Advertisements

နှစ်နိုင်ငံ ကိစ္စရပ်များကို ဖြေရှင်း၍ မပြီးမချင်း တောင်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယားက ပြောဆိုလိုက်သည်။

တောင်ကိုရီးယား အာဏာပိုင်များမှာ စည်းမျဉ်းလိုက်နာခြင်းမရှိဘဲ ကျိုးကြောင်း မဆီလျော်ကြောင်း ညှိနှိုင်းရေး အကြီးအကဲက ပြောသည်။

ဆက်လက် လုပ်ဆောင်နေသော အမေရိကန် တောင်ကိုရီးယား ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုရီးယား
နိုင်ငံကမကျေမနပ်ဖြစ်နေသည်။

Advertisements
data-language="en"

စီစဉ်ထားသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားအကြီးအကဲ ကင်ဂျုံအန်တို့အကြား ဆွေးနွေး
ပွဲမှာလည်း သို့လော သို့လောဖြစ်နေသည်။

တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား ကြားဝင် ညှိနှိုင်းပေးမည်ဟု ကမ်းလှမ်းထားသော်
လည်း ယခုအခါတွင် မြောက်ကိုရီးယား၏ တောင်းဆိုမှုအတိုင်း လိုက်မလုပ်သလို ဖြစ်နေသည်။

ဆွေးနွေးညှိနှိုင်းရေးမှူးအကြီးအကဲရီဆန်ဂွမ်သည် ယခင်ကမြောက်ကိုရီးယား အသုံးပြုနေကျ မကျေမနပ် စကား
များ အသုံးပြုပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာ KCNAမှ သိရသည်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှု အပေါ် မကျေနပ်သောကြောင့် တောင်ကိုရီးယားနိုင်ငံနှင့် တွေ့
ဆုံရန် စီစဉ်ထားသော ဆွေးနွေးပွဲကိုလည်း အင်္ဂါနေ့တွင် မြောက်ကိုရီးယားဘက်က ပယ်ဖျက်လိုက်သည်။

အကယ်၍ ထရမ့်အစိုးရအနေဖြင့် နျူးကလီးယား စွန့်လွှတ်ရေးကိုသာ တစ်ဖက်သတ် တောင်းဆိုနေပါက စီစဉ်ထား
သော အမေရိကန်နှင့် တွေ့ဆုံပွဲကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။

အများက မျှော်လင့်နေကြသော ထရမ့်နှင့် ကင်ဂျုံအန်တို့အကြား တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့တွင် စင်ကာပူ
နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။

Source: BBC

Leave a Reply