Advertisements

မြဝတီ၊ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်၄ ရပ်ကွက်ရှိ Gread One HoteL တွင် ဖေဖော်ဝါရီ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာကော်မတီ အလုပ်ရုံဆွေးနွေးပွဲ၌ KNU တပ်မဟာ (၇) ဗျူဟာမှူး ဗိုလ်မှူးစောဖောဒိုက မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ကျော်ကြာ ပြည်တွင်း ပဋိပက္ခများနှင့် ပြည်တွင်းစစ်များကြောင့်နိုင်ငံမတိုးတက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ JMC-s ၏ မန်နေဂျာ နန်းဒိုင်ဖော့ခလိန်း ကအဖွင့်အမှာစကား ပြောကြားခဲ့ ပြီးနောက် ဗိုလ်မှူးစောဖောဒို က “နှစ်ပေါင်း ၆၀ ကျော် ၇၀နီးပါး လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ပွားခဲ့ရတဲ့အတွက် အခြားနိုင်ငံတွေလိုတိုးတက်မှုမရှိခဲ့ဘူး။ နိုင်ငံတစ်ခုမှာ ငြိမ်းချမ်းမှု မရှိရင် တိုုးတက်မှုရှိမှာမဟုတ်ပါဘူး။ ကြိုးစားဖို့လိုအပ်ပြီး၊ ကြိုး စားခြင်းဟာ အောင်မြင်ခြင်းရဲ့ လမ်းစ ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်း ချမ်းရေး ရရှိသည်အထိ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟုအဖွင့်နှုတ်ခွန်းဆက်စကားတွင်ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ကရင်ပြည်နယ်အနေဖြင့် ယခုအချိန်တွင် ငြိမ်းချမ်းရေး၏ အသီးအပွင့်အဖြစ် အချိန်မရွေး သွားလာနိုင်ပြီး ဖြစ်သလို ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရှိနေရကြောင်းနှင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် လည်း NCA သဘောတူညီမှု စည်းကမ်းချက်အတိုင်း လိုက်နာကျင့်သုံးရန်လိုအပ်ကြောင်း JMC-s ဒုတိယဥက္ကဋ္ဌ ဦးစောဘိုးနီက ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါအချက်အလက်များနှင့် NCA ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ နိုင်ငံတော်အဆင့်နှင့် ပြည်နယ်တိုင်းအဆင့်တို့တွင် ဆောင်ရွက်ရမည့် JMC- s ၏သဘောတရားများကို ဗိုလ်မှူးကြီး မျိုးမင်းနောင်က ရှင်းပြပြောဆိုသည်။
ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ နယ်မြေကန့်သတ်ခြင်းဆိုင်ရာနှင့် အပစ်ရပ်ဒေသများအတွင်း မြေမြုပ်မိုင်း ရှင်းလင်းခြင်းနှင့် သဘာဝသယံဇာတခွဲဝေခြင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်တို့ကို JMC-s အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ရဲထွဋ်က ထပ်လောင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းဆွေးနွေးပွဲသို့စစ်ဘက်၊ အရပ်ဘက်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်သည့် KNU/ KNLA ၊ DKBA/ADSDF အပါအဝင် JMC-sအဖွဲ့ဝင် ပုဂ္ဂိုလ်များနှင့် လေ့လာသူ ဦးရေ ၅၀ ခန့်တက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီ ၁၃ ၊ ၁၄ရက် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ KNU/KNLA(pc)၊ DKBA အဖွဲ့ တို့သည် ၂၀၁၅ အောက်တိုဘာ၁၅ ရက်နေ့က NCA လက်မှတ်ရေးထိုး
ခဲ့သည်။

ခေတ်မင်း၊ မင်းခန့်

Advertisements
<

Leave a Reply