရ သိရပါတယ်။

ဒီအစီရင်ခံစာမှာ ဖော်ပြချက်အရ နောက်၃နှစ်အတွင်းမှာ ရောင်းအားဟာ တရုတ်ယွမ် ၉၄၃ ဘီလီယံအထိ တိုးလာဖွယ်ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။

ဝန်ဆောင်မှုပေးတဲ့ အွန်လိုင်းအပလီကေးရှင်းအသုံးပြုသူအရေအတွက်ဟာလည်း ရောင်းအားအတိုင်းကိုပဲ ၂၀၁၈ခုနှစ်အတွင်း ဆက်တိုက်မြင့်ခဲ့ပြီး ၂၀၁၈ခုနှစ် ဒီဇင်ဘာမှာ ၁၀၂ဒသမ၈သန်းကျော်အထိ ရှိလာခဲ့ပါတယ်။

Bangkok Post

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.